#ပရိနိဗ္ဗာန်စံခါနီး__အဆုံးအမတော်
မြတ်စွာဘုရားသခင်သည် ကုသိနာရုံမြို့
မလ္လာမင်းတို့၏ အင်ကြင်းဥယဉ်တော်၌ ပရိနိဗ္ဗာန်
ဝင်စံတော်မူလတ္တံ့သော ညောင်စောင်းတော်မြတ်
ဝယ် နောက်ဆုံးလျောင်းခြင်းဖြင့် လျောင်းစက်
စံနေတော်မူစဉ်တွင် တသောင်းသောစကြာဝဠာ
အတွင်း၌ နေရာလပ်မရှိအောင် အနှံ့အပြည့်တည်
နေကုန်လျက် မြတ်စွာဘုရားကို နောက်ဆုံးဖူးမြော်
ခြင်းဖြင့် ဖူးမျှော်ကန်တော့ ကြကုန်၏ ။ ပန်းနံ့သာ
မျိုးစုံ , တူရိယာမျိုးစုံတို့ဖြင့် ပူဇော်ကြကုန်၏ ၊ ထိုပူ
ဇော်မှုများကို ဤသို့မိန့်တော်မူလေ၏ ။
န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော
သက္ကတော ဝါ ဟောတိ ဂရုကတော ဝါ မာနိတော
ဝါ ပုဇိတော ဝါ အပစိတောဝါ ၊ ယော ခေါ အာန-
န္ဒ ဘိက္ခု ဝါ ဘိက္ခူနီ ဝါ ဥပသကော ဝါ ဥပသိ-
ကာ ဝါ ဓမ္မာနုဓမ္မပဋိပန္နော ဝိဟရတိ သာမိစိပ္ပဋိ-
ပန္နော အနုဓမ္မစာရီ ၊ သော တထာဂတံ သက္ကရော
တိ ၊ ဂရုံ ကရောတိ ၊ မာနေတိ ၊ ပူဇေတိ ၊ အပစိယ
တိ ပရမာယ ပူဇာယ ။ တသ္မာ တိဟာနန္ဒ ဓမ္မာနု-
ဓမ္မပဋိပန္နာ ဝိဟရိသာမ သာမိစိပ္ပဋိပန္နာ အနုဓမ္မာ-
စာရိနောတိ ၊ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗံ ။
( ဒီ ၂ - ၁၁၄ )
#မြန်မာပြန် ။ ။ အို အာနန္ဒာ ! ပန်းနံ့သာ ,
တူရိယာ စသောပူဇော်ဘွယ်
မျိုးစုံတို့ဖြင့် ပူဇော်ခြင်းဟူသော ဤမျှလောက်ဖြင့်
လူ နတ်တို့သည် ငါဘုရားကို အရိုအသေပြုအပ်
သည် မမည်သေး ၊ အလေးပြုအပ် , မြတ်နိုးအပ် ,
ပူဇော်အပ် , ပ - သအပ်သည် မမည်သေး ။
အို အာနန္ဒာ ! ရဟန်းယောင်္ကျားဖြစ်စေ, ရဟန်းမိန်း
မဖြစ်စေ , ဥပသကာဖြစ်စေ , ဥပသိကာမဖြစ်စေ အ
ကြင်တစုံတယောက်သောသူသည် မဂ်ဖိုလ်နိဗ္ဗာန်
နှင့်လျော်သော အကျင့်ကို ကျင့်လျက်နေ၏ ၊ ထို
သို့သောသူသည် ငါဘုရားကို ရိုသေသည်မည်၏ ၊
အလေးပြုသည်မည်၏ ၊ မြတ်နိုးသည်မည်၏ ၊ အ
မြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည် မည်၏ ၊ ပ-သ
သည်မည်၏ ။ အို အာနန္ဒာ ! သို့ဖြစ်၍ " မဂ်ဖိုလ်
နိဗ္ဗာန်နှင့် လျော်သော အကျင့်ကို ကျင့်ကုန်လျက်
ငါတို့ နေထိုင်မည် " ဟု သင်တို့ သည်လိုအား
ထုတ်ရမည် အာနန္ဒာ ! ။
မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ခြင်း ,
ပန်းနံ့သာစသည်ဖြင့် ပူဇော်ခြင်းများသည် ကုသိုလ်
တရားချည်းဖြစ်၍ အရိယာတို့၏ ထွက်မြောက်
ကြောင်းပင်ဖြစ်၏ ။ သို့ဖြစ်ပါလျက် ထိုသို့သော ဖူး
မျှော်ကန်တော့ခြင်း , ပူဇော်ခြင်းမျှဖြင့် ဘုရားကိုပူ
ဇော်သည် မမည်သေးဟု မိန့်တော်မူရာဝယ် ဘု
ရားသခင်၏ မြင့်မြတ်သော အလိုတော်ကို အဋ္ဌ-
ကထာ၌ ဤသို့ဖွင့်ပြ၏ ။ ကပ္ပါပေါင်း လေးအ-
သင်္ချေနှင့် , တသိန်းကာလပတ်လုံး ပါရမီ , စရိယ,
စာဂ တို့ကို အလွန်ခဲယဉ်းငြိုငြင်စွာ ဖြည့်ကျင့်၍
ဘုရားဖြစ်တော်မူရခြင်းသည် နတ်လူတို့အား မဂ်
ဖိုလ်ကို လက်ငင်းရစေရန် အလို့ငှါသာဖြစ်၏ ။
ပန်းနံ့သာစသည်ဖြင့် ပူဇော်ခံရန်အလို့ငှါ ရည်ရွယ်
တော်မူသည် မဟုတ်ချေ ။ ထိုသို့သော ပူဇော်မှုမျှ
ဖြင့် ဧရာမကုသိုလ်ကြီးကို ပြုရပေပြီဟု ရောင့်ရဲ
အားရပြီးလျှင် မြတ်သည်ထက်မြတ်သော သီလ ,
သမထ ,ဝိပဿနာ ကုသိုလ်ဟူသော နိယျာနတို့
ကို အာူမထုတ်ဘဲနေလျှင် ယခုဘဝ၌ မဂ် ဖိုလ်
နိဗ္ဗာန်ကို မရနိုင်သည်သာတည်း ၊ ဝဋ်ဆင်းရဲမှ မ
လွတ်မြောက်နိုင်သည်သာတည်း ။ သည်မျှသာမက
သေး ထိုသို့သော ပူဇော်ခြင်းသည် ဘုရားသာသ
နာတော်ကို တနေ့မျှ , ယာဂုတကြိမ်သောက်မျှပင်
တည်တံ့စေနိုင်သည် မဟုတ်ချေ ။ ကြီးစွာသော
ကျောင်းတိုက်ကြီးတထောင် , စေတီကြီးတထောင်
တို့ကို ဆောက်လုပ်တည်ထားစေကာမူ ဒါယကာ
အား ကြီးမားသောအကျိုးကို ပေးနိုင်သော ကု
သိုလဖြစ်ရုံမျှသာတည်း ၊ သာသနာတော်ကို တည်
တံ့စေနိုင်သော ပူဇော်မှုကားမဟုတ်သေး ။ သီလ ,
သမထ , ဝိပဿနာ ဟူသောပဋိပတ်ကို ကျင့်ခြင်း
သည်သာလျှင် ဘုရားနှင့် ထိုက်တန် သင့်လျော်
သော ပူဇော်ခြင်းနည်၏ ။ သာသနာတော်ကိုလဲ
ရှည်မြင့်စွာ တည်တံ့စေနိုင်၏ ။ ထို့ကြောင့် အကျင့်
ဖြင့် ပူဇော်ခြင်းကိုသာလျှင် အလေးအမြတ်ပြုစေ
လို၍ အထက်ပါမိန့်ခွန်းတော်ကို မိန့်တော်မူလေ
သည် ။ ဤသည်ကား အဋ္ဌကထာ၌ ဆိုလိုသောအ
ဓိပ္ပါယ်တည်း ။ ( အတိအကျပြန်ဆိုချက်ကားမ
ဟုတ် ) မူလပဏ္ဏာသ ဓမ္မဒါယာဒသုတ်၌လဲ
အောက်ပါအတိုင်း ဆုံးမတော်မူ၏ ။
ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ ၊ မာ
အာမိသဒါယာဒါ ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ
" ကိန္တိ မေ သာဝကာ ဓမ္မဒါယာဒါ ဘဝေယျုံ ၊
နော အာမိသဒါယာဒါ " တိ ။ ( မ ၁-၁၅ )
#မြန်မာပြန် ။ ။ အို ရဟန်းတို့ ! သင်တို့
သည် ငါဘုရား၏ မြတ်
သော တရားအမွေကို ခံယူသူတို့ ဖြစ်ကြပါလော့ ,
ညံ့သော အာမိသ အမွေကို ခံယူသူတို့ မဖြစ်ကြ
ပါလင့် ။ " ငါ ဘုရား၏ တပည့်တို့သည် ဘယ်လို
နည်းဖြင့် တရားအမွေခံ ဖြစ်ကြပါမည်နည်း ၊ အာ
မိသ အမွေခံမဖြစ်ကြပါမည်နည်း " ဟု သင်တို့အ
ပေါ်၌ ငါ ဘုရား၏ သည်လိုသနားတော်မူခြင်းဖြစ်
နေပါသည် ရဟန်းတို့ ! ။
ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်
သြဝါဒစရိယ ကျေးဇူးတော်ရှင် မဟာစည်ဆရာ
တော်ဘုရားကြီး၏ ဝိပဿနာရှုနည်းကျမ်း
( ပထမတွဲ နှာ - ၁၃၉,၁၄၀,၁၄၁,၁၄၂ ) တို့မှ
ထုတ်ယူပူဇော်ပါသည်