ရတတ်မအေးတဲ့ မိသန်းအေး
"ဟော ဒီက ဟင်းရွက်စုံတွေ ပါတယ်နော် ငါးခြောက်တွေ ပဲခူးငါးချဉ်အစစ်တွေလဲ ပါတယ် ဒေါ်ကြီးတင်လှတို့ အိမ်က ဒီနေ့ မဝယ်တော့ဖူးလား ?
" လာဦး ဟေ့ ကြည့်ရအောင် !!!
ဒီလိုပဲ ဝယ်မှာက တစ်ရာဖိုး နှစ်ရာဖိုးလဲ ဈေးသည်မဖြစ်တော့ စိတ်ရှည်ရတယ်
ဒေါ်တင်လှတို့အိမ်ထဲ ဈေးဗန်းတောင်း ခေါင်းရွက်တဖက် ဆွဲခြင်းတဖက်နဲ့ ဝင်လိုက်တယ်
" ဘာတွေ ပါလဲ အေ "
အစချီခါ ပါးစပ်ကလဲ ပြော လက်ကလဲ ပါလာသမျှ အသီးအရွက်စုံ ဒေါ်တင်လှ လှန်လှောကြည့်လိုက်တယ်
"အစုံပဲ ကြီးတော်ရေ ဟိုနည်းနည်း ဒီနည်းနည်းပေါ့ "
မိသန်းအေး ခေါင်းရွက်ခံတဲ့ ပုဆိုးစုတ်လေး ယပ်ခပ်ရင် ပြောလိုက်တယ်
" ဒီခရမ်းချဉ်သီးထုပ်လေးတွေက တထုပ် ဘယ်လောက်လဲ ဘယ်နှဆယ်သား ပါလဲ ?
" အစိတ်သားပါတယ် ကြီးဒေါ်ရဲ့ တထုပ် လေးရာ "
" အမလေးဟယ် ညည်းဟာက ဈေးကြီးလိုက်တာအေ ဈေးမှာဆိုရင် "
" အဒေါ်ရယ် ကျမက ရပ်ကွက်ပက်ရောင်းတဲ့ ကုန်စိမ်းလေ ခြေတိုခလေးတွေ ထည့်ရမှာပေါ့ ခုတလော ဈေးတွေ ကြီးတယ် ကုန်ဈေးနုန်းတွေ တက်နေတော့ ဝယ်ရခြမ်းရတာတွေ မလွယ်ဖူး "
" ဟုတ်ပ အေ ငါတို့အိမ်မလဲ မိသားစုသုံးယောက်ထဲ ရှိလို့ပေသာပဲ ဘာဟီရတွေက ကုန်လိုက်တာဆိုတာ "
" အဒေါ်တို့က အိမ်ပိုင်နဲ့ဆိုတော့ တော်သေးတာပေါ့ ကျမတို့မှာက အိမ်ငှားဘဝနဲ့ဆိုတော့ အိမ်ရှိလူကုန်လုပ်ရတာတောင် ကြွေးမြီးမကင်းဖူး အဒေါ်ရေ "
ဒေါ်တင်လှက ခရမ်းချဉ်သီး ဝယ်မလိုလိုနဲ့ ဆွဲခြင်းတောင်းထဲက ငါးခြောက်တွေကို ကိုင်ကြည့်နေပြန်တယ်
" အဲ့ ငါးပြေမခြောက်လေးတွေ ကြော်စား ခရမ်းချဉ်သီးလေးနဲ့ချက်စားလဲ ကောင်းတယ် ဝယ်လိုက်ပါလား တထုပ်မှ တထောင်ထဲ "
"ညည်း ဟာတွေက ဈေးကြီးလိုက်တာ "
ဒေါ်တင်လှ ခပ်ညည်းညည်းပြောတယ်
" ခရမ်းချဉ်သီး လေးတော့ ယူလိုက်မယ် ငရုပ်သီးစိမ်းလေး တစ်ရာဖိုးနဲ့ နံနံပင်လေး တရာဖိုးပေး ဒါနဲ့ ညည်းတို့ အမေကြီးကော နေကောင်းရဲ့လား အိမ်လည်ခေါ်လာပါဦးဟယ် မတွေ့တာကြာပြီ"
" ဟုတ်တယ် အဒေါ်ရေ အမေက ဟိုတလောကမှ ရွာက ပြန်ရောက်လာတယ် နေလဲ သိပ်မကောင်းဖူး "
"ဟယ် ဟုတ်လား အမေအိုကြီးလဲ အသက်ကြီးမှ အိုဇာတာ မကောင်းဖူး ညည်းယေားကျာ်းနဲ့ကော တည့်ရဲ့လား ?
" ဒီလိုပါပဲ အဒေါ်ရယ် ကိုစိုးနိုင်က သိတဲ့ အတိုင်းပဲ "
ဒီလိုပါပဲ ခင်တဲ့အိမ်တအိမ်ကို မိသန်းအေးတို့ဝင်လိုက်ရင် ဈေးရောင်းရရ မရရ တခြားအာလာပ့ ဟိုအကြောင်းဒီအကြောင်းတွေလဲ ပြောနေကျ
ဒီရပ်ကွက်ထဲမှာ အိမ်ငှားနေဖူးတော့ သိနေကျတာ အိမ်ငှားဘဝနဲ့ဆိုတော့ ဟိုအိမ်ပြောင်း ဒီအိမ်ပြောင်း
ျပြောင်းရတာလဲ မပြောနဲ့ သူတို့အိမ်ရှင်တွေက မိသားစုစရိုက်မကောင်းလို့ ဆိုတာတွေ အကြွေးရှင်တွေ ကြွေးလာတောင်းရင် သူ့ယေားကျာ်းအော်ဟစ်ဆဲဆိုတာ တဖက်နဲ့တဖက် အော်ဟစ်ဆဲဆိုနေကျတာ လူကြားလို့ မကောင်းလို့ အိမ်ရှင်က ပက်ဝန်းကျင် သိက္ခာကျတယ်ဆိုပြီး မောင်းထုတ်တဲ့အဆင့်ရောက်လို့ အိမ်ပြောင်းပေးရတာ ခနခနပါပဲ ရန်ကုန်မြို့နယ်လိုနေရာမှာ အိမ်ငှားဈေးတွေကလဲ
ကြီး မိသားစုများရင် လက်မခံချင်ကျဘူး အိမ်ပျက်စီးမှာ စိုးလို့တဲ့လေ အိမ်ရှင်တွေကို တောင်းတောင်းပန်ပန်ပြောမှ ဒါတောင် အိမ်ရှင်တွေက အကြောက ကြီးကြီး သိပ်လက်ခံချင်တာ မဟုတ်ဖူး ဒီလိုပဲ ဆင်းရဲတဲ့ ဘဝရောက်သွားတော့လည်း မိသန်းအေးတို့ အောက်ကျို့ခံတတ်လာပြီလေ
အမှန်တော့ မိသန်းအေးတို့မိသားစုက တောနယ်ဘက်က သူ့အမေက တောသူဌေးမုဆိုးမကြီး သူက တစ်ဦးတည်းသော သမီး သနပ်ခါးခြေစုံခေါင်းစုံလူးပြီး ကြော့ကော့နေအောင် နေရတဲ့ ဘဝ
ရွာအလှုဆိုလည်း သူတို့ပါမှ လူရာဝင်တာမျိုး
မိသန်းအေးအပျိုရွယ်ရောက်တော့ အိမ်မှာ တောက်တိုမယ်ရခိုင်းထားတဲ့ လယ်သူရင်းငှားရဲ့သား ကိုစိုးနိုင်နဲ့အကြောင်းပါ ခိုးရာလိုက်သွားခဲ့တယ် သူ့အမေမုဆိုးမကြီးက သဘောမတူဖူး ဒေါ်သတွေထွက်လိုက်တာ အတင်းလိုက်ခွဲလဲ မိသန်းအေးက ကိုစိုးနိုင်မှ ကိုစိုးနိုင်
တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည်ပူ ယက်ရ ယက်ရဆိုတဲ့ မိသန်းအေး ဘယ်ပူမလဲ သူ့အမေမုဆိုးမကြီးက သူ့ကို မပစ်ထားလောက်ဖူးဆိုတာ သိနေတာပဲ သု့အမေက သူ့ကို ဖတဆိုးသမီးလေးမို့ သိပ်ချစ်ရှာတာ အလိုလဲ လိုက်
နောက်ဆုံးစိတ်လျော့ပြီး လက်ခံလိုက်တယ် အမေမုဆိုးမကြီးက မျက်ရည်တွေနဲ့
ပြန်လာအပ်တဲ့ နေ့က " သမီးရယ် အမိုက်မ ညည်းလင်ကို ဘာကြည့်ပြီး ကြိုက်ခဲ့ရတာလဲ အေရယ် ညည်း မိုက်လိုက်တာ အဲ့ကောင်ပုံစံကို ကြည့် နဖူးရည် ဒူးရေကို ကြည့်တာနဲ့ ငါသိတယ် နင်တော့ လင်ဆိုးမယားဖြစ်တော့မှာပဲအေ "
" အမေကလဲ ကိုစိုးနိုင်က သမီးအပေါ်ကောင်းပါတယ် အရမ်းချစ်တာပါ အရမ်းလည်း ကြင်နာတာ အမေပြောသလိုမဟုတ်လောက်ပါဖူး !!!
" ဟဲ့ ကောင်မရဲ့ ညည်းက မွှန်းနေတော့ ဘယ်သိမလဲ အဲ့ကောင် ဒီယုန်မြင်လို့ ဒီခြုံထွင်တာ ငါသိနေတယ် နော် ဟွင်းးဟွင်းးအခြေအမြစ်မရှိ လောက်လောက်လားလားမရှိ ပုံစံက လက်ကြောမတင်း ခါးလျားရှည် အပျင်းကြီး အမြီးကျတ်အမြီးစား ခေါင်းကျတ် ခေါင်းစားမယ့် ရုပ် စားပါးဝရင် ယေားခမကိုတောင် ကော်ဆဲမယ့် အကောင်မျိုး ငါ ဘယ်လို သမက်တော်ရမလဲအေ လင်ယူတယ်ဆိုတာ အားကိုးဖို့ ဟဲ့ လင်ကို လုပ်ကြွေးဖို့ မဟုတ်ဖူး"
" အမေကလဲ " ဆိုပြီး ကြိတ်မှိတ် ငြိမ်နေလိုက်တယ် သူ့အမေလဲ မောလို့ မပြောနိုင်တော့ဖူး ဂရုဏာဒေါသတွေနဲ့ ရင်နာနာနဲ့ သမက်နဲ့သမီးကို အိမ်ပေါ်ခေါ်တင် ကျွေးထားရတယ် မခေါ်ထားလို့လဲ နေစရာက မရှိ သူ့သမီးလေး အနေအစားဆင်းရဲမှာ စိုးလို့
ုသူ့ရှိတဲ့ လယ်တွေ နွားတွေနဲ့ လုပ်ကိုင်စားဖို့ အရင်းအနှီးတွေကော ထုတ်ပေးခဲ့တယ်
သူ့လင် ကိုစိုးနိုင်က ညားခါစက အရမ်းကြင်နာပြယေားခမကိုလဲ ကြောက်ချင်ယောင်ဆောင် အလုပ်အကိုင်လဲ ဟုတ်မလိုလိုနဲ့ နောက်ဆုံး သူရင်းငှားနဲ့ပဲ အငှားချ အလုပ်အကိုင်ဖြစ်ဖြစ်မြောက်မြောက် မလုပ် နောက်ပိုင်း လင်မယား ရန်ဖြစ်တိုင်း အမေမုဆိုးမကြီးက ဝင်ပါလို့ ယေားခမပါ ငါ နဲ့ကိုင်လာတယ် သု့သမီးထိုးကြိတ်နေတော့လည်း ဘယ်မိဘက ထိုင်ကြည့်နေမှာလဲ ခေါ်လဲ တင်ကျွေးထားရသေး အစော်ကားလဲ ခံရသေး သူ့သမီး မိသန်းအေး ကိုပဲ ရင်နာနာနဲ့ ထိုင်ကြည့်ခဲ့ရတယ်
********
တောမှာ နေလဲ မိသန်းအေးတို့ လင်မယား ဘာမှဖြစ်မြောက်မလုပ်တတ်တော့ ရန်ကုန်မြို့တက်လာကျတယ် သူ့အမေမုဆိုးမကြီးက
" သမီးရယ် မသွားပါနဲ့ တောမှာပဲ လယ်လုပ်ပါ မြို့မှာက မလွယ်ဖူး အမေ့ကိုတယောက်ထဲမထားခဲ့ပါနဲ့ "
တောင်းပန်တာတောင် သူ့လင်သဘောဆိုတော့ မရတဲ့အဆုံး အဖွားကြီးလဲ ခွင့်ပြုပေးလိုက်ရတော့တယ် ရင်းနှီးလုပ်ကိုင်စားဖို့ အိမ်ဝယ်ဖို့ ဝယ်အရင်းအနှီး ပေးလိုက်တယ် အဲ့ခေတ်က ငွေနှစ်သောင်းဆိုတာ နည်းမှ မနည်းပဲ ရန်ကုန်မြို့နယ် ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်လေးတစ်လုံးဝယ်နေတယ် သူ့ယေားကျာ်းကတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ဘာလုပ်လို့ လုပ်ကမှန်းမသိ ပါတဲ့ ငွေလေး အတိုးချေးစား သားလေးနှစ်ယောက်ရတဲ့ထိ အဲ့အချိန် မိသန်းအေး သူ့အမေ့ဆီက ပိုက်ဆံပဲ အမြဲလှမ်းတောင်းပြီး ရင်းနှီးစားသောက်နေရတုန်း ငွေတိုးလေး ချစားလိုက် ဟိုဟာလေးလုပ်ကြည့်လိုက် ဒီဟာလေး လုပ်ကြည့်လိုက် အရင်းနှီးလေး ပြုတ်သွားလိုက် အဲ့အချိန် လင်မယားနှစ်ယောက်လုံး နှစ်လုံး သုံးလုံး ကစားတတ်လာပြီ မိသန်းအေးတို့လင်မယား အောက်သက်မကြေခဲ့တော့ စုဖို့ဆောင်းဖို့ဆို ဝေလာဝေး အမေအားကိုးနဲ့နေလာလိုက်ကျတာ အဖွားကြီးလဲ သုတို့က ဖြုန်းလွန်းလို့ တဖြည်းဖြည်းနဲ့လာပြီ လယ်တွေ နွားတွေလဲ ပြောင်ကုန်ပြီ သမီးနဲ့သမက်ဖြုန်းတာ အဖွားကြီးလဲ သူ့သမီးလေးကို စိတ်မချတာကြောင့် အမျိုးတွေ တားနေတဲ့ ကြားက ရွာက အိမ်နဲ့လယ် ကျန်တာလေး ရောင်းချပြီး သမီးအိမ်မှာ လိုက်နေခဲ့တယ် သမီးအိမ်ဆိုတာလဲ သူ့အိမ်ပဲလေ သူ့ပိုက်ဆံနဲ့ဝယ်ထားတာဆိုတော့
သမက်ကတော့ သိပ်မကြည်ဖူး အရင်လိုလဲ မထောက်ပံ့နိုင်တော့ အရိုသေတန်လာတယ် ဒီသမီးတယောက်ပဲ ရှိလို့ ရွာမှာ တယောက်ထဲနေခဲ့ရတာ အထီးကျန်ပြီး မြေးတွေနဲ့သမီးကို လွမ်းရှာမှာပေါ့
ဒီလိုနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် အဖွားကြီးလက်ကျန်ပါတာလေး ထိုင်စား ကလေးတွေကျောင်းစရိတ် အပါအဝင် သူတို့လင်မယားရဲ့နှစ်လုံးသုံးလုံးကြောင့် ရှိတဲ့ အိမ်ပါရောင်းပြီး အိမ်ငှားဘဝနဲ့ကျင်လည်ခဲ့တာ ခုဆို သူ့သားတွေတောင် ပညာတပိုင်းတစတွေနဲ့ အသက်နှစ်ဆယ်ကျော်အရွယ်ရှိလာခဲ့ပြီ တယောက်က ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ပဲ အလုပ်လုပ်တယ် သားအငယ်ကောင်က ဆယ်တန်းတောင် မအောင်ဖူး သူလဲ အလုပ်ကြမ်းသမားဖြစ်သွားတယ် သူ့လင်လည်း လက်သမားလိုလို ပန်းရံလိုလို ကုန်ထမ်းလိုလို ဟိုလိုလို ဒီလိုလို ဘဝနဲ့ ပင်ပန်းတာကို အကြောင်းပြပြီး အရက်သောက်ရာက အရက်သမားလုံးလုံးဖြစ်သွားတယ်
အရက်သမားကို ဘယ်သူကမှ အလုပ်မပေးချင်ကျဘူး အဲ့တော့ ကြုံရာကျဘန်း အလုပ်က တလမှာ ဆယ်ရက်လောက်ပဲ အလုပ်ရှိတယ် ကျန်တဲ့ရက် အိမ်မှာ ထိုင်စား အလုပ် ရဖို့ပြောပေးမယ့်သူ ရှိတာတောင် သူ့ယေားကျာ်းက ဝင်မလုပ်ဘူး အရက်မသောက်ရမှာစိုးလို့ …မိသန်းအေးလည်း သူ့လင်ပြောမနိုင်တော့ဘူး အရင်ကတည်းကလည်း ဘာမှ မယ်မယ်ရရလုပ်ခဲ့သူမဟုတ်တော့ သူ့အလုပ်က တခါတလေ ကျဘန်းရရင် ဝင်လုပ်တယ် ရတဲ့ ငွေထဲက အရက်ဖိုးချန်ပြီးမှ ကျန်တာ ပေးတယ် ဘယ်မှာ သူတို့မိသားစု စားလောက်မှာလဲ ?မိသန်းအေးသိလာတာက အချစ်တခုထဲနဲ့ ဘဝကို တည်ဆောက်လို့ မရဖူးဆိုတာပဲ အဲ့တော့ မိသန်းအေးပါ ထွက်ရုန်းရတော့တာပေါ့ ဒညင်းကုန်းမှာ မနက်အစော ကုန်စိမ်းတွေ ဖောက်သယ်ဈေးနဲ့ဝယ်တင်
ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလို ဟာမျိုး အထုပ်လေးတွေ ထုပ် မုန်လာတွေ မုန့်ညင်းစိမ်းတွေ တစည်းစာကို နှစ်စည်းစာရအောင် ပြန်ပြင်စီး တောင်းထဲထည့် ဆွဲခြင်းမှာက ငါးခြောက်တွေ ငါးချဉ်တွေ ငါးပိတွေ ထည့် တောင်းကို ရွက် ဆွဲခြင်းက တဖက်နဲ့ ရပ်ကွက်ပက်ပြီး လှည့်ရောင်းရတဲ့ ဘဝရောက်ခဲ့တာ သားအကြီးကောင် ငါးတန်အရွယ်လောက်က စခဲ့တာ ခုဆို သူ့အသက်တောင် လေးဆယ့်ငါး ငါးဆယ် နီးပါးအရွယ်
ရွှေခေါင်းပြောင်ပြောင် ဝမ်းခေါင်းခေါင်းဘဝတွေက လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တာဆိုတော့လည်း ခြေတိုအောင် ရောင်းနိုင်မှ စားလောက်ယုံရှိခဲ့တာ အပိုဆောင်း ငွေပိုငွေလျံက မရှိ မနက်ပိုင်း ဈေးလှည့်ရောင်းပြီးရင် နေ့ခင်းနေ့လည် ရာသီစာလေးတွေပါ ရပ်ကွက်လှည့်ပြီး ထပ်ရောင်းရသေးတာ ဘဝတွေက ပင်ပန်းလိုက်လေခြင်း
ဒီကြားထဲ အကြွေးကျရင် ညနေတိုင်း ပိုက်ဆံအိတ်တလုံးနဲ့ သွားတောင်းရသေးတယ် အိမ်ပြန်နောက်ကျလို့ မိုးချူပ်မှောင်သွားရင် သူ့လင်ကြီးက မူးမူးရူးရူးနဲ့ လင်ငယ်နဲ့သွားတွေ့ပြီး ပြန်လာတာပါ ဆိုပြီး စွပ်စွဲ ရိုက်နှက် ဆဲဆိုတာ ညနေတ်ိုင်း လူကြားမကောင်းဖူး အဲ့တော့ မိသန်းအေးအမေကြီးကပါ ဝင်ပြော ဝင်ပြောတော့ အဖွားကြီးကိုပါ ငါနဲ့ကိုင်တုတ်ဆဲ သူ့အမေထိတော့ မိသန်းအေးပါ ဝင်ပြော " နင် ငါ့အမေကို အဲ့လို မဆဲနဲ့ နော် အဝီစိဂျိုးကပ်မယ့်အကောင် " ငါ့ပုံစံအဖွားကြီးအရွယ်ကို ဘယ်သူက လာကြိုက်မှာလဲ သူများကြားရင် ရယ်စရာကောင်းတယ် နင် တော်တော့နော် " ရန်ပွဲက အကြောရှည်တယ် အတော်နဲ့မပီးတော့ဖူး အဲ့အချိန် ကြွေးရှင်တွေပါ ရောက်လာရင် ကြွေးရှင်တွေကိုပါ ကော်ဆဲ ကြွေးရှင်တွေက လမ်းထိပ်ကနေ ပြန်အော်ဆဲ သံသရာလည်ပြီး မုန့်လုံစက္ကုကပ်နေတော့တာ အဲ့တော့ မိသန်းအေးတို့အိမ်က ကြာတော့ စရိုက်အိမ်ဖြစ်လာတယ် လူတွေ နှာခေါင်းရှုံ့လာကျတယ်
သားတွေက တော်သေးတယ် သူ့အဖေနဲ့မတူလို့ အလုပ်ကြိုးစားလုပ်ရှာတယ် အမေနဲ့အဖွားကိုလည်း ချစ်ရှာတယ် အဖေကိုတော့ ဘာသိဘာသာ သူတို့အဖေရှိရင် အိမ်မှာ မနေချင်ကျဖူး အဲ့တော့ သားအကြီးကောင်တယောက်က အလုပ်နဲ့နယ်ပြောင်းသွားတယ် သူက ဒီသားအကြီးကောင်ကို အားအကိုးဆုံး သူ့ခဗျာမှာလဲ ရသမျှလေး စုဆောင်းပြီး ထည့်ပေးရှာတယ် မိသန်းအေးကလည်း ရရစားစား ဝါးဝါးမြိုမြိုအစားထဲကပဲ ပေးမလောက် ကြွက်တွင်းလို့ ပြောရမယ် အိမ်လခနဲ့ရေဖိုးမီးဖိုးနဲ့ ဒီမိသားစုစားအိုးနဲ့ ဟင်းတွေဘာတွေဆို အတိုင်းအထွာမရှိဖူး စားကျတာ အသုံးဖြူန်းကြမ်းတယ် စစ်စစ်စီစီမရှိဖူး အိမ်တလုံး လုံး ကုန်သွားတာတောင် အမှတ်မရှိဖူး နှစ်လုံးသုံးလုံးက ခုထိ ထိုးနေတုန်း မိသန်းအေးက သူ့သားကြီးတလတခါ ထည့်ပေးတဲ့ လစာလေးနဲ့ အရင်းအနှီးပြန်လုပ် ဈေးလှည့်ရောင်း စားသောက် နှစ်လုံးထိုး လကုန်ပြီးဆယ်ရက်လောက်ထိပဲ အူစိုတယ် ဆယ်ရက်ကျော်ရင် အရင်းအနှီးပြုတ်ပြန်ပြီ ကုန်တာပဲ အဲ့ကျရင် သူ့ယေားကျာ်း ကျဘန်း တခါတလေလုပ်ရတဲ့ ပိုက်ဆံလေးနဲ့ပြန်စား သားအငယ်ကောင်ရတဲ့ ပိုက်ဆံလေးနဲ့ပါ စား နေ့စားအလုပ်သမားတွေဖြစ်တော့ တပက်တခါရှင်းပေးမှ ရတာဆိုတော့ ကြားကာလလေးတွေမှာ ဟိုဘက်က လှည့်ချေး ဒီဘက်က လှည့်ပက်ချေး အတိုးတွေ နစ်
အခုဆို ပုဂ္ဂလိက ငွေတိုးချေးစားတဲ့ အဖွဲ့အစည်းတွေက ပေါ်လာတော့ မိသန်းအေး ရပ်ကွက်ထဲက မိန်းမတွေဆီမှာ သိပ်မချေးရတော့ဖူး အတိုးနူန်းပေးရတာ သက်သာသွားတယ် ရပ်ကွက်ထဲကိုလည်း အတိုးချေးပေးတဲ့ အဖွဲ့တွေများ တဖွဲ့ပြီး တဖွဲ့ မိသန်းအေးတို့ကတော့ တဖွဲ့မှကို မလွတ်စေရဖူး ပိုက်ဆံချေးတာပြောပါတယ် မိသန်းအေးဘဝက ဝင်ကစွပ်လို ထွက်လိုက် ဝင်လိုက် ပြောရမလား ပိန်လိုက် ဖောင်းလိုက်နဲ့ နှဲသမားလိုပဲ ပြောရမလား အကြွေးတွေနဲ့အပူတွေနဲ့ တရက်မှ စိတ်မအေးချမ်းရဖူး
ဒီကြားထဲ အငယ်ကောင်က လာမယ်နှစ် "မိန်းမလိုချင်ပြီတဲ့လေ "သားက ငယ်သေးတယ် မိသန်းအေး နှမျောတယ် မယူစေ့ချင်ဖူး ဒါပေမယ့် မပြောရက်ဖူး သားငယ်လဲ ရသမျှ ပေးနေတာပဲ
" အေးပေါ့ လေ လာမယ့်နှစ် သီတင်းကျွတ်ရင် အမေမင်္ဂလာ ဆွမ်းကြွေလေးတော့ လုပ်ပေးပါ့မယ် " ဂတိပေးထားရတယ် သားငယ်ပေးတာလဲ မသုံးပဲ သူ့အတွက် စုတော့မယ် " သားအကြီးကောင်ကတော့ ရည်းစားရှိသံ မကြားရသေးဖူး သူလည်း အခု မယူရင် နောက်တော့ ယူမှာပေါ့ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ သူဌေးသမီးနဲ့ ညားစေချင်တယ်
"ဟူး သူဌေးသမီးက သူ့သားရုပ်ကို ကြိုက်ဦးမှ "တွေးရင် မိသန်းအေး သက်ပြင်းချလိုက်တယ် ဟိုတရက်ညက သားအကြီးကောင်ဆီက ဖုန်းလာတယ်
" အမေနေကောင်းလား အဖွားကော" တဲ့
" ကောင်းပါတယ် သားရယ် သားအဖွားလည်း နေကောင်းပါတယ် အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နားနီးနေပြီဆိုတော့ လူကြီးရောဂါလေးတော့ ရှိတာပေါ့ "
" ဟိုပို့လိုက်တဲ့ ပိုက်ဆံကော ကုန်ပြီလား အမေ ?
သူ့သားက သူ့အမေအကြောင်း သိတယ်
"အွန်း ………" သံရှည်ပဲ ပြောရမှာ အားနာနေတယ် ပိုက်ဆံထပ်ပို့ပေးပါဦး သားရယ်လို့ မပြောရက်ဖူး
" သား အမေ တိုင်ပင်စရာတော့ ရှိတယ် ငါ့သားရယ် ……'
" ပြောလေ အမေ " ဘာများလဲ ?
" အမေတို့ အဖွားရွာပဲ ပြန်နေတော့မလားလို့ပါ မင်းအဖွားရဲ့ညီမ ခြံထဲမှာ အိမ်လေးဆောက်ပြီး နေတော့မယ် သူတို့ကလဲ လာနေဖို့ ခေါ်တယ် အဖွားနဲ့အမေတို့လဲ အသက်တွေ ကြီးကုန်ပြီ အမေတို့ရွာပဲ ပြန်နေတော့မယ် သားရယ် ဒီမှာက အိမ်လခနဲ့နေဖို့စားဖို့ မနည်းရှာရတာ အဲ့တာ လေ အမေ့အကြွေးလေးတွေ ရှိတယ် အမေ့အကြွေးလေးတွေ ငါ့သားဆပ်ပေးပါနော် အမေလဲ နောက်ထပ် အကြွေးမယူတော့ဖူး နှစ်လုံးသုံးလုံးလည်း မထိုးတော့ပါဖူး အမေ့ကြောင့် ငါ့သားလေး ပင်ပန်းနေပြီ "
" အမေရယ် ရပါတယ် အမေ့သဘောပါပဲ အကြွေးတွေက ဘယ်လောက်ရှိလဲ ဟင် "
" သိန်းနှစ်ဆယ်လောက်ရှိတယ် သားရဲ့ မင်းအဖေကလဲ သိတဲ့အတိုင်းပဲ အမေလဲ ကြွေးတွေယူရင်း အတိုးတွေနဲ့လည်သွားတာ ဒါဆို ဖုန်းချလိုက်တော့မယ် သားရယ် မနက် အမေ ဒညင်းကုန်း ဈေးသွားဝယ်ပြီ ရပ်ကွက် လှည့်ရောင်းရဦးမယ် "
" ဟုတ်ကဲ့ အမေ နေကောင်းအောင် နေနော် အမေ့အကြွေးကိစ္စ ဘာမှမပူနဲ့ သားဆပ်ပေးပါ့မယ် " ဆိုပြီး ဖုန်းချသွားတယ်
ဈေးရောင်းရင်းနဲ့ အကြွေးကိစ္စကို ခေါင်းထဲ အမြဲထည့်နေရတာ ခေါင်းတွေလဲ ပူလှပါပြီ ဘာပဲ ဖြစ်ဖြစ် အကြွေးတွေ ပြေလည်သွားပြီဆိုရင်တော့ သားကြီးကို ဒုက္ခမပေးတော့ပါဖူး သူ့နောင်ရေးအတွက် သူ့ဘာသာသူပိုက်ဆံစုပါစေ လေ သားအငယ်ကောင်မိန်းမယူပြီးရင် ရွာပြန်တော့မယ် သူ့အမေအိုကြီးရယ် သူ့လင် အရက်သမားကြီးရယ် မိသန်းအေးရယ် ရွာမှာဆို တဝမ်းတခါးအတွက် စားဖို့သောက်ဖို့ မပူရပါဖူး ကုန်ခြောက်ဆိုင်လေးဖွင့်ရင် ကောင်းမလား ကြွေးတွေ ပက်လည်ဝိုင်းနေတဲ့ ခေါင်းရွက်ဗျက်ထိုးသယ်ဘဝကနေ ကျွတ်လောက်မှာပါ သားတွေကလဲ ပစ်မထားလောက်ပါဖူး သူယုံကြည်တယ် ဘာပဲဖြစ်ဖြစ် မိသန်းအေး စိတ်တွေ ပေါ့ပါးနေတယ် ဈေးတောင်း ခေါင်းရွက်နဲ့ဆွဲခြင်းတောင်းတဖက်ဆွဲပြီး ခြေလှမ်းတွေ ပေါ့ပါးနေလေရဲ့
" ဟော့ဒီက အရွက်စုံ ချဉ်ပေါင် ကန်စွန်း ပန်းပွင့် မုန်လာ ခရမ်းချဉ်သီး ငရုတ်သီးစိမ်း အစုံပါတယ်နော် "
**********