စာရေးကြရာဝယ် ( How to write )

in #myanmar7 years ago (edited)

DQmdhiWRYGy1Q2hMBKQpbdc2jFuZTM9FfZ77fXtvzUW6X4e.jpeg
ကျွန်တော်တို့တွေ steemit မှာစာရေးလာတာ နည်းနည်းကြာလာတော့ တစ်ချို့က စာရေးစရာ ရှားပါးလာကြတယ်တဲ့။ အခုမှစရေးကြမဲ့ အကိုအမများကကြတော့ စာကိုဘယ်လိုရေးမလဲတဲ့ ဘာတွေရေးရမလဲတဲ့။
19ff1c49e1ee44d48da9e5e2a53a839a2561da75.gif
ဟုတ်ကဲ့သူများအမြင်တော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ စာရေးရတာ ခက်တယ်လို့တစ်ခါမှမထင်မိပါဘူး။ ရေးရမှာ မပျင်းရင် စာရေးစရာတွေဆိုတာက တစ်ပုံကြီး ရှိပါတယ်ဗျာ။

steemit မှာ စာရေးမယ်ဆိုရင် ဘယ်လိုစာပေတွေ လက်ခံသလဲ။ ဟုတ်ကဲ့ပြောပြပါ့မယ်။ steemit က မိမိကိုပိုင်အတွေးအခေါ်နဲ့ ရေးထားတဲ့စာပေများကိုသာ လက်ခံပါတယ်။ copy လုံးဝမယူရဘူးဆိုတာတော့ ခင်ဗျားတို့လည်း သိပြီးသားပါ။
download (8).jpeg
ကိုယ်ပိုင်အတွေးခေါ်နဲ့ရေးတာကို လက်ခံနယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး အမုန်းပွားစေမဲ့စာပေမျိုးကိုလည်း လက်မခံပါဘူး။ နိုင်ငံရေးအစွန်းရောက်တဲ့ လက်ဝဲလက်ယာ ပါတီဂိုဏ်းဂဏ ကိစ္စများကိုလည်း လက်မခံပါဘူး။

ဒါက ကျွန်တော်သိသလောက်ပြောပြတာပါ။ အဲဒီတော့ မောင်ရင်ရယ် ငါတို့က ဘာစာတွေ ရေးရမှာလဲ မေးရင်တော့ အဖြေပေးစရာ ရှိပါတယ်။

မရေးရမဲ့ စာတွေတော့ အခုခင်ဗျားတို့သိသွားပြီနော်။ ရေးရမဲ့ စာပေတွေ အများကြီး ရှိပါတယ်ဗျာ။ အခု ကျွန်တော်တို့ steemit မှာ စာရေးနေတယ်ဆိုတာ အတိုအစ ဆောင်းပါးလေးတွေပါ။ လုံးချင်းဝတ္ထုရေးနေတဲ့စာရေးစရာတွေကမှ ကုန်ကြမ်းရှာဖို့ အပြင်ထွက်နေရဦးမယ်။

ကျွန်တော်တို့လို စာတိုပေစလေးတွေရေးဖို့ဆိုတာက အင်မတန်လွယ်ကူပါတယ်။ အစတစ်စ လောက် ဆွဲထုတ်တတ်ရင်ပဲ စာတစ်ပုဒ်လောက်ရအောင် အသာလေးထိုင်ရေးနေလို့ရပါတယ်။
logo-piece.png
ကောင်းပြီ အစတစ်စ ဘယ်လိုဆွဲထုတ်မလဲ။ ကျွန်တော်ဥပမာ ပြမယ်နော်။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဆိုတဲ့စကားခင်ဗျားတို့လည်း ကြားဖူးမှာပါ။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဗျိုင်းနားလို့ ကိုင်းရတယ် ငယ်ငယ်လေးကတည်းက အဲဒီစကားက ကြားခဲ့ဖူးတယ်။

အဲဒီကနေ အစဆွဲထုတ်ကြည့်မယ်။ ပေါက်ပင်ဆိုတာ ဘယ်လိုအပင်လဲ။ ပေါက်ပင်ဆိုတာ မည်သည့်မြေမျိုးမှာမဆို အလေ့ကျ ပေါက်တဲ့အပင် တစ်မျိုးပါ။ အပင်ပု မျိုးလား အပင်ကြီးမျိုးလား။ သူ့ဆီကထွက်တဲ့အသီးအရွက်တွေက စားလို့ရသလား။ သူရဲ့ပင်စည် အရွက် အမြစ်တွေက ဘယ်လိုနေရာမှာ သုံးလို့ရသလဲ ။ ဆေးဖက်ဝင်သလား မဝင်ဘူးလား။

ဘာကြောင့်ကိုင်းရတယ်။ ဗျိုင်းနားလို့ကိုင်းတယ်တဲ့။ ဗျိုင်းနားလို့ကိုင်းရအောင် ဗျိုင်းနားမိတဲ့အကိုင်းက သေးသေးလေးမို့လို့လား။ ဗျိုင်းက ဘာလို့နားလဲ ။ ညောင်းလို့နေမှာပေါ့။ ဘာကြောင့်ညောင်းလဲ အဝေးကြီးက ပျံခဲ့ရလို့ နေမှာပေါ့။ အဝေးကြီးသူက ဘာသွားလုပ်လဲ ။ ဗျိုင်းဆိုတာက ဘယ်လိုအကောင်လဲ။ ငှက်တစ်မျိုးမှာပဲ ။ သူက လည်ပင်းရှည်တဲ့ အဖြူရောင်ငှက်မျိုး။

ဗျိုင်းက ကျလည်ပင်းရှည်ပြီး အဖြူရောင်ရှိတယ်။ တစ်ခြားလည်ပင်းရှည်ပြီး ဖြူတဲ့ငှက်မျိုးတွေရော ရှိသေးသလား။

ဟော ပေါက်ပင်ဘာကြောင့် ကိုင်းလဲဆိုတဲ့စကားနဲ့တင် steemit မှာ ခင်ဗျား တစ်သက်လုံးစာရေးသွားလို့ရလောက်တယ်နော်။ ဒါက အစ တစ်စလောက် ဆွဲထုတ်တတ်တာနဲ့စာရေးလို့ ရတယ်လို့ ဥပမာ ပြကြည့်တာ။
download (2).png
နောက် ကိုယ်ကြုံခဲ့ရတဲ့ ဘဝအတွေ့ကြုံတွေဆိုတာ စာရေးဖို့အကောင်းဆုံးအရာတွေပေါ့ခင်ဗျာ။ ဘဝအတွေကြုံတွေချည်း ချရေးလို့ရနိုင်သလို အဲဒါလေးတွေကို တန်ဆာဆင်ပြီး ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ချဲ့ကားရေးမယ်ဆိုလည်း မြောက်မြားလှသော ဆောင်းပါးတွေ ထွက်လာမှာပါ။

နေ့တိုင်းကို့ဘေးပါတ်ဝန်းကျင်က မြင်ရကြားရတဲ့ ဟာတွေလည်း ရေးတတ်မယ်ဆိုရင် ကိုရီးယားကားလို အတွဲလိုက်ကို ရေးလို့ ရပါလိမ့်မယ်။
write-fifth_grade-essay-800x800.jpg
ခင်ဗျားတို့ကျွန်တော်တို့ နေ့စဉ်ကြားနေရတဲ့ သီချင်းတွေ သေချာနားထောင်ကြည့်ရင်တောင် သီချင်းဆုံးတာနဲ့ ခင်ဗျားတို့အတွက် ရေးစရာတစ်ပုဒ်လောက်တော့ ရလာနိုင်ပါတယ်။download (9).jpeg

အဲဒီတော့ စာရေးရတာ ခက်ခဲလားဗျာ။ မခက်ခဲပါဘူးနော်။ ကျွန်တော်နားလည်သလို စာရေးနည်း ပြောပြတာပါ။ ကျွန်တော့်ထက်ကောင်းတဲ့နည်းတွေ အများကြီးရှိမှာပါ။ တွေ့ခဲ့ရင်လည်း လက်တို့ကြပါဦးနော်။

ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးသားများနဲ့ steemit မှာ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်. . . . . . .။

Photos Credit >>>Google & Facebook

Author>>>@aungzawhtwe

MSC : 014

Sort:  

good postပါ ကိုထွေး။ တွေးလေ ရေစရာများလေးဆိုတာ သိလိုက်ရပါတယ်ဗျ။

စာစရေးမဲ့သူလေးတွေကို သိစေချင်တာပါဗျာ။

ညီကိုပြောထားတာဟုတ်တယ်ဗျ

ဟုတ်ကဲ့ပါခင်ဗျ။

ဟုတ်​တယ်​အစ်​ကို​ရေစာကိုပုံမှန်​​လေး​ရေး​နေရင်​အ​တွေးအမြင်​​တွေကတဖွားဖွားနဲ့​ပေါ်လာတယ်အစ်​ကို​ရေဝါသနာနဲ့လဲဆိုင်​တယ်

မှန်ပါတယ်။

ကောင်းတယ်ဗျာ
စာများများဖတ်ရင် ရေးစရာတွေက ရှိပါတယ်ဗျာ

ဒါပေါ့ဗျာ။

တွေးရင်းရေးရင်းကုန်မှာမဟုတ်ပါဘူးအကိုရယ် ဗျိုင်းတောင် တော်တော်စုံသွားတယ် တွေးရတာ

တော်လွန်းပါတယ် Bro
ကျနော့်အထင် စိတ်ဝင်စားမှုလည်း စကား
ပြောမယ်ထင်တယ်ဗျ ။

စာပေအပေါ်မှာ စိတ်ဝင်စားမှုတော့ ရှိရပါမယ် bro

အ​တွေးနယ်​က စကြ၀ဠာ ထက်​ကိုကျယ်​​ပြောပါတယ်​အစ်​ကို​ရေ👍

ဟုတ်ပါတယ် အကိုရေ

ကောင်းတဲ့ဥပမာလေးပါbro ကျနော်တောင်စာရေးဖို့ အတွေးအမြင်သစ်တွေကို ရသွားတယ်.. အဲအတွက်ဘရိုကိုကျေးဇူးတင်ပတယ်

ရေးရတာ သူများအတွက် အကျိုးတစ်ခုဖြစ်မယ်ဆို ကျေနပ်ပါပြီဗျာ။

အစကတော့ ဘာရေး ရမှန်းမသိဘူးဗျ နောက်တော့ ချည်လုံးဆွဲနေရသလိုဘဲ

ဟုတ်ကဲ့ခင်ဗျ

ကောင်းမွန်တဲ့အကြံပေးမှုလေးပါဗျာ

ကျေးဇူးပါ။

လေးစားပြီလေ

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
လူကဆွဲလြှဲ ပစ်လို့ပါ ဟဲဟဲ
အကို့ရဲ့ တစဆွဲထုတ်နည်းက အတော်အဆင်ပြေသား အကြံကောင်းပဲဗျို့
Creditပေးပါသည်😁 အကြံယူသွားပြီဗျို့

ကျေးဇူးပါ။

newbie တွေ ဖတ်သင့်တဲ့ post ပါဗျာ

ဟုတ်ကဲ့

Good ပါဗျာ
အတွေးတွေနယ်ချဲ့ပြီးရေးမယ်ဆို
ကိုထွေးပြောသလို ဗျိုင်းတွေထိပါ လိုက်ပြီးရေးမယ်ဆိုမကုန်နိုင်လောက်တော့ဘူး
ဘာလို့ ဆိုတော့ ပေါက်ပင်ကိုင်းတဲ့ဗျိုင်း
ဟင်းချက်စားလို့ လည်းရတယ်လေ😁😁😁

ငင့် လုပ်ပြီကိုမိုးဇော်ကတော့။

ဆရာက ဆရာကျတယ်ဆိုတော့ လွယ်တာပေါ့ဂျာ

ဆရာဟုတ်ပါဘူးဗျာ။

Congratulations @aungzawhtwe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ကုန်ကြမ်းတစ်ခုရှာလိုက်တယ် ပြီးရင် ဖြန့်ပြီးတွေးလိုက်တယ်

ဖြန့်တွေးလိုက်တော့ ရေးစရာပိုပြီးပေါလာတာပေါ့ဗျာ။

Good Bro. ကျွန်တော်လည်း အစက ရေးကျင့်မရှိတော့
တစ်ပုဒ်ရေးဖို့ စဉ်းစားနေရတာ မလွယ်ဘူး။ ရေးတာအကျင့်ဖြစ်သွားတော့လည်း သွားရင်းလာရင်း အကြောင်းအရာတွေ စဉ်းစားရင့်း ရေးဖြစ်သွားတယ် ။

ဒါပေါ့ နေ့တိုင်းလုပ်နေရင် လွယ်သွားတာပဲလေ။

အကြံဉာဏ်​​လေးမဆိုးဘူး လုပ်​အုံးမှ😁

လုပ်ကြည့်ပါ။

ဘဒိုပြောသလိုပဲ တွေ့သမျှက ကျန်တော့်အတွက်ရေးစရာတွေပါပဲ

ရေးမယ်ဆို ရေးစရာတွေချည်းပါပဲဗျာ။

This post has received a 0.22 % upvote from @drotto thanks to: @aungzawhtwe.

ဥပမာ ယခုစကားပြောဟန်နဲ့ရှင်းပြသလိုမျိုးလေးရေးလိုက်တော့ ဆောင်းပါးတပုဒ်ဖြစ်ရော။ ပရိတ်သတ်တဦးပါ။

ကျေးဇူးပါ။

You got a 1.24% upvote from @postpromoter courtesy of @aungzawhtwe! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!

You're so nice for commenting on this post. For that, I gave you a vote! I just ask for a Follow in return!

Thank you @aungzawhtwe for making a transfer to me for an upvote of 0.70% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ကျေးဇူးပါပဲကို​ထွေး

ဟုတ်ကဲ့ပါခင်ဗျ။

This post has received a 17.22 % upvote from @steemdiffuser thanks to: @aungzawhtwe. Steem on my friend!

Above average bids may get additional upvotes from our trail members!

Get Upvotes, Join Our Trail, or Delegate Some SP