Boast

in #steemit7 years ago

ဘယ်သူကဖြင့် ဘယ်လို
အထာနဲ့ ပြောသွားတယ် . .

ဘယ်သူကဖြင့် ဘယ်လို
သဘောနဲ့ ကြည့်သွားတယ် . .

ဘယ်သူကဖြင့် ဘယ်လိုမျိုး
ဆက်ဆံတယ် ဆိုပြီး
ကိုယ့်အထင်နဲ့အထအနကောက်
ခံစားနေသရွေ့တော့ ကိုယ်ဟာ
ဘာလုပ်လုပ် ဘယ်မှာနေနေ
ဘယ်ရောက်ရောက်
အဆင်ပြေတဲ့ ဘဝ ရမှာ
မဟုတ်ပါဘူး . .

ကိုယ်ဟာ သူမဟုတ် သလို
သူဟာ ကိုယ် မဟုတ်တဲ့
အတွက်ကြောင့် . .
သူအတွေးထဲ ကိုယ်ရင်ထဲ
ဘာရှိနေလဲ ဘာဖြစ်နေလဲ
ဆိုတဲ့ အဖြေမှန်ကို
အပြန်အလှန် မသိနိုင်ပါဘူး . .

ဒါကြောင့် သူ့ပါးစပ်က
ဖွင့်ပြောတာ မဟုတ်ပဲ
ကိုယ့်အထင်နဲ့ သူတပါးကို
အထင်မလွဲပါနဲ့
စိတ် မဆိုးပါနဲ့
စိတ် မကောက်ပါနဲ့
အထင်နဲ့ ဘာသာမပြန်ပါနဲ့

အထင်ဟာ အထင်သက်သက်မို့
အဖြေမှန်ထက် လွဲဖို့ ရာခိုင်နှုန်း
ပိုများပါတယ် . .

တချို့ရှိတယ်

အိမ်ကောင်းကောင်းမှာ ဓာတ်ပုံအမြဲရိုက်တယ်
ဒါပေမယ့် သူများအိမ်မှာ

ဈေးကြီးပေ့ဆိုတဲ့ကားတွေထဲထိုင်ပြီး Facebook မှာပုံတင်တယ်
အဲ့ဒါ သူများကား

တစ်ခါစားရင် ပိုက်ဆံ သိန်းဂဏန်းရှင်းရတဲ့ Hotel/Restaurant တွေမှာ
Check In ခဏခဏ ၀င်ဝင်ပြတယ်
တကယ်က သူများကျွေးတာကို ဂုန်းဆင်းတာ

သိက္ခာဆိုတာကကလေ ???
အရှက်တရားကို သိတဲ့စိတ်ပဲ !!!

@minminthet

Sort:  

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.73% upvote!
I was summoned by @chitchit. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?