"မကြောက်သင့်တဲ့ အကြောက်တရား"
ဒီနေ့
ကဆုန်လထဲကရက် တစ်ရက်၊ ရာသီဥတုကတော်တော်လေး ပူပြင်းလွန်းလို့ နည်းနည်းပါးပါးလေးများ အလုပ်များမိရင်တောင် တော်တော်လေးပင်ပန်းသလိုခံစားရတယ်။ရန်ကုန်မြို့ထဲကတိုက်ခန်းလေးထဲမှာ ရုံးခန်းလေးတွဲဖွင့်ပြီး ဝန်ထမ်းနှစ်ယောက်လောက်နဲ့ အရောင်းအဝယ်စီးပွားရေးလေး အောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်လေးပေါ့။နေ့လည်....နေ့လည်စာစားပြီးတဲ့အချိန် ဒီနေ့အတွက်အလုပ်စာရင်းမှာ အလုပ်သိပ်မရှိတော့နဲ့ ဝန်ထမ်းမလေးတွေကို စောစောပဲရုံးဆင်းပေးလိုက်တယ်၊ နေ့လည်စာစားတဲ့ ဟင်းတွေထဲမှာ ဘာများသွေးတက်စားမိလဲမသိ!ဘာကြောင့်မှန်းမသိပဲ အလိုလိုနေရင်အလွန်အမင်းကို အိပ်ချင်လာခဲ့တယ်၊အလုပ်လဲမရှိတော့တာမို့ အိပ်ယာထဲမှေးခနဲ အိပ်ပျော်သွားခဲ့တော့ပါတယ်...
ခေတ်လွန်ရုပ်ရှင်တွေထဲမှာ တွေ့ဘူးတဲ့ ပုံရိပ်လိုမျိုး,,လူပုံစံ အဖြူရောင်အရိပ်၊ထိုအရိပ်မှာ ဆံပင်၊မျက်လုံး၊နာခေါင်း၊ ပါးစပ် ၊ ခြေ၊ လက် အဂါင်္တွေဘာမှမပါတဲ့ လူသားတစ်ဦးပုံစံ အဖြူရောင်အရိပ်တစ်ခု...ထိုအရိပ်သည် ကျွန်မအနားတဖြည်းဖြည်းကယ်လာခဲ့ပြန်တယ်..ထိုအရိပ်က ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာနူးညံစွာ ပွေ့ဖက်ထားတယ်.. ပွေ့ချီပြန်တယ်...အဖြူရောင်အရိပ်ကနေ ထွက်ပေါ်လာတဲ့ အသံ..." ကြည့်ပါဦး.. ဒီကလေးတော်တော်ပင်ပန်းနေတာနဲ့တူပါတယ် "...ထိုအရိပ်သည် လူတစ်ဦးတစ်ယောက်မဟုတ်မှန်း မသိစိတ်ကရော အသိစိတ်ကပါ သိနေသလိုပဲ.... ထိုစကားသံကြောင့် လန့်ဖြန့်ကာနိုးလာခဲ့တယ်၊ နိုးနိုးချင် စက္ကန့်ပိုင်းအတွင်းမှာ ကြားနေကြ မဟုတ်တဲ့ပတ်ဝန်းကျင်၊ ထူးဆန်းတဲ့နမိတ်ပြမှု၊ကိုယ်မမြင်နိုင်တဲ့ တခြားတဖက်ကလောကသားတွေပြောနေကြတဲ့ စကားသံတွေ..ထိုစကားသံတွေကိုနားထဲက ရှင်းရှင်းလင်းလင်းကြားနေခဲ့တယ်။အခုဖြစ်နေတဲ့ အရာတွေဟာ အိမ်မက်လား တကယ်ပဲလားလို့တောင် ကိုယ့်ကိုကိုယ် ဝေးခွဲမရခဲ့။ ဇောချွေးတွေပြန်ပြီ ခန္ဓာကိုယ်တစ်ခုလုံးကြောက်တဲ့စိတ်ကကြီးစိုးသွားခဲ့တယ်...ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ကြောက်လန့်နေမိခဲ့တယ်။ထိုကြောက်တဲ့စိတ်ကိုကျော်လွန်းပြီး သတိတစ်ခုဝင်လာခဲ့တယ်....
"ဘုရား ဘုရား... အမေ အမေ"ဟုတ်တယ် နယ်ကကျွန်မရဲ့အမေ...ကျွန်မရဲ့အမေနေမကောင်းဖြစ်နေတာ..."အမေ ဘာမှမဖြစ်ပါစေနဲ့ဘုရား" ဘုရားမှ တလို့မပြီးသေး နယ်ကညီမရဲ့ဖုန်းဝင်လာတယ်"မမကြီး အမေအခုပဲဆုံးသွားပြီ..." ဘုရား ဘုရား ကလေးဘဝတည်းက အမေအိပ်နေရင် နှာခေါင်းနားကပ်ကြည့်ရတာ အမော..အမေများ အသက်ရှုသေးရဲ့လားလို့၊အိမ်မက်တွေထဲမှာ အမေသေပြီးလို့အိမ်မက် မက်ခဲ့ရင် နှစ်ရက်လောက် အပြင်းအထန်ခံစားခဲ့ရတဲ့ ခံစားမှု....ကလေးဘဝမှာ အဖေဆုံးပါးသွားတာမို့် မောင်နုမတွေနဲ့ အမေပဲရှိခဲ့တဲ့ဘဝမှာ အမေကိုစိတ်ကူးထဲမှာတောင် မဆုံးရှုံးချင်ဘူး။ ရှင်သန်ခြင်းနဲ့ ဘဝကစခဲ့ပေမဲ့ သေးဆုံးခြင်းနဲ့ နိဂုံးချုပ်ရတဲ့လောက နိယာမတရားကို ဘယ်သူကမှ မလွန်ဆန်နိုင်ခဲ့ပါဘူး။ အကြောက်တရား.... မိမိရဲ့မိခင်ဖြစ်နေပါရဲ့နဲ့ သေဆုံးသွားတဲ့ မိမိမိခင်ကို မိမိကကြောက်နေခြင်း...ဝမ်းနည်းနာကျင်မှု ခံစားချက်တွေခံစားပြီးတော့ အကြောက်တရားက ပြန်ဝင်လာပြန်တယ်..အို..."ငါအမေပဲ ငါဘာမှကြောက်စရာမလိုဘူး" အမေရဲ့ ပုံရိပ်တွေ အမေရဲ့ အသံတွေဟာ သိဘူး၊ကြားဘူးတဲ့ ပရလောကသားတွေရဲ့ ပုံရိပ်တွေလို အတွေးထဲမှာအလိုလိုပေါ်လာပြန်တယ်။ အမေရဲ့နယ်ကအိမ်ကိုပြန်ဖို့ ကျွန်မတစ်ယောက်ထဲ တိုက်ခန်းထဲမှာ တစ်ညတာဖြတ်သန်းရဦးမယ်၊ နောက်နေ့ မနက်မှအဝေးပြေးကားစီးပြီးပြန်ရမှာ....
နေဝင်လာလေ...ပိုကြောက်လာလေ.."ငါအမေက ငါကိုဘယ်တော့မှကြောက်အောင်မလုပ်ဘူးဆိုတာ ငါယုံကြည်တယ်" စိတ်ကိုပြန်တင်းတယ်...အဲ့ညတစ်ညလုံး အကြောက်တရား
နဲ့အသိတရား လွန်ဆွဲနေပြီး ဝမ်းနည်းကြေကွဲမှုတွေနဲ့ တိုက်ပွဲဝင်နေခဲ့ရတဲ့ ညတစ်ည...
ကိုယ့်အမေဖြစ်ပါရဲ့နဲ့ကြောက်မိနေတဲ့စိတ်ကို ကျွန်မအလွန်မုန်းတယ်။ မုန်းနေပေမဲ့...ကြောက်မိနေပါတယ်........
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord