ကျွန်တော်သည်steemitကိုပို့စ်မတင်မှီအရင်
တစ်ရက်ကအစ်ကိုvoteများများရအောင်postကို
ဘယ်လိုတင်ပြီး၊ဘယ်လိုရေးရတာလည်းဟုအစ်ကိုစီ
သွားရောက်လေ့လာမေးမြန်ကြည့်ရာအစ်ကိုကမိမိတင်
လိုက်သောpostကိုdollarရရှိရန်အတွက်သာမဟုတ်
ပဲစာဖတ်သူများအတွက်ရသ၊ပညာ၊အနုပညာ၊ဗဟုသု
တစသည်ဖြင့်တစ်ခုခုရသွားပါစေဟုသောစေတနာစိတ်
ကောင်းထား၍postကိုတင်ရမည်ဟုပြောပြရာ။အစ်ကို
ပြောသောစကားကိုကြားလိုက်တဲ့အချိန်တွင်ကျွန်တော်
၏ခေါင်းတွင်ကြီးသွားပါသည်။
အတွေးထဲတွင်ငါအတွက်တော့vote
တွေအများကြီးရဖို့မလွယ်ပါလားဟုအတွေးတန်းဝင်လာ
မိပါတယ်။ကျွန်တော်သည်စာပေသာဝါသနာပါပါသည်။
စာလည်းတစ်ခါမျှမရေးဘူးပါ။ကျွန်တော်၏အထင်ရေး
လိုက်သောစာစာဖြစ်ပြီးရောဟုသောKGတန်းကလေး
အတွေးသာသာထင်မိပါသည်။တစ်ကယ်တန်းvoteရ
ဖို့လွယ်မည်ထင်ခဲရာကျွန်တော်အတွက်တော့မလွယ်
လှချေ။စေတနာတော့ရှိပါသည်။ဒါပေမဲ့စာဖတ်သူများ
တစ်ခုခုခံစားမှု့ပညာရရှိသွားအောင်ကျွန်တော်မရေး
တက်သေးပါ။ဆက်လေ့လာကြိုးစားရပါအုံးမည်။
ကျွန်တော်၏postတင်ရန်အတွက်စာ
များစတင်ရေးရန်တွေးမိသောအခါအစ်ကိုပြောထား
သောစကားများကိုပြန်လည်ကြားသိထားရ၍ဘလို
ရေးရမှန်မသိ။ရေးပြန်ရင်လည်းစာဖက်သူများလက်
ခံမပေးမည်ကိုလည်းစိုးရိမ်ပူပန်မိပါတယ်။အမှန်တိုင်း
မိတ်ဆွေတို့၏voteများများကိုလည်းရခြင်တဲ့စိတ်လည်း
ရှိပါတယ်။
ဘာလုပ်ရမှန်မသိ။စိတ်ညစ်ညစ်နှင့်ရှိနေ
စဉ်။ကျွန်တော်၏သူငယ်ချင်းတစ်ယောက်အိမ်သို့ရောက်လာပြီးကျွန်တော်နာမည်ခေါ်ကာကျွန်တော်ကိုမီးဖို
ချောင်ထဲရှိမည်ထင်၍မီးဖိုချောင်ထဲတန်းဝင်သွားပါတော့သည်။ကျွန်တော်အိမ်ပေါ်မှသူငယ်ချင်း၏ခေါ်သံကြား
၍အောက်သို့ဆင်းလာပြီးမီးဖိုချောင်ထဲသို့တန်းလိုက်
သွားသောအခါသူငယ်ချင်းကမီးဖိုချောင်ထဲမှာရှိသော
ကျွန်တော်အစ်မဖြစ်သူကိုမေးနေသောစကားသံစတင်
ကြားရပါတော့တယ်။အစ်မအဲဒါဘာတွေသောက်နေ
လည်းလို့မေးရာ။ကျွန်တော်အစ်မကအေးကလေးရေး
ဆေးသောက်တာ။အဲဒါဘာဆေးလည်းအစ်မဘာအ
တွက်ကျန်းမာရေးကောင်းတာလည်းလို့သူငယ်ချင်းဖြစ်သူကထက်မေးရာ။
အစ်မလုပ်သူကအေးဒီဆေးကဆီးချိုပျောက်
တဲ့ဆေးလေ။ဒီဆေးကတစ်ကယ်ကောင်းတာအစ်မ
တော့လက်တွေ့ဆီးချိုပျောက်တယ်တော့။ဒီဟာကတော့
မြန်မာတိုင်းရင်းဆေးခေါ်ရမှာပေါ့လို့ပြောပြရာ။သူငယ်
ချင်းလုပ်သူကဟုတ်လားအစ်မ။ကျွန်တော်အမေမှာဆီး
ချိုရှိတယ်ဆေးခန်းပြတာလည်းမသက်သာဘူးအမေအ
တွက်ကျွန်တော်စိတ်ပူနေတာဗျာဟုပြောပြရာ။ဒါဆိုမင်း
သဘောကျရင်မင်းအမေကိုဒီဆေးသောက်ခိုင်းဆီးချို
သက်သာပျောက်ကင်းတယ်။ဘာမျှဆိုးကျိုူးးမရှိဘူး။
အစ်မတို့တော့ယခုထိဆက်သောက်နေတာပဲဘာအန္တရယ်မှမရှိဘူးသောက်ကြည့်ပေါ့။မင်းတို့ဘက်မှာဆီးချူိဖြစ်နေတဲ့သူရှိတယ်ဆိုရင်လည်းဒီဆေး
ဒါနလေးပြောပြပေးလိုက်အုံးပေါ့ဟုအစ်မနဲ့သူငယ်ချင်းတို့နှစ်ယောက်ပြောနေတာကြားတာနဲ့ကျွန်တော်လည်း
steemitအဖွဲ့(7)ရက်သားသမီးအားလုံးကိုကျွန်တော်
ရဲ့ဆောင်ပါးလည်းမဟုတ်ဝတ္တုတိုလည်းမဟုတ်ပုံပြင်
လည်းမကျတဲ့ဆေးဒါနလေးကိုတင်ပြချင်လိုသောစိတ်
ဆန္ဒလေးပေါ်ပေါက်လာပါတယ်။
ကျွန်တော်လည်းဆက်ပြီးမေးမြန်းကြည့်ရာ။အစ်မရေးဘယ်မှာဝယ်လို့ရတာလည်းဟုမေးရာ။
အစ်မကဒို့မန္တလေးဆိုဈေးချိုအောက်ထက်သွားအစ်
မဝယ်နေကျဆိုင်ကတော့ထိန်လင်းပရဆေးဆိုင်ပဲ။
ဒါပေမဲ့ဘယ်ဒေသမှပဲဖြစ်ဖြစ်ပရဆေးဆိုင်တွေမှာ
မေးဝယ်ရင်ရလောက်ပါတယ်။ဘယ်လိုပြောဝယ်ရ
မလည်းဟုထက်မေးရာခမ်းတောက်မြစ်လို့ပြောရင်
ရတယ်။ဒီဆေးကငါးကျပ်သားဆိုမြန်မာငွေ(7500)ကျပ်
ပေးရတယ်။ဟုတ်လားအစ်မဟု။ကျွန်တော်ကနောက်
ထက်သောက်တဲ့ပုံစံလေးကိုပြောပြပါအုံးဟုထက်မေး
ရာ။အစ်မကစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပါတယ်။
သောက်ပုံကဒီလိုကွာပုံတွင်ပြထား
သည့်အတိုင်းခမ်းတောက်မြစ်အတက်သေးလေး(3)
တက်လောက်ကိုရေစင်အောင်ဆေးရေနွေးဖန်ခွက်ထဲ
ရေနွေးဖြူထည့်ရေဆေးထားသောဆေးမြစ်လေး(3)
တက်ကိုဖန်ခွက်ထဲထည့်စိမ်ရေနွေးအရောင်ဝါ၀င်းဝင်း
လေးပြောင်းလာပြီဆိုဆေးအတက်ကလေးတွေကိုပြန်
ဆယ်ထားအရောင်ရဲနေတဲ့အထိထည့်မထားရဘူး။ဖန်
ခွက်ထဲမှာရှိတဲ့ရေနွေးဝါဝင်းဝင်းအရေကိုတစ်နေ့(3)
ကြိမ်သောက်။
နောက်တစ်နေ့ဆယ်ထားတဲ့ဆေးမြစ်
အတက်ကလေး(3)တက်ကိုရေနွေးဖန်ခွက်သစ်ထဲ
ပြန်ထည့်ရေနွေးကိုအရောင်ဝါ၀င်းလာရင်ပြန်ဆယ်
ထားအရေကိုတစ်နေ့(3)ကြိမ်သောက်(3)ရက်ထိ
ပဲဆေးတက်လေး(3)တက်ကိုစိမ်ရပါတယ်။(3)ရက်
ပြည့်ပြီးနောက်ရက်ဆေးမြစ်အသစ်(3)တက်ရေစင်
အောင်ဆေးပြန်စိမ်(1)လတိတိသောက်ကြည့်ပါ။
ဆီးချိုရောဂါသိသာစွာသက်သာလာမည်။
ခမ်းတောက်မြစ်မသောက်ခင်ဆီး
ချိုကိုချိန်ကြည့်ထားပေါ့သောက်ပြီးပြန်ချိန်ကြည့်တော့
ပိုသိသာတာပေါ့။အော်နောက်ပြီးဆေးမြစ်စိမ်ထား
တဲ့ရေနွေးဖန်ခွက်လေးကိုအပေါ်ကနေပုဂံပြားလေး
နဲ့လည်းအုပ်ထားပေးရသေးတယ်။အငွေ့တွေပြန်
ထွက်သွားမှာဆိုးလို့ပါ။သောက်နည်းလေးကတော့
အဲဒါပါ။မိတ်ဆွေတွေအားလုံးခမ်းတောက်မြစ်၏ဆေး
အာနိသင်ကြောင့်ဆီးချိုရောဂါအမြန်ဆုံးပျောက်ကင်း
ကြပါစေ။(မှတ်ချက်)ဆေးမြစ်ကိုအတက်(5)တက်စိမ်
ခြင်လည်းရပါတယ်ရှင့်။
Steemitမိတ်ဆွေအဖွဲ့အားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေ။
SMT68@mumushein
Photo from gallery
ပြောရလျှင်@mumushein postကိုလည်းsteemit
Nice sharing,thanks
SMT-59
Smt 52
SMT 57
SMT No55
Smt-66
SMT(51)
SMT 58
smt 62
Thank you for sharing this with us Sis
smt63
Smt 64 nice
Smt 61