အခုတစ်လော
သူများစာ ကဗျာ တွေ copy. ယူ
ကိုယ့်ကဗျာလုပ် တင်ကြတာတွေ
ပိုပိုကြားလာတယ်
မေကတော့ ကိုယ်တိုင် လည်း
မစို့မပို့လေးတွေ ရေးနေတော့
စာရေးသူတွေကို ကိုယ်ချင်းစာပါတယ်
နာမည်ကြီးချင်တဲ့ ( cele ဖြစ်ချင်တဲ့)
လောဘကြောင့်လို့ထင်ပါတယ်
မေ စဉ်းစားတယ်
Fb မှာ နာမည်ကြီးရင်
ဘာအကျိုးရှိသလဲ??
စာရေးကောင်းတယ်လို့ အထင်ကြီးခံရရင်
ဘာ အခွင့်အလမ်း ရှိသလဲ??
တကယ်တော့ စာကဗျာ ခိုးတာလည်း
သူခိုးပါပဲ
ပိုင်ရှင်မပေးသောပစ္စည်းကို မသိအောင်ယူခြင်းမို့ ငါးပါးသီလ ထဲက
သီလတစ်ပါးကို ဖောက်ဖျက်တဲ့ အကုသိုလ် အမှုပါ
သံသရာအထိ မကောင်းကျိုးပေးမှာပါ
သူများဦးနှောက် ခိုးယူ တဲ့အတွက်
နောင်ဘ၀ဆိုတာ ရှိခဲ့ရင်
ဉာဏ်ရည်ချို့တဲ့သူများ ဧကန် ဖြစ်မှာပါ
ကြောက်စရာကောင်းတဲ့ အမှုကိစ္စဖြစ်လို့
ရှောင်နိုင်ကြပါစေလို့ သတိပေးပါရစေ
မနှစ်က မေ့fri တစ်ယောက် အဲလိုလုပ်တာတွေ့လို့ သူ့အတွက် ရေးခဲ့တဲ့
သတိပေးစာလေး ပြန်တင်ပေးလိုက်ပါတယ်
*** လောဘ ***
သူငယ်ချင်း
အလိုရမက်ကြီးခြင်း ဆိုတဲ့ လောဘဟာ
လောင်မြိုက်စွမ်းများတယ်
ကိုယ်တိုင်အစွမ်းအစ မထုတ်ဘဲ
ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို
ပိုင်ဆိုင်ချင်တဲ့ လောဘဖြစ်လာရင်
မင်း ပူလောင်ရတော့မယ်
အောင်မြင်ချင်တယ်
ချမ်းသာချင်တယ်
ထင်ပေါ်ကျော်ကြားလိုတယ်
အားလုံးရှိသင့်တယ် သူငယ်ချင်း
ဒါပေမဲ့ မှန်ကန်တဲ့ အားထုတ်မှုမျိုး
ဖြစ်သင့်ပါတယ်
ကိုယ့်ရဲ့ပင်ကိုယ်ဗီဇ နဲ့ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး
အောင်မြင်မှု အတိုင်းအတာတွေ
ကွဲပြားခြားနားသွားတတ်ပါတယ်
ဒါတွေကို မသိချင်ယောင်ဆောင်လို့
မတူတာတွေ ညှိချင်ဇောနဲ့
ထင်ရာမလုပ်နဲ့ သူငယ်ချင်း
သိက္ခာကိုတော့မထိပါးပါစေနဲ့
လောဘကိုထိန်း သောကတွေငြိမ်းပါစေ
photo credit;Google Image.
Author; yemin
Nice
Thank