ငွေရောင်နှင်းစက် အမှက်တမဲ့နဲ့
တဖျက်ဖျက်ဝင်း ဆက်ဆက်ရင်းပေါ့
နေခြည်အေးမှာ လင်းရောင်ဖြာတယ်
.
သို့ပေသော်ငြား သူတို့မှာလည်း
အလင်းရောင်ပြန် ဖြစ်ခဲ့ပြန်မို့ 
လင်းရောင်အရှိန် ပူပြင်းချိန်ဝယ်
နှင်းငွေ့ဝေဝေ ပျောက်ပျက်လေမယ်
.
Copyရေးသား စာသမားလည်း
သီးကင်းအညှာ မခိုင်စွာရှိသို့
ဖြုတ်ဖြုတ်နဲ့ကြွေ ပုပ်လိမ့်မည်မို့
စာပေအရေး လိုရာတွေးလို့
ရေးသားနေစေ မူပိုင်ဟန်တွေ
ထင်ထင်လင်းလင်း သိမြင်ခြင်းသို့
တတစ်တစ်နေ ပုရစ်ညှာလို
ပင်မြင့်သို့တက် တစ်ရက်တစ်ရက်
သစ်ပင်ကြီးတွေ အဖြစ်သို့ဆက်။
ဆရာတင်လှိုင်ဦး၏ ကဗျာများကိုအားကြ၍
ရေးခြင်းဖြစ်ပါသည်။
ဖတ်လို့ကောင်းတဲ့ကဗျာတော့ မဖြစ်သေးပါဘူးခင်ဗျာ။
အမှတ်တမဲ့၊ တဖျတ်ဖျတ်နဲ့
ဝင်းလဲ့ငွေရောင်၊ မြူမှောင်နှင်းစက်
နေခြည်လက်မှာ၊ လင်းရောင်ဖြာခဲ့။
သို့ပေတဲ့လေ၊ သူတို့တွေသည်
ခြေည်ကင်းခဲ့၊ လမဲ့ညတွင်
ကိုယ်လျှင်မပိုင်၊ ကိုယ်ပိုင်မဟုတ်
အရောင်မထုတ်နိုင်၊ လက်မှိုင်တွေတွေချခဲ့ရ။
ထိုနည်းတူစွာ၊ စာသမားတို့
ကိုယ့်အားကိုယ့်ဥာဏ်၊ ကိုယ်၏မာန်ဖြင့်
ကိုယ်ဟန်မဖြစ်၊ အလစ်သုတ်ကာ
ရေးသားလာက၊ တွေးမှာမိုးခေါင်
နောင်တွင်အသစ်၊ ဖြစ်ခွင်မသာ
မှိုင်တွေကာဖြင့်၊ ပျောက်လွင့်သည်မှာ
ဓမ္မတာတည်း။ ။
ကိုမိုးဇော်အား ကဗျာကိုကဗျာဖြင့် အားပေးလိုက်ရပါသည်ခင်ဗျား။
ဟုတ်
ကျေးဇူးတင်ပါတယ် ဆရာ
ခုမှ postတွေဝင်ကြည့်ဖြစ်တယ်ဆရာရေ
good pome myanmar
Thanks.
Pro post လား bro
ကျနော်လဲအဲလိုရေးလို့ရလား
Proအတွက်မဟုတ်ဘူးbroရေ
This post has received gratitude of 0.43 % from @appreciator thanks to: @komoezaw.
funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?Thank you @komoezaw for making a transfer to me for an upvote of 0.70% on this post! Half of your bid goes to @budgets which