ဗုံးလို့သုံးနှုန်းလိုက်လို့ ငါးရာငါးနဲ့ဆွဲစိလိုက်မယ်တော့ မလုပ်လိုက်ပါနဲ့။
အွန်လို်င်းပေါ်ကအလုပ်နဲ့ပတ်သတ်ပြီး လုပ်ကိုင်သောအရာတစ်ခုကို ဗုံးဟုသတ်မှတ်ထားတာပါဗျာ။
ငါးရာတန်ဗုံးတွေကို အဆက်မပျက် တစ်လုံးပြီးတစ်လုံး ပစ်သွင်းလာခဲ့တာ ဒီနေ့ပစ်သွင်းခဲ့တာ နောက်ဆုံးအကြိမ်ပါပဲ။
နောက်ဆုံးအကြိမ်ဆိုတော့ နောက်ထက်ပစ်စရာ ဗုံးတစ်လုံးမှ မကျန်တော့လို့ပေါ့ဗျာ။
ကစားမလား နားမလား အစားအစာဝါးစားပါဆိုတဲ့ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ဖူးတဲ့စာကို ပြန်အမှတ်ရမိတယ်။
ဒီလိုအခြေအနေက ဆက်ပြီးကစားလို့လည်း ရနိုင်သေးသလို အနားယူလိုက်လို့လည်း အဆင်ပြေနိုင်တဲ့အနေအထား သင်ခန်းစားလည်း ကြေညက်သွားခဲ့ပြီပေါ့ဗျာ။
ဆက်ပြီးကစားမယ် ဆိုရင်လည်း ငါးရာတန်ဗုံးတွေကို မပစ်နိုင်တော့ရင်တောင် တစ်ရာတန် နှစ်ရာတန် ကျဥ်ဆံတွေနဲ့ မကြာခဏတော့ ပစ်နိုင်ဖို့ အခွင့်အရေးလေးတော့ ရှိနေသေးတာပေါ့။
စာတွေတစ်ပုဒ်ပြီး တစ်ပုဒ်ရေးပြီးတင်ပြနေလို့လည်း ဒေါင်းဘုတ်ပေးတဲ့ အဖွားကြီးက ဇီးဒိုး ဒသမ ဇီးဒိုးနှစ်ဆယ်ငါးကနေပြီး ဇီးဒိုး ဒသမ ဇီးဒိုး ဖိုက်အထိ စေတနာကြီးစွာနဲ့ အနုတ်လက္ခဏာပေးလာနေပြီ။
ကဲ ဆက်ရေးနေရင်လည်း ရေးလို့ကုန်မှာမဟုတ်တော့ ကစားမလားနားမလားလို့သာ ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါရစေ......
https://unsplash.com/photos/yjEt1FvMRMk
@thura
Sort: Trending