paypal နဲ့ကျွန်တော်

in #steempress5 years ago

paypal ဆိုတာ အွန်းလိုင်းငွေပေးချေးရေးစနစ်မှာ အောင်မြင်ဆုံး ဝန်ဆောင်မှုပေးရာ နေရာတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေပေးချေးခြင်း နိုင်ငံအတွင်းငွေပေးချေးခြင်း စသဖြင့် ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့အပြင် ထောက်ပံ့ပေးထားသောနိုင်ငံတွေရဲ့ ဘဏ်တွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ visa card, master card တွေနဲ့ချိတ်ဆက်နိုင်လို့ ပိုမိုအဆင်ပြေစေတာပေါ့။

ခတ်တာက ကျွန်တော်တို့ မြန်မာနိုင်ငံကို မထောက်ပံ့သေးပါဘူး။ ဒါကြောင်းအိမ်နီးချင်းနိုင်ငံတွေကနေပြီး အကောင့်ဖွင့်သုံးစွဲရပါတယ်။ အများဆုံးတော့ ထိုင်းအကောင့်နဲ့ အိန္ဒိယအကောင့်၊ စင်ကာပူ၊ us စသည်ဖြင့် အကောင့်ဖွင့်သုံးစွဲကြပါတယ်။ ထောက်ပံ့ပေးနိုင်ငံတွေဖြစ်လို့ ဘဏ်တွေ ဘဏ်ကဒ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ကိုယ်ရရှိလာတဲ့ ငွေကြေးတွေ ကိုယ်ဝယ်ချင်တဲ့အရာတွေကို လွယ်ကူစွာ ထုတ်/သွင်း ပြုလုပ်လို့ရတော့ တော်တော်လေးအဆင်ပြေတယ်ပြောရမယ်။ ဝန်ဆောင်ခအနေနဲ့က ပြည်တွင်းအချင်းချင်း ပေးပို့ဝယ်ယူခြင်းအတွက် အခမဲ့ ဆောင်ရွတ်နိုင်ပြီး ပြည်ပဖြစ်တဲ့ အခြားသောနိုင်ငံတွေကို လွှဲပြောင်းပေးရမယ်ဆိုရင် ဝန်ဆောင်ခက နိုင်ငံတွေအပေါ်မူတည်ပြီး ကောက်ခံပါတယ်။ တစ်ချို့နိုင်ငံတွေဆို ဝန်ဆောင်ခ အများကြီးပေးရလို့ မကိုက်ဖြစ်တာတွေလည်းရှိပါတယ်။

paypal မှာ အကောင့်နှစ်မျိုးရှိပါတယ်။ personal နဲ့ business ဆိုပြီးပါ။ personal နဲ့ဖွင့်ရင် ငွေအများအပြားပေးပို့လွှဲပြောင်းဖို့ limit ရှိပါတယ်။ ဒါပေမဲ့ အကောင့် limit ကျဖို့တော့ သိပ်မလွယ်ဘူးပေါ့။ business မှာဆိုရင်တော့ ငွေအလွှဲအပြောင်း သတ်မှတ်ချက်မရှိပေးပြုလုပ်နိုင်ပြီး limit ကိုလွယ်ကူစွာကျဆင်းနိုင်ပါတယ်။ ဒီအကြောင်းအရာတွေပြောနေရတာဟာ မြန်မာတော်တော်များများ ပိုက်ဘောမိထားတဲ့အတွက်ပြောပြခြင်းဖြစ်ပါတယ်။ တစ်ချို့ဆို ဒေါ်လာ 2500 , 3000 အထိပိုက်ဘောမိပြီး ထုတ်မရတော့တာတွေကြောင့်ပါ။ အကြောင်းအရင်းကတော့ သူတို့လိုချင်တဲ့ မိမိဒေတာအချက်အလက်တွေနဲ့ မိမိလိပ်စာကို အတည်ပြုချက်တွေပါ။ မြန်မာတွေအတွက်တော့ မလွယ်ကူတဲ့ ပြသနာတစ်ခုလို့ပြောရတော့မှာပါ။ business အကောင့်ဖွင့်ထားပြီဆိုတာနဲ့ မိမိဘဏ်ကဒ်၊ မိမိဘဏ်စာအုပ် တွေအပြင် မိမိ ပတ်စပို့စ်၊ မိမိနေတဲ့လိပ်စာမှာပါ မိမိနာမည်နဲ့ဖြစ်မှရရှိလို့ပါ။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ လိပ်စာမှာ မိမိနာမည်ဘယ်လိုမှ ရနိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လိမ်လည်တယ်ဆိုပြီး ငွေတွေထုတ်မပေးတော့ခြင်းပါ။

အကောင့်ဟာ အသုံးပြုလို့ရနေပြီဆိုရင် အခြားနိုင်ငံဘဏ်တွေနဲ့တင်မဟုတ်ပဲ မြန်မာဘဏ်က visa or master တွေလည်း ချိတ်ဆက်အသုံးပြုလို့ရရှိနိုင်ပါတယ်။ ငွေထုတ်ဖို့တော့မရနိုင်ပေမဲ့ ငွေပေးချေးဖို့အတွက်ပဲ ရရှိနိုင်ပါတယ်။

ဒါကြောင့် အကောင့်ဖွင့်မည်ဆိုလျှင် business အနေနဲ့မဖွင့်ပဲ personal အနေနဲ့ပဲဖွင့်ကြပါ။ အကောင့် limit မကျအောင်လည်း ဂရုစိုက်သင့်ပါတယ်။ limit ကျပြီးဆိုတာနဲ့ ငွေထုတ်ပေးစနစ်မှာ အနည်းဆုံး (၆)လလောက်စောင့်ပြီး ထုတ်ယူနိုင်ပါတယ်။ အခြားသော ပြသနာတွေမှာဆိုရင်တော့ အကောင့်မှာ ပိုက်ဆံဘယ်လောက်ရှိရှိ ထုတ်လည်းမရ ထည့်လည်းမရဖြစ်ပေါ်အောင် ပြုလုပ်ထားတာတွေလည်း တွေ့မြင်ရပါတယ်။ ကျွန်တော်ကတော့ စေတနာတွေနဲ့ မြန်မာတွေဆီက paypal တွေကို ဝယ်ယူထားပြီး လိုချင်သူတွေကို ပြန်လည်ရောင်းချပေးခဲ့ဖူးပါတယ်။ တစ်နေ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်အဝင်အထွက်ရှိခဲ့ပြီး ယခုအခါ အကောင့် ဝင်ရသော်လည်း ထုတ်လည်းမရ။ ထည့်လည်းမရဖြစ်ခဲ့ရပါတော့တယ်။ သူတို့တောင်းတဲ့ ကျွန်တော် လိပ်စာအမှန်ကို ဘယ်လိုမှပေးလို့အဆင်မပြေလို့ပါ။ photoshop နဲ့ ပြင်ရင်တောင်သူတို့က လိမ်တယ်ဆိုတာသိနေလို့ အကြောင်းပြချက် ဘယ်လိုပဲပေးပေး သူတို့လိုချင်တာပဲတောင်းနေပါတော့တယ်။



Posted from my blog with SteemPress : https://news.sannaychi.com/?p=575
Sort:  

အို အဲ့သလိုလား

Hi, @nayhlaingsoe!

You just got a 0.81% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ဟုတ်ကဲ့ ကျေးဇူးပါ