လူကိုဖျက်တော့ အပိုင်း (၁၉)
အရိပ်တကြည့်တကြည့် ဖြစ်နေလေဖြစ်သည်။
သို့သော ငယ်စဉ်ကပင် အသောက်အစားကင်းခဲ့သူ မောင်ငြိမ်းသည် မိနွယ်ဆုံးပါးပြီး တစ်နှစ်လောက်မှစ၍
သေအရက်ကို သောက်တတ်လာခဲ့သည်။
သမီး မိဖြူကပြောလျှင်လည်း သမီးအမေကို လွမ်းလို့
မမေ့နိုင်လို့ အလုပ်ကိုလည်း ပင်ပန်းလို့ဟူ၍သာ အကြောင်းပြခဲ့သည်။
မိဖြူလည်း ဖခင်စကားကို ကြားရသည်နှင့် မည်သို့ ပြန်လည်ပြောရမည် မသိတော့သဖြင့် ငြိမ်နေရတော့သည်။
မိဖြူအသက်ဆယ့်ခြောက်နှစ်အရွယ် ဆယ်တန်းရောက်သည့် နေ့တစ်နေ့တွင် မောင်ငြိမ်းအလုပ်မှ
အပြန်သေရက်အလွန်အကျွံ မူးပြီး ပြန်လာသည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း