ဘဝခရီးလမ်း(steemit ရဲ့ ခရီးလမ်း)
ကျွန်တော် နေထိုင်တဲ့ ရွာကနေ မြို့ကိုခရီး သွားရတာ တခါ တလေ သကိသောင့် သက်သာရှိပေ့မဲ့ ကားရှားတဲ့ အချိန်မျိုးမှာ ကုန်ကားတွေ နဲ့ လိုက်ရတာကြောင့် ခရီးက ကြမ်း ကားကပျက် နေကပူနဲ့ လေပူတွေက တိုက်နဲ့ ရင်ခုန် ချင်စရာတော့ မကောင်းတော့ဘူးပေါ့။ ရွာက ကုန်ပစ္စည်း လိုတဲ့အချိန်တိုင်း သွားနေကျ လမ်းခရီးဖြစ်ပေ့မဲ့ တခါတလေ လမ်းဘေးဝဲယာ ရူခငိးတွေကို ကြည့်ပြီး စိတ်ကူးထဲမှ အတွေးနယ် ချဲပြီး ကားစီးရတာ ကို နှစ်ခြိုကိမိပါသည်။
ကိုယ်တွေကသာ သာယာလှတဲ့ တောငိကုန်း တောင်တန်းတွေ ကို ကြည့်ပြီး အတွေး နယ်ချဲ လွမ်းမောဖွယ်ရာတွေ ကိုတွေးနေပေမဲ့ ကားမောင်းသမားတွေ အတွက်တော့ ခရီးသည်တွေရဲ လုံခြုံမှု အန္တရာယ် ကင်းရှင်းရေးဆိုတဲ့ တာဝန် တွေအတွက် မျက်စိ အရသာတောငိ မခံနိုင်ကျပါဘူး။အရာရာ တိုင်းက မချောမွေ တတ်တဲ့ လောကရဲ့ ဓမ္မတာ အတိုငိး ခရီး သွားတိုငိးဟာ လွမ်းမောခြင်း ပျော်ရွှငိခြင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေ နဲ့ အမြဲတန်းတော့ မဖြစ်နိုင်ဘူးပေါ့။
လူတိုင်း လူတိုင်းဟာ မိမိ သွားလိုတဲ့ နေရာတိုင်းကိုအဆင်ပြေ ချောချောမွေမွေ မြန်မြန် ရောက်ချင်ကျတာ လူသဘာဝပါ။ အဝေးပြေးလမ်းမကြီးမှလဲ မောင်းနှင်ကျတဲ့ ကားသမားတွေဟာ လိုရာခရီး ကိုစောစော ရောက်ချင်ကျတာ ရိုးစင်းလှတဲ့ အတ္တ စိတ်လေး တစ်ခု ဖြစ်မည် ထင်ပါတယ်။ တခါတလေ မိမိ လိုက်ပါတဲ့ ကားကို နောက်ကားက ကျော်တက်ဖို့ လမ်းတောငိးရင် လမ်းက သာပြီး ကောင်းနေတယ် ဆိုရငိ ကားမောင်းသမားက ကျော်တက်ခိုင်းတဲ့ အခါ မျိုးတွေ ရှိခဲ့ရငိ နောက်က မောင်းတဲ့ ကားသမား အစား မိမိတို့ကတောငိ ကားမောင်း သမားကိုရင် ထဲ ကကျေးဇူး တင်မိပါတယ်။ နောက်က ကားသမားကလည်း အသိအမှတ် ပြုတဲ့ အနေနဲ့ ဟွန်းတီးသည်ဖြစ်စေ လက်တစ်ဖက် ပြပြီး ကျေးဇူးတင်ကြောင်း အသိအမှတ် ပြုတဲ့ အခါ လဲ ရှိကျပါတယ်။ မိမိ တို့လိုက်ပါတဲ့ ကားမောင်းသမာကလဲ ဟွန်ပြန်တီး ပြီး အပြန်အလှန် အသိအမှတ် ပြုကျတာဟာ ကားသမားတွေရဲ့ နေစဉ် ပြုလုပ်နေကျ ဝတ္တရား တစ်ခု ပဲ ဖြစ်မည် ထင်ပါတယ်။
လောကကြီးမှ အကောင်းနဲ့ အဆိုး တွဲနေတဲ့ အတိုငိး ဆန်ကျင်ဘက် သမားတွေလဲ ရှိကျပါတယ်။ အားလုံး လဲ ကြုံဖူးကြမှာပါ။ ခရီးသွားတိုငိး တာဝန် သိတဲ့ ကားမောင်းသမားတွေရှိသလို့ ဝတ္တ ရား မသိတဲ့ ကားမောင်းသမားတွေလဲတွေ့ဖူးမိပါတယ်။နောက်က ကား ကလမ်းတောင်းရငိတောငိ လမ်းကကျော်လို့ ရတဲ့ အနေအထားရှိရင်တောငိ ကျော်တက် ခွင့်မပေးပါနဲ့ လမ်း အလယ်ကြောကတောငိ ယူထားလိုကိပါသေးတယ်။
အယ်လို အချိန် မျိုးမှာ နောက် ကကားသမားရဲ့ ပညာအစွမ်း ကတကယ်ကိုအရေးပါလာပါတယ်။ ကျော်တက်ဖို့ လုပ်လိုက် ပြန်ဆုတ်လိုက်နဲ့ အခွင့်ကောင်းကို စောင့်နေပါတော့တယ်။ အကျပ်အတည်း အခက်အခဲ အတားအဆီးတွေကိုကျော်ပြီ လမ်းပွင့်ပြီဆိုတာနဲ့ ဂီယာပြင်းပြငိး လီဗာ ကို နင်းပြီး အခွင့်အခါ ကိုကောင်းကောင်း အသုံးချလိုကိတဲ့အခါ လိုရာ ခရီးကို ရောက်တဲ့ အခါ ရှေ့က လမ်းမပေးခဲ့တဲ့ ညစ်ပတ်ခဲ့တဲ့ ကားသမားမှာ ကျန်ရစိခဲ့ပါတော့သည်။
ကျွန်တော် ဒီ အဖြစ်အပျက် ကိုကြည့်ပြီး steemit မှာရော ကျွန်တော် တို့ လျှောကိလှမ်းနေတဲ့ လမ်းခရီး က အတားအဆီး ကာဆီးမှုတွေကို ဘယ်လို့ ကျော်ဖြတ်ကျမလဲ။ စစ်မရောကိခင် မြှားကုန် လက်မြောက် ပြီး steemit ကနေ လှညိ့ပြန်ကျတော့မှာလား။ အခွင့်အခါ ကောငိးကို အကောင်းဆုံ အသုံးချပြီး လိုချငိတဲ့ နေရာကို အရောက် မလှမ်း ကျတော့ဘူးလား။ ကျွန်တော် တို့ steemit myanmar တွေ ဟာ အခက်အခဲကနေ လွတ်မြောက် ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ ၁ပတ် ၂ခါ promotion လုပ်ပေးခဲ့တာ ဟာ original content ရေးသားနေတဲ့ myanmar တွေအတွက် အခက်အခဲ ကနေ လွတ်မြောက်အောင်ပေး ခဲ့တယ်လို့ ယူဆမိပါတယ်။
အခက်အခဲ ကနေ လွတ်မြောက်ခဲ့ပြီဆိုတော့ steemit မှာ ကျွန်တော် တို့ ပိုမိုအောင်မြင် ဖို့ အတတ်ပညာ အသိပညာ အရညိးအချငိး ဇွဲ လုံ့ လ ဝီရိယ ကြိုးစားအားထုတ် မှုတွေ နဲ့ steemit myanmar တွေ ပူပေါငိးဆောငိရွက်ပြီး လုပ်ဆောငိကျမယ်ဆိုရငိ steemit မှာ myanmar တွေအတွကိ နေရာ တစ်ခုကို အမိအရ ဆုပ်ကိုငိမိမယ်လို့ ကောက်ချက် ချမိပါတော့တယ်။
steemit မှာလျှောက်လှမ်းနေတဲ့ myanmar များ အခွင့်အခါ ကောင်းကို အကောင်းဆုံး အသုံးချပြီး နေရာ တစ်ခုကို မိမိရရ ဆုပိကိုငိနိုင်ကျပါစေလို့ ။
credit . .google photo
ရေးသားသူဖြိုးဝေအောင်
writer@phyowaiaung
Follow me back please
follow ပြန်လုပ်ထားပါတယ် . တချို လူတွေ က follow me . vote me လို ပြောတာကို (no like )မကြိုက်ကျပါဘူး
awesome post.
ok
thank you for your post
thank you .
upvoted and your turn https://steemit.com/@farhan05
good
thank you .
good
thank . မမ မနက် ဖြန် promotion မှ ဘယ်လောက်ရမလဲ မသိဘူး ကျွန်တော် တို့ ဘဝ ကလဲ အယ်တာလေးပဲ မျှော်နေရတယ် ။ အယ်တာတောင် @kachinhenryကျေးဇူးကြောင့်
ကောင်းပါတယ် ဒါပေမယ့် တိုလိုက်တာ feel တောင်မ၀င်သေးဘူး ပီးသွားရော နဲနဲလောက်ရှည်ပါအုံးဗျ ဖတ်ရတာ ဆန့်ငင် ဆန့်ငင်ဖြစ်ဖြစ်သွားတယ်
ဟုတ် ၂ပိုဒ် ကျန်သေးတယ် ဖုန်းက မကောင်းတော့ စာရေးရတာ တဖြေးဖြေးလေးလာလို့ ထားခဲ့လိုက်တာ sorry ပါ ဒီထက် ပိုကောင်းအောင် ကြိုးစားသွားပါမယ်။
cစာပိုဒ်ထောက်နေဒယ်
Hi I follow you
we are at same boat bro.
Very good