ႁမြ

in #writing6 years ago

မြွေသည် ရက်ပတီလီယာ မျိုးပေါင်းတွင် စကွာမေတာမျိုးစဉ် ဆာပင်တီး မျိုးစဉ်ခွဲ၌ ပါဝင်၏။ မြွေကို ကိုင်ကြည့်လျှင် အေးခြင်းမှာ ယင်းသည် သွေးအေး သတ္တဝါဖြစ်ခြင်းကြောင့် ဖြစ်သည်။

လူတို့သည် မြွေကို များသောအားဖြင့် ကြောက်၏။ ထို အချက်ကြောင့်ပင် မြွေကို ကြောက်စိတ်မရှိသူများအဖို့နှင့် ကြောက်စိတ်ကို ကျော်လွန်နိုင်သူများအဖို့ မြွေသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာလေသည်။ မြွေကို လူသည် မွေး ကတည်းက ကြောက်မလာချေ။ ကလေးသည် မြွေကို ကြောက် စိတ်နှင့် ကြည့်သည့်ထက် စိတ်ဝင်စားစွာ ကြည့်သည်က များသည်။

ခြေထောက် မရှိသော တွားသွားသတ္တဝါများတွင် မြွေကို လူသိ အများဆုံးဖြစ်သည်။ မြွေကို အခြားဒေသများတွင် တွေ့ရ သည်ထက် မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်းဒေသများတွင် ပို၍ တွေ့ရသည်။ အကြီးဆုံး မြွေများကိုလည်း အပူပိုင်း ဒေသများ တွင်သာ ပို၍ တွေ့ရသည်။ အချို့မြွေများသည် ပေ ၃ဝ အထိ ရှည်တတ် ကြသကဲ့သို့ ငါးလက်မထက်ပို၍ မရှည်သော မြွေ ကလေးများကိုလည်း တွေ့ရသည်။ နယူးဇီယန်၊ အိုင်ယာလန် နှင့် ဟာဝိုင်းယန်းကျွန်းများတွင် မြွေကို မတွေ့ရချေ။ ဟာဝိုင်း ယန်းကျွန်းတွင်မူ နောင်အခါ၌ ဘေးမပြုသော မြွေများကို ယူဆောင်သွားကြသဖြင့် တွေ့ရလေသည်။မြွေများ၌ မျက်ခွံများ မရှိကြချေ။ ထိုကြောင့် မည်သည့် အခါမျှ မျက်စိကို မမှိတ်ကြချေ။ မျက်စိများကို ကာကွယ်ရန် ပျဉ်းတွဲသော အလင်းပေါက်အမြှေးရှိသည်။ ထိုသို့သော မျက်စိ မျိုးရှိခြင်းကြောင့် ယင်းအား သားကောင်ကို ညှို့နိုင်စွမ်းရှိသည်ဟု အများက ထင်ကြခြင်းဖြစ်သည်။ မြွေသည် ယင်း၌ အခြား တိရစ္ဆာန်များ မှာကဲ့သို့ ခြေထောက်များ မရှိသဖြင့် နံရိုးများ ဖြင့်သာ သွားရသည်။ မြွေ၌ နံရိုးအမြောက်အမြားရှိ၍ တစ်ခုစီ သည် ကျောရိုးအစိတ်အပိုင်းနှင့် ဆက်နေ၏။ ထိုသို့ ဆက် သည်မှာ လှုပ်ရှားမှု အများဆုံးကို ပေးနိုင်အောင် ဆက်နေကြ သဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်လေသည်။

မြွေ၏ အစာများတွင် ပိုးကောင်များ၊ ငါး၊ ဖား၊ ဖွတ်ပု တတ်များ၊ ငှက်နှင့် ငှက်ဥ၊ မြေကြွက်နှင့် ကြွက်ဝမ်းဖြူ၊ တွင်းယုန်နှင့် အခြားနို့တိုက်သတ္တဝါငယ်များ ပါဝင်သည်။ မြွေ အုပ်စု တစ်ခုကမူ အခြားမြွေမျိုးစိတ် များလောက်ကိုသာ စား သောက်ကြသည်။ စပါးကြီးမြွေနှင့် စပါးအုံးမြွေများကဲ့သို့သော အချို့ မြွေမျိုးစိတ်တို့သည် သားကောင်ကို ရစ်ပတ်၍ ချေပြီးမှ မျိုလေ့ရှိကြသည်။ အချို့ မျိုးစိတ်ကမူ သားကောင်ကို အဆိပ် ဖြင့် ပေါက်ပြှီး မျိုလေ့ရှိကြသည်။ သားကောင်ကို ရစ်ပတ်၍ ညှစ်လေ့ရှိသော မြွေမျိုးစိတ်သည် အကောင်တွင် ကြီးမားသော်လည်း လူကို အခြားမြွေမျိုးစိတ်များလောက် ဘေးအန္တရာယ် မပြုလှချေ။ အချို့မျိုးစိတ်သည် သားကောင်ကို ပထမ မသတ်ဘဲ အရှင်လိုက် မျိုချလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ မြွေအမျိုခံရ သည့် သားကောင်များသည် မြွေ၏ ဝမ်းပိုက်အတွင်းသို့ ရောက်သွားသောအခါ ပျောက်ကွယ်သွားရလေသည်။ မြွေသည် မိမိထက် ကြီးမားသော သားကောင်များကို မျိုနိုင်ခြင်းမှာ မြွေ၏ ပါးစောင်ရိုး အနေအထားနှင့် အခြားပါးစပ်နှင့် လည် ချောင်းတို့၏ ပတ်ဝန်းကျင်ရှိ အရိုးအစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် လျော့လျည်းလျည်း ဆက်နေကြခြင်းကြောင့် ဖြစ်သည်။ အစာကို မျိုချလိုက်ရာတွင် ပါးစောင်းရိုးသည် မနာမကျင်ဘဲ ပြုတ်သွားလေသည်။ ထိုကြောင့် အရှည်တွင် နှစ်ပေမျှသာရှိ၍ လုံးပတ်တွင် လူ၏ လက်ချောင်းထက် ပို၍ မကြီးသော တောင်အာဖရိကတိုက်ရှိ မြွေတစ်မျိုးသည် ကြက်ဥ တစ်လုံးကို အခွံမကွဲစေဘဲ မျိုချနိုင်ခြင်း ဖြစ်သည်။ သို့သော် ဥသည် မြွေ၏ လည်ချောင်းအလွန်လောက်သို့ ရောက်သွား သောအခါ ကျောရိုးမှ စွန်းထွက်နေသော အရိုးစွန်းနှင့် တိုက်မိပြီး ကွဲသွားလေသည်။ ထိုအခါတွင် ဥအခွံ၏ အစအန များသည် ထွက်လာကြလေသည်။မြွေသည် တစ်နှစ်အတွင်း အရေခွံကို ကြိမ်ဖန်များစွာ လဲနိုင်၏။ ထိုသို့ လဲရာတွင် အရေခွံ၏ အတွင်းဖက်ကို အပြင်သို့ရောက်အောင် ထုတ်ပစ်ခဲ့ကြသည်။ မြွေသည် အစာကို တစ်နှစ်၊ သို့မဟုတ် တစ်နှစ်မက မစားဘဲ နေနိုင်သော်လည်း အချိန်မှန်မှန်နှင့် မကြာခဏ စားသောက်တတ်သည်။ ထိုသို့စား၍ ပိုသောအစာများကို အဆီအဖြစ်ဖြင့် ကိုယ်တွင်း၌ သိုလှောင်ထားတတ်သည်။ ရှေးခေတ်က လူများသည် မြွေကို ဥစ္စာဓနနှင့် ဉာဏ်ပညာကို ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကာ ကိုးကွယ်ခဲ့ကြ၏။ အလယ်ခေတ်လောက်တွင်မူ စုန်းကဝေများနှင့် အဆက်အသွယ် ရှိသည်ဟု ယုံကြည်ခဲ့ကြလေသည်။ ထိုပြင် ဂူများအတွင်း ဥစ္စာများကို စောင့်ရှောက်နေကြသော ဥစ္စာစောင့်မြွေကြီးများ၏ ဒဏ္ဍာရီများကိုလည်း မကြာခဏ ကြားကြရပေသည်။[၂]Screenshot_20181206-133143.jpg