which do you afraid?i don't need to trouble,but we will see the trouble many time.
ကောင်းကောင်းဝတ်ချင်တယ် ကောင်းကောင်းစားချင်တယ် သက်တောင့်သက်သာနေချင်တယ်
ချမ်းသာကြွယ်ဝသူဖြစ်ချင်တယ် သြဇာအာဏာပြည့်ဝသူဖြစ်ချင်တယ် လူတကာရဲ့အလေးဂရုပြုတာကိုခံချင်တယ် ပေါ့
ဒါပေမယ့်ပေါ့..ကျနော်တို့ဟာကိုယ်ဖြစ်ချင်တိုင်းဖြစ်မလာတာတွေကိုတဖြည်းဖြည်းသိလာရတယ်...အသက်အရွှယ်ကလည်း
တစ်ဖြည်းဖြည်းကြီးလာခဲ့ကြတယ်...ဖြတ်သန်းလာခဲ့တဲ့အပိုင်းအခြားမှာ အခက်အခဲတွေ အကြပ်အတည်းအကျဉ်းအမြောင်းတွေ
နဲ့လည်း အကြိမ်ပေါင်းများစွာတွေ့ကြုံရင်ဆိုင်ဖြတ်သန်းလာခဲ့ရတယ်....ခံစားလို့မကောင်းတဲ့စိတ်ခံစားမှုတွေနဲ့ဖြတ်သန်းခဲ့ရဖူးတယ်
ဒီတော့ဒီဆင်းရဲဒုက္ခဆိုတဲ့အရာဟာငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသြဇာအာဏာပါဝါတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသေချာပေါက်
တွေ့ကြုံကြရမှာပါ..သူပဲဖြစ်ဖြစ်..သူမပဲဖြစ်ဖြစ်...ဘယ်သူဖြစ်ဖြစ် ရှောင်လွဲလို့မရနိုင်ဘူးဆိုတာသေချာနေပါပီ။
ဘဝမှာလူတိုင်းရင်ဆိုင်ကြရမယ်အခက်အခဲတွေအကြပ်အတည်းအကျဉ်းအမြောင်းတွေ ကသင်မလိုချင်သည်ဖြစ်စေလိုချင်သည်ဖြစ်စေရောက်လာမှာပဲ။ကျနော်ထင်ပါတယ်တကယ်တော့ဒီအခက်အခဲဆင်းရဲဒုက္ခတွေနဲ့ကြုံ
တွေ့တဲ့အချိန် သတ္တိရှိရှိရင်ဆိုင်ဖြတ်သန်းသူနဲ့ငြီးတွားလက်မိုင်ချသူရယ်လို့နှစ်မျိုးရှိလိမ့်မယ်၊သတ္တိရှိရှိနဲ့ဘယ်လိုအခက်အခဲကိုမှမမှုပဲ
ထိတ်တိုက်ရင်ဆိုင်ပီးမိမိလျှောက်လမ်းရမယ့်ပန်းတိုင်ကိုအစဉ်တစ်စိုက်ပုံမှန်လမ်းလျှောက်သူတွေဟာတစ်နေ့အောင်မြင်လာမယ့်လူစွမ်း
ကောင်းတွေပါပဲ...ငြီးတွားလက်မိုင်ချပီးစိတ်ပျက်အားလျှော့နေသူတွေကတော့သေချာပါတယ်ဘဝမှာမေးမှိန်စွာအသက်ရှင်ရပါလိမ့်မယ်
သင်ကြောက်ပါတယ်ဆိုတဲ့ဒုက္ခတွေကလည်းပျားအုံတစ်အုံလုံးဝိုင်းတုတ်ခံရသလိုပိုမိုလာဖို့ရှိပါတယ်။
စကားလေးတစ်ခွန်းကြားခဲ့ဖူးပါတယ်...ဘဝမှာရင်ဆိုင်ကြုံတွေ့ကြရတဲ့အခက်အခဲဒုက္ခတရားဟာနေမင်းကြီးလိုပူလောင်
လွန်းလှပါတယ်တဲ့...နေရဲ့အပူရှိန်ဟာ နို့ရည်တွေကိုပုပ်သိုးသွားစေပေမယ့်..အချို့သောသစ်သီးတွေကိုတော့ချိုမြိန်လာအောင်ရင့်မှည့်
လာစေပါတယ်တဲ့...ကျနော်တို့လည်းချိုမြိန်တဲ့သစ်သီးတစ်လုံးလိုဘဝမျိုးပဲဖြစ်သင့်ပါတယ်လို့ကျနော်ထင်ပါတယ်
ဇော်မျိုးသန့်(ဖလော်ဆော်ဖီ)
ချိုမြိန်တဲ့ သစ်သီးဘဲ ဖြစ်ပါစေ
ဘွက် ဘွက်
I want to know more, do you know i am your follower @ronaldmcatee is it a red mango ?
အရမ်းစားလို့ ကောင်းမှာပဲ ကျွေးပါလားဗျာ ပို့တ်အရမ်းကောင်း
I want to know more, do you know i am your follower @ronaldmcatee
I visited your page, and found this post amazing! interesting ?,@ronaldmcatee