ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 2

in #story7 years ago (edited)

သင့်ရဲ့ မဟာဗျူဟာကို ပြောင်းလဲပါ

တစ်နေ့၌ မျက်မမြင် လူတစ်ဦးဟာ အဆောက်အဦးတစ်ခုရဲ့ လှေကားထစ်များပေါ်မှာ ထိုင်နေလျက် သူ့ရဲ့ ရှေ့အောက်ဖက် အ နီးမှာ ဦးထုပ်တစ်လုံးနှင့် အတူ `` ကျွန်တော်ဟာ မျက်မမြင် တစ်ဦး ဖြစ်ပါတယ်။ကျေးဇူးပြု၍ ကူညီပါ ´´ ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ် ကတ်ပြား တစ်ခုကို ထောင်ထားလျက် တွေ့မြင်ရပါတယ်။

၎င်းအချိန်မှာ တီထွင်ကြံဆဥာဏ်ကောင်းတဲ့ လူထုဆက်သွယ် ပြန်ကြားရေး အမှုဆောင်တစ်ဦးဟာ လမ်းလျှောက်လာစဉ် အနား ရောက်ရှိလာခဲ့ပြီး သူ့ကို အကဲခတ်ကြည့်ရှုလိုက်ပါတယ်။ ဦးထုပ် အတွင်းမှ အကြွစေ့ အနည်းငယ်ကို မြင်တွေ့ရသွားတဲ့အခါပိုမိုများ ပြားတဲ့ အကြွေစေ့များကို ဦးထုပ်အတွင်းသို့ထည့်ပေးလိုက်ပါ တယ်။ ပြီးတော့ တစ်စုံတစ်ရာ ခွင့်တောင်းမနေတော့ဘဲ ဆိုင်း ဘုတ်ကတ်ပြားကို ကောက်ယူလိုက်၍ မျက်နှာပြင် နောက်တစ်ဖက် ကို လှည့်လိုက်ပြီး အခြားစာတန်းတစ်ချို့ကို ရေးသားလိုက်ပါတယ်။ ပြီးတော့ သူဟာ ကတ်ပြားကို အောက်နားမှာ ပြန်ထားလိုက်ပြီး ထွက်ခွာသွားခဲ့ပါတယ်။

ထိုညနေပိုင်းမှာ တီထွင်ကြံဆဥာဏ်ကောင်းတဲ့လူထုဆက်သွယ် ပြန်ကြားရေး အမှုဆောင်ဟာ မျက်မမြင်လူကြီးရှိရာကို ပြန်ရောက် လာခဲ့ပြီး ဦးထုပ်အတွင်းမှာတော့ ငွေစက္ကူ နှင့်အကြွေများ အပြည့် ဖြစ်နေတာကို မြင်တွေ့ရပါတယ်။မျက်မမြင်က သူ့ရဲ့ ခြေလှမ်းများ ကို သတိပြုမိခဲ့ပြီး ဆိုင်းဘုတ်ကတ်ပြားကို ပြင်ရေးခဲ့သူ ဖြစ် တယ် ဆိုရင် ဘယ်အကြောင်းအရားများ ရေးခဲ့သည်ကို သိရှိလို ကြောင်း ပြောဆိုလိုက်ပါတယ်။လူထုဆက်သွယ် ပြန်ကြားရေး အမှုဆောင် က မမှန်တာ တစ်ခုမှ မရှိပါဘူး။ အခြားပုံစံ တစ်မျိုး နဲ့သင့်ရဲ့ ကတ်ပြားပေါ်မှာ ပြင်ရေးခဲ့တာပဲ ဖြစ်ပါတယ်´´ လို့ ပြန်ပြောလိုက် ပါတယ်။ ပြီးတော့ ပြုံးလိုက်ပြီး သူရဲ့ သွားရန် လမ်းကို ထွက်ခွာလာ ခဲ့ပါတယ်။မျက်မမြင်လူကြီး ကတော့ သူ့ရဲ့ ကတ်ပြား အသစ်မှာ ရေးထားတဲ့ ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်ကတော့ မမြင်တွေ့နိုင်ပါဘူး ´´ ဆိုသော စာသားကို သိနိုင်မှာ မဟုတ်ပါဘူး။

တစ်စုံတစ်ရာကို သင့်ရဲ့ နည်းလမ်းနဲ့ မလုပ် ဆောင်နိုင်တဲ့ အချိန်မှာ သင့်ရဲ့ မဟာဗျူဟာကို ပြောင်းလဲလိုက်ပါ။ ထိုသို့ ပြုလုပ် လိုက်ခြင်းက အကောင်းဆုံးဖြစ်လာတာတွေကို သင်မြင်တွေ့ရပါ လိမ့်မယ်။ထိုသို့ပြောင်းလဲမှုတိုင်းဟာ ကျွန်တော်တို့ ရှင်သန်ရပ် တည်ဖို့အတွက် အကောင်းဆုံး ဖြစ်ကြောင်းကို ယုံကြည်မှု ရှိပါ။

(၁) အနည်းငယ်မျှ ပြုပြင်ရုံကာမျှဖြင့် ရလာဒ်များ ပြောင်းလဲ သွားနိုင်ပါသလား။
……………………………………………………………………………………………………

(၂) ပြင်ဆင်ရေးသားလိုက်တဲ့ ဆိုင်းဘုတ် ကတ်ပြားက ပြည့်စုံတဲ့ လူသားများကို ပိုမို ပြည့်စုံစေခဲ့သလား။
……………………………………………………………………………………………………

Translator >> @shweyaungmyanmar

ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 3 >> https://steemit.com/myanmar/@shweyaungmyanmar/bawdthn-sitaayapany-baathayapn-pundefinedyapngundefined-3

Sort:  

Congratulations @shweyaungmyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

You made your First Vote

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!