အလှတဲ့
ကျမလို မနက်စောစော ဈေးရောင်းဖို့ ပြင်ဆင်နေရတဲ့ လူအတွက် အလှဆိုတာ မရှိတာ ဆန်းသလားရှင်။
အရှက်အကြောက်တဲ့
ကျမလို မိသားစုအတွက် ငါးစိမ်းရောင်းနေတဲ့ ဈေးသည် တစ်ယောက်အတွက် အရှက်အကြောက် မရှိတာ ဆန်းသလားရှင်။
သိမ်မွေ့မှုတဲ့
ကျမလို ငါးတွေကို ရောင်းရဖို့အတွက် ဝယ်သူကို အော်အော်ပီး ခေါ်နေရတဲ့ ဈေးသည်တစ်ယောက် အတွက် သိမ်မွေ့မှုမရှိတာ ဆန်းသလားရှင်။
ကျမလေ သိပ်အလှကြိုက်တတ်တာ။ ငယ်ငယ်က အရမ်းရှက်တတ်ပြီး အော်ပြောဖို့တောင် မဝံ့ရဲခဲ့ဘူးလေ။ငယ်စဉ်က မိဘက အလိုလိုက်ခဲ့လို့ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေခဲ့ရတဲ့ ကျမ။အချိန်တန်အရွယ်ရောက် ပညာရေး ဆုံးခန်းမတိုင်ခင် မိဘသဘောမတူတဲ့လူနဲ့ အိမ်ထောင်ကျခဲ့တယ်။ အဲ့ထိ ကျွန်မဘဝဟာ ပျော်စရာအတိဖြစ်ခဲ့တယ်။မိဘကိုဆန့်ကျင်ပြီး ထွက်ခဲ့တဲ့ကျွန်မကို သူလုပ်ပေးရှာပါတယ်။သူဋ္ဌေး သမီးလေးလို နေခဲ့ရတဲ့ကျွန်မ မလုပ်တတ်မကိုင်တတ်ပေါ့ရှင်။ လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ သမီးလေးတစ်ယောက်ရလာတယ်ဆိုပါတော့ အဲ့အထိ ဘဝဟာပျော်ဖို့ကောင်းနေဆဲ။ သူကလဲ မိန်းမအတွက် သမီးအတွက်ဆိုပြီး ကြိုးစားနေချိန်ပေါ့။ ဒီလိုနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးမှာ နောက်ထပ် ကလေးတစ်ယောက်ထပ်ရလာခဲ့တယ်။
အဲ့နောက်ပိုင်း ကျွန်မကိုယ်ဝန် ရှိတာကိုသိပေမဲ့လည်း သူအိမ်ပြန်နောက်ကျလာတယ်။ အသောက်အစားကြိုက်တတ်သူပေမဲ့ အရင်ကထက် ပိုသောက်စားလာတယ်။ ဒါပေမယ့် ကျွန်မမပြောခဲ့ပါဘူး။ အသိတွေကတော့ သတိပေးပါတယ်။ ''နင့်ယောက်ျားကို ကြည့်ထိန်းအုန်း၊ ဟိုနေ့ကကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်''အမျိုးမျိုးပြောလာကြတယ် ။ဒီအထိ ကျွန်မမယုံခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကို လှည့်စားရက်တယ်။ တစ်နေ့ သူ ဘာအကြောင်းပြချက်မှမပေးဘဲ အိမ်က ထွက်သွားခဲ့တယ်။ ကျွန်မ မငိုခဲ့ဘူး မငိုနိုင်ခဲ့ဘူး။ သမီးလေးနဲ့ ဗိုက်ထဲကလေးလေးအတွက် ကျွန်မရုန်းကန်ရအုန်းမယ်။
ဒါပေမယ့် ကျွန်မ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ယောက်ျားလုပ်စာ ထိုင်စားရင်း နေလာခဲ့တဲ့ ကျွန်မ နဖူးတွေဒူးတွေ့ ဘဝအတွက်ရုန်းကန်ရမယ်။ ကျွန်မ အလုပ်မျိုးစုံ ကြုံရာကျပန်း လုပ်ကိုင်ခဲ့တယ်။ ကျွန်မအတွက် အရမ်းခက်ခဲတဲ့အချိန်တွေပေါ့။ ကြားထဲမှာ အမေတို့ ပြန်ခေါ်ပေမယ့် ကျွန်မက မသွားခဲ့ဘူး။မိဘရင်ကိုစုံကန်ထွက်လာတုန်းက ပျော်ပျော်လေးထွက်ခဲ့ပြီး အငိုမျက်နှာ နဲ့မပြန်ချင်ခဲ့ဘူး။လက်ထဲပိုက်ဆံလေးစုမိလာတော့ အသိတွေနဲ့အတူ ငါးလေးရောင်းတယ်။အမြတ်က သိသာတော့ ကျွန်မ ရှက်ကြောက်ခြင်းတွေ ဘေးဖယ်ပြီး ကျွန်မ တစ်စိုက်မတ်မတ် လုပ်လာခဲ့တယ်။ အလုပ်လုပ်လာခဲ့တာ ကျွန်မသားလေးတောင် တစ်နှစ်ကျော် ဖြစ်လာခဲ့ပြီလေ။ကလေးငယ်ငယ်လေး ပိုက်ပြီး ကျွန်မငါးရောင်းခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ့်ကို အံသြမိတယ်။ မလုပ်နိုင်ဘူး ထင်ခဲ့တဲ့အရာတွေကို ကျွနိမကလေးတွေမျက်နှာကြောင့် ကျွနိမလုပ်လာနိုင်တယ်လေ။
ငါးစိမ်းရောင်းရင်း ကျွန်မ သမီးနဲ့ကျွန်မရဲ့သားလေးကို လူတန်းစေ့ထားနိုင်လာခဲ့တယ်။ငါးစိမ်းရောင်းတဲ့အလုပ်ကို မနှစ်သက်ပေမဲ့ ကလေးနှစ်ယောက်မျက်နှာနဲ့ ကျွန်မ လုပ်မိနေတုန်း။
အမ ဒီငါးဘယ်ဈေးလဲ
ဝယ်သူအမေးကြောင့် အတွေးလက်စလေးပျက်ပြီး ဈေးသည်တို့ရဲ့ ထုံးစံအတိုင်း
အမရေ ၄၀၀၀ဈေးအမရေ ငါးက အရမ်းလတ်ဆတ်တယ် အကောင်လဲကြီးတယ်။
ပြောပြောဆိုနဲ့ ငါးကိုခုတ်ထစ်ပေးလိုက်တယ်။
အကုသိုလ် အလုပ်ပေမဲ့ ကျွန်မအတွက် ပြည့်စုံတဲ့ မိသားစုလေး ဖန်တီးနိုင်ဖို့ ကျွန်မ လုပ်နေအုန်းမှာပါ။ ရုန်းထွက်နိုင်မဲ့ တစ်နေ့တော့ ကျွန်မ အတွက် ရှိလာအုန်းမှာပါလေ။အဲဒီ့တစ်နေ့
မရောက်ခင်ထိ ကျွန်မဆက်ပြီး ကြိုးးစားနေရအုန်းမှာပါ။
ညီမရဲ့ စာလေးကိုဝေဖန်အကြံပေးကြပါအုန်းရှင့်။@shonnlailai
Credit from google image
အရေးအသားတွေကတော့ပြောစရာမလိုဘူး ဆရာရေ ကောင်းကောင်းလေးသာရေးပေတော့
ဟုတ်ကဲ့ ကြိုးစားပါ့မယ်ရှင့်
မျှော်လင့်ချက် ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်...
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်
အရမ်းကောင်းတဲ့ အရေးအသားဘဲ ညီမ ကြိုးစာပါ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်
ငိုနဲ့