လောကမှာ လူရယ်လို့ ဖြစ်လာရင် ထွေပြားလှသော
လူတို့၏ ပုံစံအမျိုးကို တွေ့ကြုံခံစားမြင်တွေ့ရမှာ ဖြစ်တယ် . . .
ထိုလူအများထဲတွက် အပြစ်လိုက်ပြောနေတတ်တဲ့ သူတိုင်းကို လိုက်လံ ရှင်းပြနေမယ်ဆိုရင် ဖြေရှင်းလို့ကို ပြီးဆုံ့းနိုင်မယ် မထင်မိဘူး ဒါကြောင့်တစ်ခါတလေမှာ ဥပေက္ခပေးသင့်ရင် ပေးလိုက်ရတယ် . . .
တွေ့သမျှပြဿ နာတိုင်းကို လိုက်လံဖြေရှင်းနေရင်
ကိုယ်သွားမယ့်လမ်း နှောင်နှေးတယ်မှာဖြစ်တဲ့အတွက်
အချိန်ကုန်ခံမနေနဲ့ ကိုယ်သွားစရာရှိတာကို သွားပါ
ဒါမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်းကိုရောက်မှာလေ . . .
လူရယ်လို ဖြစ်လာရင် မျှမျှတတတွေးတတ်ဖို့လိုတယ်
သူများမျက်ချေးပဲ မြင်ပြီး ကိုယ်မျက်ချေးမမြင်တဲ့သူဟာ
ဘာလဲဆိုတာ ကိုယ်ဘာသာ သိဖို့ကောင်းတယ် . . .
သူဘာဖြစ်နေတယ် ဆိုတာထက် ကိုယ် ဘာလုပ်နိုင်တယ် ဆိုတာက ပိုအရေးကြီးတယ် . . .
လူရယ်လို့ဖြစ်လာရင် ကိုယ်လုပ်ရပ် တစ်ခုတိုင်း တစ်ခုတိုင်းဟာ အဖိုးတန်နေဖို့လိုတယ် ဒါအပြင်
တစ်နေထက်တစ်နေ့ ပိုပြီးတော့ အဖိုးတန်ဖိုလည်းလိုတယ်
ကိုယ်လုပ်ရပ်က ဘယ်သူကိုမှ အကျိုးမပြုရင်နေပါစေ မထိခိုက်ဖို့လည်းလိုတယ် . . .
ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အပြစ်တင်.ကဲရဲ့.ဝေဖန်သံတွေကို
ကြောက်ပြီး ဘာမှမလုပ်ပဲနေရင် ဘာမှဖြစ်လာမှာ
မဟုတ်ဘူး . ပတ်ဝန်းကျင်ဆိုတာ ကဲရဲ့{၇}ရက်
ချီးမွန်း{၇} ရက်ထက်မပိုဘူး . . .
တကယ်တမ်းပြောရမယ်ဆိုရင် ပတ်ဝန်းကျင်ဆိုတာ
ဂရုစိုက်ဖို့မလိုဘူး အလေးထားဖို့လိုတာ . . .
လူထဲက လူတိုင်းကို လူလိုပြောလို့ မရဘူး
လူလူချင်းတူပေမယ် စိတ်ဓာတ်ကွဲပြားနေသရွေ့ တန်ဖိုးကကွာမှာပဲ . . .
ဝေဖန်တယ်ဆိုတာ အန္တာရယ်အရမ်းများတဲ့
လုပ်ရပ်ဖြစ်သလို လူတွေလွယ်ကူစွာ
ပြောဆိုလေ့ရှိသော စကားစုတစ်ခုဖြစ်တယ် . . .
ကိုယ်ပြောလိုက်တဲ့ အဓိပ္ပါယ် တစ်ဖက်လူနားလည်လိုက်တဲ့
အဓိပ္ပါယ် တစ်ထပ်တည်း ကျနေဖို့လိုတယ် အဲလိုမဟုတ်ရင်တော့ ကိုယ်ပြောတဲ့ လိုရင်းကိုမရောက်ပဲ
သူလိုရာတွေးတာမျိုး ဖြစ်တတ်တဲ့အတွက်
ရေရေရာရာမသိပဲ ဝေဖန်တာမျိုး မလုပ်သင့်ဘူး . . .
ပုတ်ခတ်တယ်ဆိုတာ လူညံ့တွေလုပ်တာ
ဒါကို ဂရုစိုက်မနေနဲ့ ကိုယ်ပြောတဲ့ အလုပ်
ကိုယ်လုပ်တဲ့ အရာ မှန်နေရင် ဘယ်သူမှ ဂရုစိုက်နေစရာမလိုဘူး.. . .
ကိုယ်ပြောတာ မှန်နေတယ်ဆိုပေမယ့်လည်း
ဘယ်သူ ဘယ်သူအတွက်မှ အကျိုးမရှိဘူးဆိုရင်
လုံးဝမပြောသင့်ဘူး . . .
လူတိုင်းအောင်မြင်မူကို လိုလားကြတယ် အဲအတွက်
ကြိုးစားကြတယ် ကိုယ်ဘဝမှာ ကိုယ်လိုချင်တဲ့
အောင်မြင်မူကို ရအောင်လုပ်ကြတယ်
ထိုသို့ ကြိုးပမ်းရာမှာ အမှားဆိုတာကတော့ အနည်းအများတော့ရှိတာပေါ့ သို့သော်
ကိုယ်အောင်မြင်မူအတွက် သူတစ်ပါးကို ငြမ်းတစ်ခုလို သဘောထားပြီး အသုံးလို့ ရခဲ့တဲ့ အောင်မြင်မူနဲ့ ကိုယ်ဒူးကိုချွန်ပြီး ကြိုးစားလို့ ရခဲတဲ့ အောင်မြင်မူ {၂}ခုမှာ အောင်မြင်မူချင်းတူရင်တောင်
တန်ဖိုးကတော့ အများကြီးကွာတယ် . . .
စစ်မှန်တဲ့ အောင်မြင်မူဆိုတာ အမှားအကင်းဆုံး လုပ်နိုင်တဲ့ လုပ်ရပ်ကို ခေါ်ဆိုတာဖြစ်တယ် . . .
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ . . .
အောင်မြင်မူဆိုတာ သင်ရဲ့လက်တစ်ကမ်းမှာပါ . . .
အမှားပါလျှင် ခွင့်လွတ်ပါ. . . မိတ်ဆွေတို့
ကျန်းမာချမ်းသာကြပါစေ . . .
#နေသွေးသစ်{ကြို့ပင်}
Good. It is a real situation. Nice post.
thanks