ဒီတစ်ပတ်မှာ ခြေစွမ်းပြနိုင်တဲ့ (ရွက်ပုန်းသီး) ကစားသမားလေးယောက်ကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရွေးတာတော့ မဟုတ်ပါဘူး။ သူတို့ ရွေးထားတာတွေကို ဘာသာပြန်ပြတာပါ။
အဲဒီလူတွေကတော့
- Dwight McNeil (BUR) £6.0m
- Erik Lamela (TOT) £6.1m
- Cesar Azpilicueta (CHE) £5.9m
- Andriy Yarmolenko (WHU) £5.9m
တို့ပဲ ဖြစ်ပါတယ်။ သူတို့ကို ပေးရတဲ့ ဈေးတွေက သက်သာပါတယ်။ ဒါပေမဲ့ ဒီအပတ်မှာတော့ သူတို့ကိုပေးရတာနဲ့ ထိုက်တန်တဲ့ ခြေစွမ်း ပြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီ ဘန်လေရဲ့ ဘယ်တောင်ပံကစားသမားကို FPL မန်နေဂျာတွေရဲ့ ၀.၅ ရာခိုင်နှုန်းကပဲ ပိုင်ဆိုင်ထားပါတယ်။ McNeil က ခြောက်ပွဲကစားအပြီးမှာ ဂိုးသွင်းခွင့် သုံးကြီမ် ဖန်တီးပေးထားပါတယ်။ ဖြတ်တင်ပေးမှု ၁၃ကြီမ် ပြုလုပ်နိုင်ခဲ့မှုဟာ Gudmundsson ကလွဲပြီး ကျန်တဲ့ ဘယ်အသင်းဖော်ထက်ကိုမဆို နှစ်ဆရှိနေပါတယ်။ FPL မှာ သူ့ထက် သာတာဆိုလို့ De Bruyne နဲ့ Luka Milivojevic တို့ပဲ ဖြစ်ပါတယ်။
တော့တင်ဟမ်ရဲ့ တိုက်စစ်အားသန်တဲ့ အလယ်တန်းလူ Lamela ကိုတော့ FPL မန်နေဂျာတွေရဲ့ ၅.၄ ရာခိုင်နှုန်းက ရွေးချယ်ထားပါတယ်။ သူဟာ အသင်းမှာ ပုံမှန်ကစားခွင့်ရထား သူ ဖြစ်ပါတယ်။ ဂိုးသွင်းမှု နှစ်ကြီမ်နဲ့ ဂိုးဖန်တီးမှု နှစ်ကြီမ် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာလဲ ဆက်ပြီး ခြေစွမ်းပြဖို့ အလားအလာ ရှိနေပါတယ်။

ဒီ Chelsea နောက်ခံလူကိုတော့ FPL မန်နေဂျာတွေရဲ့ 5.9 ရာခိုင်နှုန်းက ရွေးချယ်ထားပါတယ်။ ဒီ စပိန်နောက်ခံလူဟာ Norwich နဲ့ ကစားတဲ့ပွဲနဲ့ လီဗာပူးနဲ့ ကစားတဲ့ပွဲတွေမှာ ဂိုးဖန်တီးမှု တစ်ကြီမ်စီပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးသွင်းဖို့အခွင့်အရေး ၁၁ ကြီမ် ဖန်တီးနိုင်ခဲ့ပြီး သူ့ထက်သာတာဆိုလို့ Mount တစ်ယောက်ပဲ ရှိပါတယ်။ FPL ခံစစ်ကစားသမားတွေထဲမှာ ဆိုရင်တော့ Digne နဲ့ Arnond တို့ နှစ်ယောက်ပဲ သူ့ထက် ခြေစွမ်းပြနိုင်ပါတယ်။ Brighton နဲ့ပွဲမှာပဲ Chelsea အနေနဲ့ ဂိုးမပေးရဖို့အတွက် စွမ်းဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်။
ဒီယူကရိန်း တောင်ပံကစားသမားကိုတော့ မန်နေဂျာ ၀.၈ ရာခိုင်နှုန်းကပဲ ရွေးချယ်ထားပါတယ်။ ပွဲစဉ်၃ မှာစတင်ပြီးတော့ ပွဲထွက်ကစားခဲ့ပါတယ်။ နောက်ဆုံးသုံးပွဲမှာ နှစ်ဂိုးသွင်းခဲ့ပြီးတော့ နောဝစ်နဲ့ မန်ယူတို့ရဲ့ ဂိုးပေါက်ထဲကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ ပွဲမှာ သူ့ရဲ့ ခြေစွမ်းကို ဆက်လက်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
Posted from my blog with SteemPress : https://steemhosting.com/?p=96
Lamela နဲ့ Azpilicueta ကို တော့ သဘောကျတယ် ဗျာ။ ကျန်တဲ့ နှစ်ယောက်ကို တော့ ပုံမှန် ခြေစွမ်းပြနိုင်ပါ့မလား သံသယ ရှိတယ်။ ကျွန်တော် ထင်တာ ပြောတာ ပါ။ လေးယောက်လုံး ဈေးနည်းတယ် ဆိုပေမယ့် ပြသတဲ့ ခြေစွမ်းနဲ့ ယှဉ်ရင် ခုချိန်မှာ သင့်တင့်တဲ့ ဈေးပဲ ရှိပါတယ်။ ကျွန်တော်လည်း နောက်တန်း တစ်ကောင်လဲ ရမယ်။ အတော်ပဲ !
ကျွန်တော်လဲ မလဲထားဘူး ဘရို။ ကျွန်တော့်ကောင်တွေကပိုကောင်းနေတယ်။ အဲဒီတော့ ဂိုးသမားပဲ လဲလိုက်တော့တယ်။
လူတွေကိုမလဲနိုင်သေးဘူး ဝင်မကြည့်အားလို့ အမှတ်တွေတော့ရနေပါတယ်။
Hi, @mmunited!
You just got a 2.71% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.