အမှတ်တမဲ့၊ တဖျတ်ဖျတ်နဲ့
ဝင်းလဲ့ငွေရောင်၊ မြူမှောင်နှင်းစက်
နေခြည်လက်မှာ၊ လင်းရောင်ဖြာခဲ့။
သို့ပေတဲ့လေ၊ သူတို့တွေသည်
ခြေည်ကင်းခဲ့၊ လမဲ့ညတွင်
ကိုယ်လျှင်မပိုင်၊ ကိုယ်ပိုင်မဟုတ်
အရောင်မထုတ်နိုင်၊ လက်မှိုင်တွေတွေချခဲ့ရ။
ထိုနည်းတူစွာ၊ စာသမားတို့
ကိုယ့်အားကိုယ့်ဥာဏ်၊ ကိုယ်၏မာန်ဖြင့်
ကိုယ်ဟန်မဖြစ်၊ အလစ်သုတ်ကာ
ရေးသားလာက၊ တွေးမှာမိုးခေါင်
နောင်တွင်အသစ်၊ ဖြစ်ခွင်မသာ
မှိုင်တွေကာဖြင့်၊ ပျောက်လွင့်သည်မှာ
ဓမ္မတာတည်း။ ။
ကိုမိုးဇော်အား ကဗျာကိုကဗျာဖြင့် အားပေးလိုက်ရပါသည်ခင်ဗျား။
ဟုတ်
ကျေးဇူးတင်ပါတယ် ဆရာ
ခုမှ postတွေဝင်ကြည့်ဖြစ်တယ်ဆရာရေ