စကားပြောတဲ့အခါတစ်ယောက်နဲ့တစ်ယောက်
အပေးအယူမျှနေမှ ပျော်ဖို့ကောင်းတာပါ။
အင်တာဗျူးမှာမေးနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ
တစ်ယောက်အကြောင်းတစ်ယောက်
ဖလှယ်နေတဲ့ပုံစံမျိုးဆိုပိုကောင်းပါတယ်။
တကယ်လို့သူကသင်နဲ့ပတ်သက်လို့ဘာမှမမေးဘူးဆိုရင်
သူသင့်ကို သိဖို့မကြိုးစားဘူး။
သိပ်စိတ်မဝင်စားဘူးဆိုတဲ့သဘောပါ။
ဒီနေ့အဆင်ပြေလားလို့မေးလို့အင်းအဆင်ပြေပါတယ်
ဆိုရုံလောက်ပဲဖြေတယ်၊သင်ရောအဆင်ပြေရဲလားဆိုတဲ့ မေးခွန်းကို မမေးဘူးဆိုရင်
သူ့စိတ်ထဲမှာသင်မရှိတာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်သင်တစ်ခုခုမေးလို့သူပြန်ပြောတယ်။
ပြန်လည်းမေးခွန်းထုတ်တယ်ဆိုရင်အခြေအနေကောင်းပါတယ်။
@thisonekhin
Sort: Trending