🎶အနောက်တောင်ဆီက🎶ရွာမယ်ဟန်ပြင်🎵
🎶လျှပ်ပင်လျှပ်ပြိုး တိမ်ခိုးလွင့်ကာပြင်🎵
🎶မဲမဲရိပ်မှောင် စွန်တောင်ပင်🎶 ပြိုမှာလေလား မိုးရဲ့🎵
🎶ငြိုးမာန်ဖွဲ့ငင် 🎶အမ္ဗုန်မောင် ဖန်အားလေတဲ့ဆင်🎵
အနောက်တောင်ဘက်က တက်လာတဲ့ မိုးရိပ်မိုးသား
မိုးတိမ်တောင်များကို ငေးကြည့်ရင်း မိုး မျှော်နေမိသူ
အဖို့ ဝမ်းသာရတော့ မယောင် ခံစားမိရင်း မိုးသီချင်းလေး
ညည်းဆိုမိပါတယ်။
ရာသီဥတုက ပူလွန်းတော့ မိုး မျှော်ရပါတယ်။
မိုး ရွာမှ အေးချမ်းသာယာ ရှိလှတာမို့ပါ။
မိုး ကို မျှော်ရတာလည်း HIVE ဈေး တက်ဖို့ မျှော်ရ
သလိုပါပဲ။ Hive ဈေးလေး တက်မှ အသက်ရှူ ချောင်မယ့်
ဘဝ ရောက်နေရသလိုမို့ပါ။
ငဗစ်ကာလ နှင့် ရာသီဥတု မမျှတလို့ ကောက်ပဲသီးနှံတွေ
မဖြစ်ထွန်းတာကြောင့် ဒေသခံ ပြည်သူတွေ စီးပွားရေး
ချို့တဲ့လာကြသလို ဒီဒေသကို မှီခိုနေရသူ အဖို့လည်း
မိုး ကိုသာ မျှော်နေမိသလို ပြင်ပအလုပ်က ဝင်ငွေ
နည်းလေသမျှ Online ပေါ်က ဝင်ငွေ ကောင်းကောင်း
ရလေအောင် ကိုယ့်မှာ ရှိတဲ့ HIVE လေးသာ ဈေး တက်
ဖို့ မျှော်လင့်မိတော့ပါပဲ။
မိုး နှင့် နွားသိုး အစိုးမရ ဆိုသလိုသာပ
မိုး ကလည်း ရွာမယ်ဟန်ပြင်ပြီး မရွာဘဲ သို့မဟုတ်
မိုးရေ ရအောင် မရွာနိုင်ဘဲ ရှိတတ်သကဲ့သို့
Hive ဈေး လေးကလည်း တက်မယောင် စိမ်းတစ်လှည့်
နဲ့ နီဆင်း ဆင်းသွားတတ်တာကြောင့်
မိုး နှင့် HIVE ကား ကိုယ့်အကြိုက် လိုက်ပါမလားဟု
တွေးပူမိရတာပါ။
မတတ်သာတဲ့ အဆုံးတော့ Hive ဈေး တက်ပါစေ
ဆုတောင်းရင်း မိုးမျှော်တဲ့ သီချင်းလေးပဲ ဆက်ညည်း
လိုက်မိပါတယ်။
🎶အနောက်တောင်ဆီက🎶ရွာမယ်ဟန်ပြင်🎵
🎶လျှပ်ပင်လျှပ်ပြိုး တိမ်ခိုးလွင့်ကာပြင်🎵
🎶မဲမဲရိပ်မှောင် စွန်တောင်ပင်🎶 ပြိုမှာလေလား မိုးရဲ့🎵
🎶ငြိုးမာန်ဖွဲ့ငင် 🎶အမ္ဗုန်မောင် ဖန်အားလေတဲ့ဆင်🎵
မိုးကောင်းသလို
Hive စျေးလေးကောင်းမှ😁
ဈေး တက်တော့မယ် စောင့်ပါကွယ်
မိုး ရွာသာ ရွာပါ မိုး
Hive တက်သာ တက်ပါ ဈေး
တက်မှာပါကွာ
ရွာပါပြီကွာ
မိုးတွေရွာရင်ဖြင့်ကွယ် ...😁
မိုးတွေ ရွာရင် အေးချမ်းလို့ နေကောင်း