ကိုယ်စိုက်တဲ့ အသီးကို ကိုယ်တိုင်ဘဲစားသုံးရပါတယ်
ကိုယ်က ချိုသောအသီးကိုစိုက်ထားသလား ချိုတဲ့အသီးစားရမယ်လေ
ခါးသောအသီးစိုက်ထားမိသလား ဒါဆိုရင်တော့ ခါးသောအသီးကိုစားသုံးရပါလိမ့်မယ်
ခါးတဲ့အသီးစိုက်ပြီးချိုတဲ့အသီး ထွက်ပေါ်လာစေချင်လို့တော့မရနိုင်ဘူးလေ
ကိုယ်ကသူတစ်ပါးကို ဘယ်လိုဆက်ဆံသလဲ အဲ့ဒါနဲ့ထပ်တူညီသောဆက်ဆံမှုမျိုး
စိတ်သဘောထား တုံ့ပြန်မှုတွေကို မိမိသည်ပြန်လည်ရရှိလာမည်ဖြစ်လေသည်။
မိမိရဲ့စိတ်သဘောထားအတိုင်းသာသူတစ်ပါးရဲ့စိတ်သဘောကိုရရှိနိုင်သည်ပေါ့
ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့်ပြသနာကိုဖြစ်ပွားစေနိုင်ပါတယ်
ဆက်ဆံရေးကောင်းမွန်သူတွေကတော့ လောကအလယ်မှာလူတွေကြားမှာ
စိတ်လက်ချမ်းသာစွာနဲ့နေကြရပါတယ်
လူတွေဆိုတာကလဲ လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်လေသည်ဘဲလေ
သူ့သဘောချည့်လုပ်နေလို့မရသလို ငါ့သဘောချည်းလဲမဖြစ်နိုင်ပါဘူး
သူ့သဘောငါ့သဘော ညီညွှတ်မျှတနေဖို့ရန်ကတော့ စိတ်ထားကောင်းလေးတွေ
မွေးမြူကြရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်လေးတွေထားတက်ရပါမယ်
မနာလိုသောအကြည့်နဲ့တောင် မကြည့်မိစေရန်သတိထားရပါတယ်
မနာလိုသောစိတ်သည် ဘ၀တစ်ခုကို သောကပင်လယ်ထဲရောက်အောင်
ိပို့ဆောင်နိုင်ပါတယ် သံသရာဘ၀တစ်လျှောက်လုံးအထိလဲ အကျိုးဆက်တွေ
ပေးနိုင်ပါသေးတယ်။ချစ်သောအကြည့်နဲ့သာကြည့်တက်အောင်ေလ့ကျင့်နေ
ထိုင်သင့်တယ်လို့တွေးနေမိတယ်လေ။
@yadanar
အမြဲကြည့်ရမယ်လား
ဟုတ်ပါတယ် ဟီးးးးးးး
This post has received gratitude of 1.17 % from @appreciator thanks to: @yadanar.
thanks you.