လူကိုဖျက်တော့ အပိုင်း (၁၆)
လေးစားစွဲငြိမိသည့်အတိုင်း မိနွယ်တစ်ယောက်သည် သို့သည်နှယ် ဖြစ်သွားရသည်နှင့် မောင်ငြိမ်းအဖို့ ယူကြုံးမရ လွမ်းမောတမ်းတနေရသည်။
ဖြေသိမ့်မရအောင် ဖြစ်နေရသည်။
မိနွယ်ကွယ်လွန်သည်နှင့် မောင်ငြိမ်းသည် နှစ်ဖက်မိဘများကို အချိန်မီ အကြောင်းကြားခဲ့သည်။
မောင်ငြိမ်း၏ မိဘများသာ လာသည်။
မိနွယ်၏ မိဘများ ပါမလာခဲ့ချေ။
"သမီးမိုက်အတွက် နောက်ထပ် ပူပင်စရာမရှိ။
စိတ်အေးသွားရပြီ"ဟုသာ စကားလက်ဆောင်ပါလာခဲ့သည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း