သံသရာတစ်ကွေ့မှာ
ဆုံလာဖူးလေရော့သလား
အနားကမခွာ ဝေ့ကာဝဲ
မရဲတရဲလည်းမဟုတ်ဘူး
အင်းလေ
သံသရာအရှည်ကြီးမှာ
ဖန်လာဘ၀တွေ အလ်ီလီရှိလိမ့်မယ်
လက်ဖ၀ါးလေး ဖြန့်ပေးတော့
လက်ဖ၀ါးပေါ်လာနားတယ်
လက်ထဲမှာ ဘာမှဆုတ်ကိုင်မထားဘဲ
ပြုသမျှကုသိုလ် အဖို့အစု အမျှဝေပေးမယ်
သာဓု အကြိမ်ကြိမ် ခေါ်ဆိုပါနော်
ဘုရားစာရွတ်ဖတ်ပူဇော်နေတာ
တစ်ချိန်လုံးလူပေါ်လာနားနေတယ်
@yemin
photo credit:google