မိမိကိုယ်ကိုင်စောင့်လျှောက်ပါ

in #steemit7 years ago

မိဘက မစောင့်ရှောက်လို့လည်း
ဝမ်းမနည်းပါနဲ့……။

ဆွေမျိုးညာတကာက မစောင့်ရှောက်လို့လည်း
အားမငယ်ပါနဲ့……။

သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းက
မစောင့်ရှောက်လို့လည်း မကြေကွဲပါနဲ့……။

စောင့်ရှောက်မယ့်သူ မရှိလို့
ကိုယ့်ဘဝကြီးက မလုံခြုံဘူးလို့လည်း
မတွေးလိုက်ပါနဲ့……။

စောင့်ရှောက်တဲ့သူတွေ အများကြီးကြားကနေ
ပျက်စီးသွားတဲ့ဘဝတွေ ရှိတတ်သလို……

စောင့်ရှောက်မယ့်သူမရှိဘဲ
တင့်တယ်လာတဲ့ဘဝတွေလည်း
ရှိတတ်တာကို သတိရပါ။

တကယ်တော့ ကိုယ့်ဘဝကို
ကိုယ်ကပဲ စောင့်ရှောက်ရတာပါ။

ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည်သာ
အလုံခြုံ ဆုံးပါ။ image

Sort:  


Excellent article. I subscribed to your blog. I will follow your news.

Good luck to you!Hi @marmarkhaing92 I will be grateful if you subscribe to my blog @user2627