လေးထပ်ကျောင်းဆောင် အင်ဝမြို့သို့ အလည်တစ်ခေါက်

in #travel7 years ago

image
ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သည် စန္ဒာမုနိဘုရားကြိးနှင့်ကပ်လျက် လေးထပ်ကျောင်းဆောင်သို့ အလည်တစ်ခေါက်ရောက်ခဲ့ပါသည်။ ညောင်ရမ်းမင်းတရားကြီးတည်ဆောက်ခဲ့သော လေးထပ်ကျောင်းတော်မှာ မဟာမြတ်မုနိစေတီကြီး၏ အနောက်ဘက် ကပ်လျက်တည်ရှိပါသည်။ ယခုအခါဆိုလျင် မဟာမြတ်မုနိစေတီနှင့် လေးထပ်ကျောင်းတော်မှာ ကားလမ်းတစ်ခုသာ ခြား၍ရှိနေပါသည်။ ကျောင်းဆောင်တော်ကြီးမှာလည်း အနောက်ဘက်၌ အနဲငယ်ပြိုပျက်နေလေပြီ။ ညောင်ရမ်းတရားသည် လေးထပ်ကျောင်းဆောင်တော်ကို တောင်ဘီလူးဆရာတော်ကို ရည်၍တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းဆောင်တော်ကြီးတည်ဆောက်ရာတွင် အရံကျောင်း ၄၀ ကိုပါ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ အရံကျောင်း ၄၀ မှာ မရှိတော့ပေ။ မည်သည့်ခေတ်အခါက ပျက်စီးခဲ့သည်ဆိုသောအထောက်အထားလဲ မတွေ့ရပေ။ ရာဇဝင်ကြီး၌ ညောင်ရမ်းမင်းတရား၏ ကောင်းမှု့တော် လေးထပ်ကျောင်းဆောင်ကို နတ်ဗိမာန်နှင့်တူသော လေးထပ်ရွှေကျောင်းတော်ဟု မှတ်တမ်းတင်ခဲ့ပါသည်။ သို့သော် ညောင်ရမ်းမင်းတရားကြီးမှာ ကျောင်းတော်ကြီးမပြီးခင် နတ်ရွာစံခဲ့သဖြင့် သားတော် အနောက်ဘက်လွန်မင်းက ပြီးအောင်ဆက်၍ တည်ခဲ့ရပါသည်။ နဂိုကျောင်းတင်ရန် ရည်ရွယ်ရင်း တောင်ဘီလူးဆရာတော်မှာလည်း ပျံလွန်တော်မူခဲ့သဖြင့် တူရွှင်းတောင်ခြေ၌ သီတင်းသုံးနေသော ရှင်မဟာရာမ ဆရာတော်ကို မဟာသင်္ဃနာထ တံဆိပ်ဖြင့်ကျောင်းတော်ကြီးကို တင်လှူခဲ့ပါသည်။ ကျောင်းရံ၄၀တွင် အရှေ့မြောက်ထောင့်၌ သတင်းသုံးသော ဝရာဘိသင်္ဃနာထ ဆရာတော်သည် မဏိကုဏ္ဍလဝတ္တုကြီးကို ပြုစုခဲ့ပါသည်။ ထိုသို့ ကြီးကျယ်ခန်းနားစွာတည်ဆောက်ခဲ့သော ညောင်ရမ်းမင်းတရား၏ လေးထပ်ကျောင်းဆောင်တော်ကြီးမှာ မြေးတော် ပင်းတလဲမင်းလက်ထက်၌ ဖြစ်ပွားခဲ့သော တရုပ်စစ်ပွဲ၌ မီးလောင်၍ ပျက်စီးခဲ့ပါသည်။ ပင်းတလဲမင်းနောက်ဆက်ခံသောညီတော် ပြည်မင်းလက်ထက်တွင် မီးလောင်ပျက်စီးသွားသော လေးထပ်ကျောင်းဆောင်တော်ကို ပြန်လည်တည်ဆောက်ရန်အတွက် တောင်ရွှေနန်းတော်ကို လှူဒါန်းခဲ့ပါသည်။ ယခုလေးထပ်ကျောင်းဆောင်တော်ကြီးနေရာတွင် ထုထည်ကြီးမားပြီး ပန်းတော့လက်ရာများဖြင့် တင့်တယ်လှပသော ဘုံခုနှစ်ဆင့်အုတ်ပြသာဒ်ကြီးကိုတွေ့မြင်ရမည်ဖြစ်ပေသည်။ ပြသာဒ်ကြီးအနောက်ပိုင်း၌ အုတ်ပုံများမှာ အတော်ပျက်စီးနေပေပြီ။ ကျွန်တော်တို့အဖွဲ့ရောက်ရှိသွားသည့် အချိန်၌ ပြသာဒ်ကြီး အရှေ့ပိုင်းမှာ အတော်တင်တယ်ခန့်ညားနေသေးသော်လည်း ပြုပြုထိမ်းသိမ်းမှု့များပြုလုပ်ရန် လိုအပ်နေပေသေးသည်။ ရှေ့မူမပျက် ထိန်းသိမ်းပြီး နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်ဖို့အတွက် လုပ်ဆောင်သင့်ကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။
image

Sort:  

လေးထပ်ျေကျာင်းဆောင် ကြားဖူးတာကြာနေပြီ ရောက်ဖူးချင်တယ်

ွာကြမယ်လေ

မန့်ချင်ရာမန့်တယ် ဒါပဲ

လခွမ်း ဘာပုံကြီးလဲ

ကျေးဇူးပါဗျာ

ဖလိုးပါလုပါခဲ့ပေးတယ်။

အိုကေ အိုကေ ကျေးဇူးပါ

Ok မန့်​လက်​ပီ

ထပ်လာမန့်ကြပါအုံး

လာပိလာပိ😁😁😁😁

လာပါပီ​ရောက်​ပါပြီ human အမြန်​ပြန်​​ရောက်​ပါ​ဇေဗျား။

73% တောင် ရှိနေတာ မြန်မြန်ပြန်တက်မှ့ကိုက်မယ်

လာပါပီဗျာ။ ထိုင်ဝမ် နှင်းပန်း ရေခဲမုန့်။

စားချင်တယ်ဗျာ

လာment သည်

ကျေးဇူး bro

လေးထပ်ကျောင်းဆောင် အကြောင်းသိရတည အရမ်းကျေးဇူးတင်ပါတယ်

World of Photography
>Visit the website<

You have earned 5.10 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.02
Server time: 12:00:09
Account Level: 0
Total XP: 10.15/100.00
Total Photos: 2
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank

This post has received a 15.63% upvote from @sureshot thanks to: @min2thant!

@sureshot is part of the @fivestargroup movement in collaboration with @block-buster Witness.