Beauty

in #zappl7 years ago (edited)

Sitting in a social environment spurs natural alcohol my work with a professional and skilled jobs try belly in a span He can still walk skilled feeding classes. tiger was best in his heat with everyone.

နေစမ်းပါဦးလဒကောင်ရဲ့ "ခင်ဗျားတို့ ကျေနပ်တယ်မလား"လို့ မေးရအောင် နင့်အမှုသည် ကောင်းကောင်းမွန်မွန် လူလိမ္မာလေးတွေကို ပြည်သူက ပလိန်းကြီး သေဒဏ်ပေးစေချင်နေတာမို့ အငေါ်တူးတာလား။ လူတစ်ယောက်ကို သေနတ်နဲ့ နားထင်တေ့ပြီး လူမြင်ကွင်းမှာ ပစ်သတ်သွားတယ်။ လက်နက်ကိုင်ဆောင်မှု၊ လူသတ်ရန်ကြံစည်မှု၊ လူသတ်မှုနဲ့ စွဲချက်တင်တာ။ တစ်နှစ်ကျော် ကြာမှ စွဲချက်တင်တာ။ လူသတ်သမားတွေမပြောနဲ့ နင်ပါ ဝင်သေပေးရင်တောင် ကျေနပ်လား မေးစရာအကြောင်းမရှိဘူး။ အဟက်... သမိုင်းတရားခံတွေ တိုးသွားပြီတဲ့။ အချိန်က ဆုံးဖြတ်ပေးမယ်တဲ့။ ပြောပုံက လူသတ်သမားကို စွဲချက်တင်တာ တစ်ချိန်ကျရင် စွဲချက်တင်တဲ့လူတွေက သမိုင်းတရားခံ ဖြစ်မယ်ဆိုတဲ့ အချိုးမျိုး။ မြန်မာပြည်သူတိုင်းက ကုလားသတ်တာနဲ့ ဘုရားသူခိုးကို အဖေပြေးခေါ်ချင်တဲ့ ကောင်တွေချည်းမဟုတ်ဘူးဆိုတာတော့ သဘောပေါက်။ ငွေရမယ်ဆိုရင် ဘုရားခိုးရောင်းစားတဲ့ ဘုရားသူခိုးက အမျိုး ဘာသာ သာသနာကို ကာကွယ်ဦးမတဲ့။ သိန်းတစ်ထောင်ပေးလို့ လူသတ်တဲ့ လူသတ်သမားကို အသတ်ခံရသူက ကုလားဖြစ်တာနဲ့ ဘာသာသာသနာကို ကာကွယ်မယ်ထင်တာ ချီးဘရိန်းတွေပဲ ရှိတယ်။ ဘယ်သူက ဘယ်သူ့ကို သတ်လို့ ပြန်သတ်ပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ အသတ်ခံရသူက ဘယ်သူဘယ်ဝါမို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ပြည်သူတွေ တောင်းဆိုနေတာ တရားမျှတမှုပဲ။ စွဲချက်တင်ဖို့ အမိန့်ချလိုက်တော့ ခါတိုင်းရုံးထုတ်တွေလို ထမင်းဝအောင်စားထားဆိုတဲ့ မျက်နှာတွေမဟုတ်ဘဲ မျက်နှာ အပျက်ပျက်နဲ့ သွေးရူးသွေးတန်းအော်ဟစ်နေတာ မြင်တော့ တွေးမိတယ်။ တစ်ယောက်က မြေးမလေးကို ချီရင်း ချစ်ခြင်းမေတ္တာနဲ့ သေဆုံးသွားတယ်။ တစ်ယောက်က မတရားမှုအတွက် အုတ်ခဲကျိုးကိုင်ပြီး ရဲရင့်မှုနဲ့ သေဆုံးသွားတယ်။ သတ်တဲ့လူတွေကတော့ သေစားသေစေ အမိန့်ချမယ့် နေ့စွဲတွေကို ကြောက်ရွံစွာ၊ သွေးပျက်စွာ၊ ပူလောင်စွာ၊ ချောက်ခြားစွာ စောင့်ဆိုင်းရတော့မယ်။ ကျေနပ်တယ် တစ်သိန်းနဲ့ရှစ်ခါကို ကျေနပ်တာ ကျေနပ်လားမေးတဲ့ကောင်ကိုပါ တရားရုံးက ပါးရိုက်ခွင့်အမိန့်ချရင် ပိုကျေနပ်ဦးမှာ ဆိုးစတုပစ်ဒ်ကောင်လတ်တလောဖြစ်နေတဲ့ စိတ်အခြေအနေက ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတာပဲ။ ဝမ်းနည်းနေ စိတ်ဓါတ်ကျနေတာတွေထက် ဆိုးတဲ့ စိတ်အခြေအနေပဲ။ ငါ ဒီ့ထက် လုပ်နိုင်တယ် ငါ ဒီ့ထက် ကြိုးစားနိုင်တယ် ငါ ဒီ့ထက် ပိုဖြစ်ရမယ် စသဖြင့် တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် Alertဖြစ်နေတယ်။ ဘာနဲ့အနီးစပ်ဆုံးတူနေသလဲဆိုတော့ မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် ဖီလင်နဲ့ တူနေတယ်။ လက်ရှိအခြေအနေကို အားမရသေးဘူး။ ပိုအရှိန်မြှင့်ချင်တယ်။ အလုပ်တွေ တိုးတက်ချင်တယ်။ ဘွဲ့တစ်ခုလောက် ထပ်ယူချင်တယ်။ ဘာသာစကားတစ်ခုခု တတ်ချင်တယ်။ ကားမောင်းအမြန်တတ်ချင်တယ်။ ရေကူးတတ်ချင်တယ်။ စာတွေအများကြီးဖတ်ပြီး အသိတရားတွေ Upgrade လုပ်ချင်သေးတယ်။ Gymဆော့ချင်တယ်။ ပိန်ချင်တယ်။ ကျန်းမာချင်တယ်။ ပိုလှချင်တယ်။ လောဘတွေ ဖိစီးနှိပ်စက်နေတဲ့ အချိန်ဆိုပါတော့။ ပြောလို့သာ ပြောနေတာ လူလည်းတစ်ချက်မှ မနားဘူး။ စိတ်သွားနေတဲ့နောက်ကို လူကမလိုက်နိုင်ချင်တော့ဘူး။ ဒီလထဲ ခရီးတစ်ခုသွားရမယ်။ လကုန်မှာ စာအုပ်ထွက်ဖို့ Runနေရတယ်။ နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းနှစ်ခုခွဲတိတိရှိတယ်။ အိမ်အလုပ်တွေ၊ ချက်တာပြုတ်တာတွေ ရှိတယ်။ လူမှုရေးတွေ ရှိတယ်။ သူငယ်ချင်းတစ်ယောက်က တအံ့တသြပြောတယ်။ ဒီလောက် မနားတမ်းrunနေတာ စတုတ္ထစာအုပ်ထွက်မယ်ဆိုတော့ စာတွေက ဘယ်အချိန်ရေးတာလားတဲ့။ ဖေ့စ်ဘုတ်မှာ တက်တက်ရေးနေတာကိုလည်း သူအံ့သြတယ်တဲ့။ မိတ်ဆွေတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် အားမရကြောင်း ရင်ဖွင့်တော့ ကိုယ့်အသက်နဲ့ လက်ရှိအခြေအနေကိုချိန် အားမရစရာ ဘာမှမရှိဘူးဆိုတော့လည်း ဟုတ်ပြန်ရော။ ဒါပေမယ့် အဲ့ဒီ့အားမလို အားမရစိတ်က ရပ်မသွားဘူး။ တရားပဲ ပြေးထိုင်ရမလား ကျောင်းပဲ ပြေးတက်ရမလား အလုပ်ပဲ ပြေးလုပ်ရမလား အနားပဲ ပြေးယူလိုက်ရမလားပဲ။ နေရင်းထိုင်ရင်း ပလိန်းကြီးကို ကိုယ့်ကိုယ်ကိုယ် သောက်ပျင်းကျနေတယ် ထင်နေတာ ခက်တာပဲ။ မျက်စိတစ်ဆုံး ဖွေးဖွေးလှုပ်နေတဲ့ ဆီမုန်ညှင်းခင်းကြီးရယ် တိမ်စိုင်တွေ ဟိုတစ်စဒီတစ်စလွင့်နေတဲ့ ကောင်းကင်ပြာကြီးရယ် အဲ့နှစ်ခု ထိစပ်နေတယ် ထင်ရလောက်အောင် ကျယ်ပြန့်တဲ့ မြင်ကွင်းကြီးရယ် အဲ့အလှတရားကို ဘယ်လိုကင်မရာမျိုးက လုံလောက်အောင် ဖမ်းယူနိုင်ပါ့မလဲကွယ်... အဲ့ဒါနဲ့ပဲ ဓါတ်ပုံကို ကိုယ့်ရုပ်ခံလေးနဲ့ လှမ်းထိန်းလိုက်ရတယ် အယ့်လယ်​ဒီတစ်ပတ်ထဲမှာပဲ သက်ငယ်မုဒိမ်းမှု နှစ်ခုဖတ်ရတယ်။ တစ်ခုက မကွေးတိုင်းထဲက တစ်ခုက ရန်ကုန်မြို့ပေါ်က အတော် စိတ်မသက်မသာ ဖြစ်မိတယ်။ သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်လာရင် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်သူတွေကို အသိပေးဝန်းရံခိုင်းတာ ပိုသင့်တော်ပါတယ်။ ပထမဆုံးအနေနဲ့ Pregnancy ကို တားမြစ်ဖို့ တားဆေးကို ၄၈နာရီအတွင်း တိုက်သင့်ပါတယ်။ အသက်အရမ်းငယ်လွန်းသေးရင်တော့ မလိုပေမယ့် တစ်ခါတရံ အပျိုဖော်မဝင်ခင် (ရာသီမလာသေးခင်) အရွယ်ပေမယ့် ကိုယ်ဝန်ရှိသွားတတ်တာမျိုးတွေ ရှိပါတယ်။ အချို့က အပျိုမှမဖြစ်သေးတာ တိုက်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်ချင်း မတူတတ်ကြတဲ့အတွက် ၄၈နာရီအတွင်း ဆေးတိုက်မိဖို့ လိုအပ်ပါတယ်။ နောက်တစ်ဆင့်ကတော့ လိင်ကနေတဆင့် ကူးဆက်တတ်တဲ့ ရောဂါတွေ (HIV, Bပိုး,Cပိုး,ဆစ်ဖလစ်) စတာတွေကို ကာကွယ်ဖို့အတွက် ဆေးစစ်တာတွေ၊ ဆေးတိုက်တာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လိုအပ်ပါတယ်။ နောက်တစ်ဆင့်က သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဝေဒနာတွေနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့၊ ပြန်လည်တည်ဆောက်နိုင်ဖို့ စတဲ့ အကူအညီတွေ လိုအပ်ပါတယ်။ ဒါက ကိုယ်သိသလောက် ရေးပြတာပါ။ သက်ငယ်မုဒိမ်းအတော်များများဟာ ရုတ်ချဉ်းသိတဲ့အမှုထက် မသိတဲ့အမှုက ပိုများပါတယ်။ ပြီးတော့ သက်ငယ်မုဒိမ်း အားလုံးနီးပါးဟာ နွမ်းပါးတဲ့၊ပညာမတတ်တဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားတာများပါတယ်။ အဲ့တော့ ပဋိသန္ဓေတားဆေး တိုက်ရမှန်း မသိကြတာ၊ တိုက်လို့ အချိန်မမှီတော့တာတွေ ရှိပါတယ်။ တစ်ခါတရံကျ ဗိုက်ကြီးလာပြီး မဖုံးနိုင်မဖိနိုင်ဖြစ်မှ Rape caseမှန်း မိဘတွေက သိတာမျိုးတွေ ရှိပါတယ်။ လေးငါးခြောက်လမှ သိရတာမျိုးတွေဆိုရင်တော့ ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် လနုနုမှာ သိရရင်တော့ မွေးဖွားဖို့ ကိုယ်အားမပေးပါဘူး။ ကိုယ်ဗုဒ္ဓဘာသာဝင်ပါ။ ကိုယ်ဝန်ဖျက်ချတာဟာ လူသတ်မှုဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။ ပုံမှန် Unwanted Pregnancy ကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်၊ ကိုယ်အကုသိုလ်နဲ့ကိုယ်ပါ။ ဒါပေမယ့် သက်ငယ်မုဒိမ်းကနေ မွေးဖွားလာမယ့် ကလေးငယ်တွေအတွက် လောကကြီးဟာ သိပ်ကြမ်းတမ်းပါတယ်။ မွေးဖွားလာမယ့်ကလေးကို အသာထားပါဦး မွေးဖွားရမယ့်မိခင်ဟာလည်း ကလေးဖြစ်နေတယ်။ ကလေးက ကလေးပြန်မွေးရတဲ့ အခြေအနေပါ။ ကိုယ့်ဘာသာ အရွယ်ရောက်လို့ အလိုတူတူနဲ့ အိမ်ထောင်ပြုပြီး လိုလိုချင်ချင် ကလေးမွေးရင်တောင်မှာ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ အာဝေနိကဒုက္ခအသွယ်သွယ်ကို ခံစားရတာ... အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက် အတင်းအဓမ္မလိင်မှုပြုခံရပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရ၊ ကလေးမွေးရတာကို စဉ်းစားကြည့်ပါ။ အတွေးနဲ့တောင် အတော်ခါးသီးပါတယ်။ ကိုစိုးထိုက်(ဖဒို)ရဲ့ စောင့်ရှောက်ရေးဂေဟာမှာ ကိုယ့်သမီးလေးကို သွားသွားကြည့်ရင်း Victimကလေးမလေးတွေကို ခဏခဏမြင်ဖူးပါတယ်။ ကလေးလေးက ကလေးမွေးထားရတယ်... သူတို့ကိုယ်တိုင်က ကလေးစိတ်ပဲ ရှိသေးတာ။ ကစားချင်မယ် ဆော့ချင်မယ် ကလေးလိုနေချင်မယ်။ ဒါပေမယ့်.......... အတော်သနားစရာကောင်းတဲ့ ဘဝတွေပါပဲ။ လူ့အဖွဲ့အစည်းအနေနဲ့ သက်ငယ်မုဒိမ်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပါမယ်။ ကျူးလွန်သူကို ပြစ်ဒဏ်ကြီးလေးစွာ ချနိုင်ဖို့ရယ် Victims တွေကို ဖေးမကူညီစောင့်ရှောက်ဖို့ရယ် ကူညီပါဝင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့မသက်ဆိုင်သလို မနေဘဲ နှုတ်၏စောင်မခြင်း ဖေးမခြင်း၊ ကူညီခြင်းတွေနဲ့ လူတိုင်းပါဝင်လာမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ထိရောက်လာနိုင်မယ် ထင်ပါတယ်။ ကလေးသူငယ်တွေကို ကလေးသူငယ်စစ်စစ်ဖြစ်ခွင့်ပေးပါ။