ရှအ်​ဗာန်​လမြတ်​နှင့်ရှ​ဗေဗရာအသ်​၏ထူးမြတ်​မှု့များအ​ကြောင်း

in #steemit7 years ago

image

ရှအ်​ဗာန်​လမြတ်​နှင့် ရှ​ဗေဗရာအသ်​၏

ထူးမြတ်​မှု့များ အ​ကြောင်း {၁၁}
~~~~~~~~~~~~~~~~~

       ဆွလာသွတ်​သ်​သတ်​စ်​ဗီဟ်​ နမာဇ်
       •••••••••••••••••••••••••••••••••••
ဖတ်​နည်း
••••••••••

၎။      ဆွလာသွတ်​သ်​သတ်​စ်​ဗီဟ်​ ၄ -ရကအသ်​ဖတ်​ရာ၏။ တစ်​ခါ​သော်​ နဗီတမန်​​တော်​မြတ်​ကြီးသည်​ မိမိ၏ဘ​ထွေး​တော်​ အဗ္ဗာစ်​သခင်​အား မိန့်​ကြား​တော်​မူခဲ့သည်​မှာ အို..အဗ္ဗာစ်​ အို..ကျွန်ုပ်​၏ဘ​ထွေး၊ ကျွန်ုပ်​သည်​ အသင့်​အား လက်​​ဆောင်​တစ်​ခု ​ပေးရမည်​​လော..ဝတ္ထုပစ္စည်းတစ်​ခုကို ညွှန်​ပြရမည်​​လော။ ဝတ္ထုပစ္စည်း ဆယ်​ခုကိုပိုင်​ဆိုင်​​စေရမည်​​လော။ အသင်​သည်​ ယင်းကိစ္စကို ​ဆောင်​ရွက်​​သောအခါ အလ္လာဟ်​အရှင်​မြတ်​သည်​ အသင်​၏ အလုံးစုံ​သော အတိတ်​မှအပြစ်​တို့ကိုလည်း​ကောင်း၊ အနာဂတ်​၏ ပြစ်​မှု့တို့ကိုလည်း​ကောင်း၊ ပြစ်​မှု့သစ်​များနှင့်​ ပြစ်​မှု့​ဟောင်းတို့ကို လည်း​ကောင်း၊ မှားယွင်း၍ ကျူးလွန်​ခဲ့​သောပြစ်​မှု့များ၊ သိလျှက်​နှင့်​ ကျူးလွန်​ခဲ့​သော ပြစ်​မှု့များကိုလည်း​ကောင်း၊ ​သေးငယ်​ ကြီး​လေ​သော ပြစ်​မှု့များကိုလည်း​ကောင်း၊ လျှို့ဝှက်​ပွင့်​လင်းစွာ ကျူးလွန်​ခဲ့​သော ပြစ်​မှုများကိုလည်း​ကောင်း၊ ခပ်​သိမ်း​သောပြစ်​မှု့တို့ကို ခွင့်​လွှတ်​​တော်​မူမည်​။
    ယင်းအလုပ်​ကိစ္စမှာ နဖိလ်​​လေးရကအသ်​ (ဆွလာသွလ်​သ်​သတ်​စ်​ဗီးဟ်​ကို)ရည်​စူး၍ ဖတ်​ခြင်းပင်​ဖြစ်​၏။ ရကအသ်​တိုင်းတွင်​ အလ်​ဟမ်​ဒုနှင့်​ စူရဟ်​ကိုဖတ်​ပြီးလျှင်​ ရုကူအ်​မပြုမီ [စွဗ္ဗဟာနလ္လာဟိ၊ ဝလ်​ဟမ်​ဒုလစ်​လ္လာဟိ၊ ဝလားအိလာဟ၊ အစ်​လ္လလ္လဟု၊ ဝလ္လာဟု အပ်​က်​ဗရ်​] ၁၅- ကြိ​မ်​ ဖတ်​ရမည်​။ တဖန်​ ရုကူအ်​တွင်​ "စွဗ္ဗဟာနရဗ္ဗိယလ်​အဇွီးမ်​" ဆိုပြီး​နောက်​ ၁၀ - ကြိမ်​ ရူကူအ်​မှ ပြန်​ရပ်​​သောအခါ ၁၀ - ကြိမ်​ စဂ်ျ​ဒဟ်​၌ "စွဗ္ဗဟာနရဗ္ဗိယလ်​အအ်​လာ" ဆိုပြီးလျှင်​ ၁၀ -ကြိမ်​ စဂ်ျ​ဒဟ်​မှထ၍ ထိုင်​​သောအခါ ၁၀ -ကြိမ်​ ဒုတိယစဂ်ျ​ဒဟ်​တွင်​ ၁၀ -ကြိမ်​ ၊ ဒုတိယစဂ်ျ​ဒဟ်​မှ ထ​သောအခါ (ဒုတိယရကအသ်​ဖတ်​ရန်​)မရပ်​မီထိုင်​၍ ၁၀ -ကြိမ်​ဖတ်​ရမည်​။ ဤသည်​ စုစု​ပေါင်း ၇၅ -ကြိမ်​ဖြစ်​၏။
     ဤနည်းအတိုင်းပင်​ ရကအသ်​တိုင်းတွင်​ ၇၅ -ကြိမ်​ ဖတ်​ရမည်​။ တတ်​နိုင်​လျှင်​ ယင်းနမာဇ်​ကို ​နေ့စဉ်​တစ်​ကြိမ်​ဖတ်​​လော့။ သို့မဟုတ်​ ​သောကြာ​နေ့တစ်​ပတ်​လျှင်​ တစ်​ကြိမ်​ဖတ်​​လော့။ မတတ်​နိုင်​လျှင်​ လစဉ်​တစ်​ကြိမ်​၊ မတတ်​နိုင်​လျှင်​ နှစ်​စဉ်​တစ်​ကြိမ်​ ၊ ဤသည်​ကိုပင်​ မတတ်​နိုင်​လျှင်​ မိမိ၏ သက်​တမ်း၌ တစ်​ကြိမ်​ဖတ်​ဖြစ်​​အောင်​ ဖတ်​​လော့ဟု မိန့်​ကြား​တော်​မူခဲ့၏။ ဒုတိယနှင့်​.စတုတ္ထရကအသ်​တို့၌  ထိုင်​​သောအခါ အထက်​ပါ ဒိုအာကို (၁၀)ကြိမ်​စီ ဖတ်​ပြီးမှ အသ်​သဟီယာသ်​ကို ဖတ်​ပါ။

၅။     သင်္ချိုင်းသို့ သွားခြင်းသည်​ စွန္နသ်​ဖြစ်​သည်​ အာအိရှဝ်ဟ်​သခင်​မက ဤသို့မိန့်​ကြား​တော်​မူ၏။ နဗီတမန်​​တော်​မြတ်​သည်​ ဤဗရကသ်​မင်္ဂလာနှင့်​ပြည့်​စုံ​သော ညဉ့်​တွင်​ ကျွန်​မထံ ကြွလာ​တော်​မူ၍ အဝတ်​အစားကို ချွတ်​ထား​တော်​မူပြီး ယခု​သေချာစွာ ထိုင်​​တော်​မူခြင်းမပြု​သေးမီ တဖန်​ အဝတ်​များကို ဝတ်​ဆင်​၍ အပြင်​သို့ကြွ​တော်​မူ၏။ ဤသို့ကြွ​တော်​မူခြင်း​ကြောင့်​ ကျွန်​မကအံ့​သြ၍ ​ဇနီးတစ်​ပါးပါးအိမ်​သို့ ကြွ​တော်​မူသည်​ဟု ထင်​မှတ်​မိ၏။ ထို့​ကြောင့်​ ကျွန်​မသည်​ ကို​တော်​၏​နောက်​မှ ရွရွက​လေးလိုက်​သွားရာ ကိုယ်​​တော်​အား ဂျန္နသွလ်​ဗကီးလ်​ (မဒီနဟ်​ ​ရွှေမြို့​တော်​၏ သင်္ချိုင်း​တော်​)သို့ ကြွ​တော်​မူ၍ ကွယ်​လွန်​သူ မွတ်​စ်​လင်​မ်​​ယောက်ျား၊ မိန်းမတို့နှင့်​ ရှဟီးဒ်​များ၏ လွတ်​ငြိမ်းချမ်းသာမှု့အတွက်​ ဒိုအာဆုမွန်​ပြုလျက်​ ရှိ​တော်​မူသည်​ကို ​တွေ့မြင်​ပြီး အလွန်​ရှက်​၍ မိမိအ​ဆောင်​သို့ ပြန်​လာခဲ့၏။
     ကျွန်​မသက်​ပြင်းရှူ​နေစဉ်​မှာပင်​ နဗီတမန်​​တော်​မြတ်​(ဆွ) ပြန်​လည်​ကြွလာ​တော်​မူ၏။ ကျွန်​မ၏ ယင်းအဖြစ်​ကို မြင်​​တော်​မူ၍ ကိုယ်​​တော်​က အို...အာအိရှဟ်​၊ အဘယ်​​ကြောင့်​ ​မောပန်း​နေရသနည်းဟု ​မေးမြန်း​တော်​မူ၏။ ကျွန်​မက ကိုယ်​​တော်​အဘယ်​သို့ ကြွ​တော်​မူသည်​ကို ကြည့်​ရှု့န်​ ကိုယ်​​တော်​၏​နောက်​မှ ကျွန်​မလည်းလိုက်​ပါလာခဲ့သည်​။ သို့​သော်​ ကိုယ်​​တော်​အား ဂျန္နသွလ်​ဗကီအ်​၌ လွတ်​ငြိမ်းချမ်းသာခွင့်​အတွက်​ ဆုမွန်​ဒိုအာ​တောင်းလျက်​ရှိသည်​ကို ​တွေ့မြင်​ရ၍ ကိုယ်​​တော်​၏အလျင်​ ပြန်​လာခဲ့ပါသည်​ဟု ​လျှောက်​ထားပါသည်​။
     ကို​တော်​က ဤသည်​ကိုကြား​တော်​မူ၍ မိန့်​​တော်​မူသည်​မှာ အို...အာအိရှဟ်​ အရှင်​မြတ်​နှင့်​ ထိုအရှင်​မြတ်​၏ ရစူလ်​တမန်​​တော်​သည်​ သင်​အား မတရားပြု​တော်​မူမည်​ဟု အသင်​စိုးရိမ်​ပါသလား။ ငါထံ ဂျစ်​ဗ်​ရာအီလ်​ ​ကောင်းကင်​တမန်​​ရောက်​လာပြီး ​ပြေားကြားသည်​မှာ ယ​နေ့သည်​ ရှ​ဗေဗရာအသ်​ဖြစ်​၏။ ယင်းညဉ့်​၌ အလ္လာအရှင်​မြတ်​သည်​ ဗနီကလဗ်​ လူမျိုးစု၏ ဆိတ်​တို့ကိုယ်​​ပေါ်တွင်​ရှိ​သော အ​မွှေးတို့နှင့်​အညီအမျှ အပြစ်​ရှိသူများကို ဂျဟန္နမ်​ငရဲမီး​ဘေးမှ လွတ်​​မြောက်​​စေ​တော်​မူမည်​။ သို့​သော်​ လူ (၆)​ယောက်​အား လွတ်​ငြိမ်းချမ်းသာခွင့်​ ​ပေးသနား​တော်​မူမည်​မဟုတ်​​ပေ။ အလ္လာအရှင်​မြတ်​၏ ရဟ်​မသ်​​တော်​မျက်​စိဖြင့်​လည်း ကြည့်​ရှု့​တော်​မူမည်​မဟုတ်​​ပေ။ ထိုလူ (၆)​ယောက်​တို့မှာ...

၁။     မွတ်​ရ်​ရစ်​က်​ အလ္လာအရှင်​မြတ်​နှင့်​ အခြားတစ်​စုံတစ်​ရာကို တွဲဖက်​ယှဉ်​ပြိုင်​ကိုးကွယ်​သူ။

၂။     ​ကောက်​ကျစ်​​သော စိတ်​ထားရှိသူ။

၃။     ​ဆွေမျိုးခြင်းအဆက်​ဖြတ်​သူ။

၎။     ​ခြေမျက်​စိ​အောက်​အထိ အဝတ်​အစားဝတ်​ဆင်​သူ အမျိုးသား။

၅။     မိဘ၏ အမိန့်​ကို မနာခံသူနှင့်

၆။     အစဉ်​အမြဲ ​သောက်​စားမူးယစ်​သူတို့ဖြစ်​ကြ၏။

      ကိုယ်​​တော်​သည်​ ဤသည်​ကိုမိန့်​ကြား​တော်​မူပြီး​နောက်​ အင်္ကျီကိုချွတ်​၍ အိပ်​စက်​ရန်​ ရည်​ရွယ်​​တော်​မူ၏။ သို့​သော်​ ဤညဉ့်​တွင်​ တရားအားထုတ်​ရန်​နှင့်​ ဆုမွန်​ဒိုအာ ​တောင်းရန်​ အလိုဆန္ဒ အလွန်​ပြင်းပြလျှက်​ရှိ၏။ ကိုယ်​​တော်​က အို...အာ​အိရှဟ်​ အသင်​မသည်​ ဤညဉ့်​၌ ငါ့အား တရားအားထုတ်​ခွင့်​ပြုနိုင်​ပါသလားဟု ​မေးမြန်း​တော်​မူရာ၊ ကျွန်​မက အခွင့်​ရှိသည်​ ကိုယ်​​တော်​ဟု ​လျှောက်​ထားပါသည်​။ သို့ဖြစ်​​ပေရာ ကိုယ်​​တော်​သည်​ထ၍ တရားအားထုတ်​​တော်​မူ၏။ ကိုယ်​​တော်​သည်​ အချိန်​ကြာမြင့်​စွာ စဂ်ျ​ဒဟ်​ပြု​တော်​မူလျက်​ရှိရာ ကျွန်​မက ကိုယ်​​တော်​ကွယ်​လွန်​​တော်​မူ​လေပြီးဟု ထင်​မှတ်​ခဲ့၏။ ကိုယ်​​တော်​၏ ​ခြေဖဝါး​တော်​ကို လက်​ဖြင့်​စမ်းကြည့်​ရာ လှုပ်​ရှား​နေသည်​ကို သိရသဖြင့်​ စိတ်​ချမ်းသာ၍ ဝမ်းသာသွားပါသည်​။ တဖန်​ ကျွန်​မသည်​ နားဖြင့်​ကပ်​၍နား​ထောင်​ရာ ကိုယ်​​တော်​သည်​ စဂ်ျ​ဒဝ်ဟ်​တွင်​ မိမိအရှင်​အထံ​တော်​တွင်​ ဤဒိုအာကို တီးတိုးစွာ ​တောင်း​တော်​မူလျက်​ရှိသည်​ကို ကြားရ၏။

ဒိုအာ...   အိုအလ္လာဟ်​အရှင်​မြတ်​၊ ကျွန်​​တော်​မျိုးသည်​ အရှင်​မြတ်​၏ ပြစ်​ဒဏ်​မှ လွတ်​​မြောက်​​စေခြင်းငှါ အရှင်​မြတ်​၏ ခွင့်​လွှတ်​မှု့ဖြင့်​ အကာအကွယ်​ယူပါ၏။ ၎င်းပြင်​ အရှင်​မြတ်​၏ အမျက်​​တော်​မှ လွတ်​​မြောက်​ခြင်းငှါ အရှင်​၏ ​ကျေနပ်​မှု့ဖြင့်​ အကာအကွယ်​ယူပါ၏။ အရှင်​မြတ်​၏ ဘုန်းသမ္ဘာသည်​ လွန်​စွာကြီးကျယ်​လှပါ၏။ ကျွန်​​တော်​မျိုးသည်​ အရှင်​မြတ်​အား ထိုက်​သင့်​​သောနည်းဖြင့်​ ချီးကျူးခြင်းမပြုနိုင်​ပါ။ အရှင်​မြတ်​သည်​ မိမိကိုယ်​ကို မိမိကိုယ်​​တော်​တိုင်​ ချီးကျူး​တော်​မူသည့်​အတိုင်း ဖြစ်​​တော်​မူပါသည်​။
     မိုးလင်း​သောအခါ ကျွန်​မသည်​ ယင်းဒုအာနှင့်​စပ်​လျဉ်း၍ ကိုယ်​​တော်​ထံ ​လျှောက်​ထားရာ ကိုယ်​​တော်​က အို...အာအိရှဟ်​၊ ဤဒိုအာကို အသင်​ကိုယ်​တိုင်​ဆည်းပူး၍ အခြားသူတို့ကိုလည်း သင်​ကြားပို့ချပါ။ ဂျစ်​ဗ်​ရာအီလ်​​ကောင်းကင်​တမန်​သည်​ ငါ့အားသင်​ကြားပို့ချ၍ စဂ်ျ​ဒဟ်​တွင်​ ရွတ်​ဖတ်​ရန်​ အဖန်​တလဲလဲ ညွှန်းကြားခဲ့ပါသည်​ဟု မိန့်​ကြား​တော်​မူ၏။

မှတ်​ချက်​။      ။ စဂ်ျ​ဒဟ်​ဟူသည်​ နဖ်​လ်​နမာဇ်​၏ စဂ်ျ​ဒဟ်​ဖြစ်​၏။ ကဗရ်​စသာန်​သုသာန်​အတွင်းသို့ ဝင်​​ရောက်​​သောအခါ ​အောက်​ပါဒိုအာကို ရွတ်​ဖတ်​ရ​ပေမည်​။
 
ဒိုအာ... အို..သင်္ချိုင်းသူ သင်္ချိုင်းသား အ​ပေါင်းတို့၊ ငြိမ်းချမ်းသာယာမှု့ အ​ပေါင်းတို့သည်​ အသင်​တို့အ​ပေါ်ဝယ်​ သက်​​ရောက်​ပါ​စေသား။ အလ္လာဝ်ဟ်​အရှင်​မြတ်​သည်​ ကျွန်ုပ်​တို့နှင့်​ သင်​တို့အား အပြစ်​မှ လွတ်​ငြိမ်းချမ်းသာခွင့်​ ​ပေးသနား​နော်​မူ၍ သနားကြင်​နာ​တော်​မူပါ​စေသတည်း။
   သင်္ချိုင်းတွင်​ တတ်​နိုင်​လျှင်​ စူရဟ်​ယာစီးန်​နှင့်​ စုရဟ်​အစ်​ခ်​လာစ်​ (ကုလ်​ဟုဝလ္လာဟ်​) "၁၁​"​ခေါက်​ဖတ်​၍ မိမိ၏ ကွယ်​လွန်​သူများသို့ အကျိုးစဝါဗ်​​ပေးပို့ရမည်​။ သို့မဟုတ်​ နှုတ်​ငုံရသမျှ ရွတ်​ဖတ်​၍ အကျိုးစဝါဗ်​​ပေးပို့ရမည်​။ သင်္ချိုင်းများ​ပေါ်တွင်​ ပန်းတင်​ခြင်း ​ဖ​ယောင်းတိုင်​စသည်​တို့ကို ထွန်းခြင်းသည်​ အချည်အနှီးဖြစ်​၏။ ယင်းသို့ပြုလုပ်​ခြင်းမှ ​ရှောင်​ကြဉ်​ရ​ပေမည်​။

၆။     တစ်​ဦးချင်း နဖိလ်​နမာဇ်​ဖတ်​ခြင်း၊ ကုရ်​အာန်​ကျမ်းမြတ်​ရွတ်​ဖတ်​ခြင်း၊ ဇိက်​ရ်​တသခြင်း၊ ဒိုအာအစရှိ​သော ကုသိုလ်​​ကောင်းမှု့များတွင်​ မိမိအချိန်​ကို ကုန်​လွန်​​စေရမည်​။ အလ္လာဟ်​အရှင်​မြတ်​၏ အိဗာဒသ်​ကို တတ်​နိုင်​သ​ရွေ့ ပြုရ​ပေမည်​။ တစ်​စုံတစ်​ရာ သီးခြားအိဗာဒသ်​ကို တတ်​နိုင်​သ​ရွေ့ ပြုရ​ပေမည်​။ တစ်​စုံတစ်​ရာ သီးခြားအိဗာဒသ်​ဟူ၍ မရှိပါ။ တစ်​ညဉ့်​လုံး တရားအားထုတ်​ခြင်းမပြုနိုင်​လျှင်​ တတ်​နိုင်​သ​ရွှေ့ တရားအားထုတ်​ရန်​ ​စော​စောအိပ်​ရမည်​။ အလ္လာအရှင်​မြတ်​ အလို​တော်​ရှိပါလျှင်​ ထိုအိပ်​စက်​ခြင်းသည်​လည်း တရားအားထုတ်​မှု့တွင်​ ပါဝင်​ပါလိမ့်​မည်​။

၇။     ရှို့က်​ခ်​အဗွလ်​ဟစန်​က ထိုညဉ့်​(ရှ​ဗေဗရာအသ်​)တွင်​ နဗီတမန်​​တော်​မြတ်​က ရှ​ဗေကဒရ်​အတွက်​ သင်​ကြားပို့ချ​တော်​မူ​သော စကားလုံးများဖြင့်​ အလ္လာဟ်​အရှင်​မြတ်​အထံ​တော်​၌ ရဟ်​မသ်​ကရုဏာနှင့်​ လွတ်​ငြိမ်းချမ်းသာခွင့်​ကို အသနားခံခြင်းမှာ မြတ်​သည်​ဟု မိန့်​ကြား​တော်​မူ၏။

    အို....အလ္လာဟ်​အရှင်​မြတ်​၊ ဧကန်​မုချအရှင်​မြတ်​သည်​ ခွင့်​လွတ်​​တော်​မူ​သောအရှင်​ဖြစ်​​တော်​မူပါ၏။ အရှင်​မြတ်​သည်​ ခွင့်​လွတ်​မှု့ကို နှစ်​သက်​​တော်​မူပါ၏။ သို့ဖြစ်​ပါ၍ အရှင်​မြတ်​သည်​ ကျွန်​​တော်​မျိုးအား ခွင့်​လွတ်​​တော်​မူပါ။
   
    ဤညဉ့်​သည်​ ​သောင်​ဝ်​ဗဟ်​ပြုရန်​နှင့်​ လွတ်​ငြိမ်းချမ်းသာခွင့်​ကို အသနားခံရန်​ အ​ကောင်းဆုံး​သော အခွင့်​အလမ်းကို ​ဆောင်​ကြဉ်း​သော ညဉ့်​ဖြစ်​၏။ မွတ်​စ်​လင်​မ်​ သူ​တော်​စင်​များသည်​ ​အောက်​ပါဒိုအာကို အမြဲရွတ်​ဖတ်​ကြ၏။

ဒိုအာ..... အို..အလ္လာဟ်​အရှင်​မြတ်​၊ ကျွန်​​တော်​မျိုးသည်​ အရှင်​မြတ်​အထံ​တော်​၌ လွတ်​ငြိမ်းချမ်းသာခွင့်​ ​ပေးသနား​တော်​မူရန်​လည်း​ကောင်း၊လူ့ပြည်​ လု့​လောကနှင့်​ အာခိရသ်​တမလွန်​၌ ချမ်းသာသုခ ရရှိရန်​လည်း​ကောင်း ​တောင်းခံအပ်​ပါသည်​။

၈။     ရှအ်​ဗာန်​လ (၁၅)ရက်​ညဉ့်​တွင်​ တရားအားထုတ်​ခြင်း၊​သောင်​ဝ်​ဗာဟ်​ပြုခြင်းနှင့်​ အပြစ်​မှ လွတ်​ငြိမ်းချမ်းသာခွင့်​ကို များစွာ အသနားခံခြင်းပြုကြပါ။ ထို့​​နောက်​ (၁၅)ရက်​​နေ့ကို ရိုဇဟ်​ဥပုဒ်​​ဆောက်​တည်​ကြပါ။

ရှောင်​ကြဉ်​အပ်​​သောကိစ္စများ
•••••••••••••••••••••••••••••••
    ယခုအခါတွင်​ ဤညဉ့်​မြတ်​၌ မွတ်​စ်​လင်​မ်​အချို့သည်​ အလ္လာဟ်​အရှင်​မြတ်​၏ သီးခြားဖြစ်​​သော ကရုဏာ​တော်​များမှ မိမိအား ကင်း​ဝေး​စေ​သော မ​ကောင်းမှု့တို့ကို ကျူးလွန်​ကြ၏။ သို့ဖြင့်​ ထိုအရှင်​မြတ်​၏ ကရုဏာ​တော်​ကို ခိုလှုံခွင့်​မရဘဲ ကရုဏာ​တော်​မှ ကင်​ဝေးလျက်​ရှိကြ၏။ ထို့​ကြောင့်​ ဤညဉ့်​မြတ်​တွင်​ ​အောက်​ပါကိစ္စများကို အထူး​ရှောင်​ကြဉ်​သင့်​၏။ ကျွန်ုပ်​တို့သည်​ ယင်းကိစ္စတို့ကို ကုသိုလ်​​ကောင်းမှု့ဟု ထင်​မှတ်​၍ ကျင့်​​ဆောင်​ကြ၏။ စစ်​စစ်​မှာ ကုသိုလ်​​ကောင်းမှု့ မဟုတ်​ဘဲ ကျွန်ုပ်​တို့ကျင့်​​ဆောင်​​သော အနည်း​ငယ်​မျှ​သော ​ကောင်းမှု့ကုသိုလ်​ကိုပင်​ ပျက်​စီး​စေ၏။

၁။     ရှ​ဗေဗရာအသ်​ညတွင်​ ဗလီများတွင်​ လိုသည်​ထက်​ပို၍ မီးထွန်းခြင်း။

၂။     ​ဟောင်း​သော ပန်းကန်​တို့ကို အသုံးမပြုဘဲ သစ်​လွင်​​သော ပန်းကန်​ကို အသုံးပြုခြင်း၊ အထူးသဖြင့်​ ယင်းပန်းကန်​ကို ရှ​ဗေဗရာအသ်​​နေ့တွင်​ စတင်​အသုံးပြုခြင်း။

၃။     အိမ်​ကို ​မြေဖြင့်​လိမ်းကျံခြင်း၊ သစ်​လွင်​​သော အိုးခွက်​တို့ကို အထူးစီစဉ်​ခြင်း။

၎။     ပဲနီချက်​ပြုတ်​ခြင်းကို စဝါဗ်​အကျိုးရသည်​ဟု ထင်​မှတ်​ခြင်း။

၅။     ဟလ်​ဝါထိုးခြင်း၊ ဟလ်​ဝါထိုးရခြင်းမှာ နဗီတမန်​​တော်​မြတ်​၏ သွား​တော်​ ရှဟီဒ်​ဖြစ်​​သောအခါ ကိုယ်​​တော်​သည်​ ဟလ်​ဝါကို သုံး​ဆောင်​​တော်​မူခြင်း​ကြောင့်​ ဖြစ်​သည်​ဟု ​ပြေားခြင်း။

၆။     ယ​င်း​နေ့သည်​ ဟမ်​ဇဟ်​သခင်​ ရှဟီဒ်​ဖြစ်​​သော​နေ့​ဖြစ်​သည်​။ ထိုသခင်​အတွက်​ ဖာသိဟဟ်​ဖတ်​ရာတွင်​ ဟလ်​ဝါထိုးရမည်​ဟု ထင်​မှတ်​ခြင်း။

၇။     တစ်​နှစ်​အတွင်း ကွယ်​လွန်​​သေဆုံးသူတို့၏ ဝိညာဉ်​များသည်​ ထိုညာဉ့်​တွင်​ ၎င်းတို့အတွက်​ အဘယ်​အရာများ ချက်​ပြုတ်​ထားသည်​ကို ကြည့်​ရှု့ရန်​ မိမိတို့အိမ်​များသို့ လာကြသည်​ဟု ထင်​မှတ်​၍ ထမင်း၊ ဟင်း ချက်​ပြုတ်​ထားခြင်း။

၈။     ရှ​ဗေ​ဗရာအသ်​အလျင်​ ကွယ်​လွန်​​သေဆုံးသူတို့အတွက်​ ရှ​ဗေဗရာအသ်​တွင်​ ဖာသိဟဟ်​မဖတ်​လျှင်​ ထိုကွယ်​လွန်​သူများသည်​ ကွယ်​လွန်​​သေဆုံးသူများတွင်​ မပါဝင်​ဘဲ ၎င်းတို့၏ ဝိညာဉ်​များသည်​ ဟိုဒီလှည့်​လည်​​နေကြသည်​ဟု မှားယွင်းစွာ ထင်​မှတ်​ခြင်း။

၉။     မီးပန်းရှ်ို့ခြင်း၊ မီးပန်းရို့ခြင်းသည်​ ဥစ္စာပစ္စည်းဖြုန်းတီးခြင်းနှင့်​ အလ္လာဟ်​အရှင်​မြတ်​၏ အမျက်​​တော်​ကို ဝယ်​ယူရာ​ရောက်​၏။

     သင်္ချိုင်းများ​ပေါ်တွင်​ ပန်းတင်​ခြင်း၊ ဖ​ယောင်းတိုင်​စသည်​တို့ကို ထွန်းညှိခြင်း၊ ဤသည်​တို့သည်​ ကုရ်​အာန်​ဟဒီးစ်​၏ သွန်​သင်​ဆုံးမချက်​ များနှင့်​ဆန့်​ကျင်​၏။
     မွတ်​စ်​လင်​မ်​တို့သည်​ ယင်းထုံစံဓ​လေ့ဆိုးများကို တိုက်​ဖျက်​ရန်​ကြိုးစားရ​ပေမည်​။ ​ကောင်းကျိုးချမ်းသာ၊ ဗရကသ်​မင်္ဂလာ ဆည်းပူးရယူရန်​ အခွင့်​​ကောင်းရရှိ​သော ရှ​ဗေဗရာအသ်​ညဉ့်​တွင်​ အလဟဿ အမှု့ကိစ္စတို့ကို ပြုလုပ်​၍ အချိန်​ဖြုန်းတီးခြင်းသည်​ အလွန်​အသိတစ်​ရား​ခေါင်ပါးခြင်းဖြစ်​၍ အချိန်​ဖြုန်းတီးခြင်းသည်​ အလွန်​အသိတစ်​ရား​ခေါင်းပါးခြင်းဖြစ်​၏။ အလ္လာဟ်​အရှင်​မြတ်​သည်​ ကျွန်ုပ်​တို့အား ဒီန်​သာသနာ​တော်​၏ မှန်​ကန်​​သော အသိတရားကို ချီးမြှင့်​​တော်​မူ၍ ဗရကသ်​ မင်္ဂလာနှင့်​ပြည့်​စုံ​သောညဉ့်​၏ အကျိုး​ကျေးဇူးများကို ​ပေးသနား​တော်​မူပါ​စေ။(အာမီးန်​)
Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.xvideos.com/video22374949/japen_cosplay_hot_agent

See you check link.no copy

Where?Your link check.

Hey,you link see. I don't no.Where?

Hello,you link check @cheetah
My post see you.