You are viewing a single comment's thread from:

RE: ပြစ်‌ဒဏ်‌

in #myanmar6 years ago

ပထမဦးစွာ စိတ်‌ရှည်‌လက်‌ရှည်‌ ဂဃနဏ ရှင်းပြ‌ပေးတဲ့ ဆရာ့ကို ‌ကျေးဇူးတင်‌ပါ‌ရ‌စေ။ ကျွန်‌‌တော်‌တင်‌ပြလိုက်‌ ခြင်းဟာအမှား အမှန်‌ ၊စည်းကမ်း ဥပ‌ဒေအပိုင်းထက်‌‌ကြွေလွင့်‌သွား‌သော မိတ်‌‌ဆွေ‌တွေကို စိတ်‌မ‌ကောင်း ဖြစ်‌လို့ ‌လျှောက်‌လဲချက်‌စာမျိုး ‌ရေးလိုက်‌တာပါ။တစ်‌ဦးတစ်‌‌ယောက်‌ကို မရည်‌ရွယ်‌ပါဘူး။အများအတွက်‌‌ရေးလိုက်‌တာပါ။အ‌လျှောက်‌‌ကောင်းရင်‌ အ‌ထောင်းသက်‌သာဆိုသလို ညီအစ်‌ကို‌တွေတစ်‌ခုခုဖြစ်‌ရင်‌ အ‌ထောင်းသက်‌သာ‌စေချင်‌လို့ပါ။ ဆရာတို့ ကို ကိုယ်‌ချင်းစာပါတယ်‌။လုပ်‌ရကိုင်‌ရ တာအခက်‌‌တွေ့တယ်‌ဆိုတာသိပါတယ်‌။တရားသူကြီးက တရားသူကြီးအလုပ်‌ကို လုပ်‌မှာဘဲ။ကျွန်‌‌တော်‌တရားသူကြီး ဆိုလည်း လက်‌ရှိ ပြဌာန်းထားတဲ့ ဥပ‌ဒေ အတိုင်း စီရင်‌ချက်‌ ချရမှာဘဲ။‌အခုက memberတစ်‌‌ယောက်‌ဖြစ်‌လို့ မိတ်‌‌ဆွေ‌တွေအတွက်‌ ကရုဏှာသက်‌စွာ ‌လျှောက်‌လဲချက်‌သ‌ဘောမျိုး‌ရေးလိုက်‌တာပါ။ဆရာတို့လည်း မိတ်‌‌ဆွေ‌တွေအတွက်‌ စိတ်‌မ‌ကောင်းဖြစ်‌မှာဘဲ။ဒါ‌ပေမယ့်‌ ကျွန်‌‌တော့်‌လို ‌ရေးခွင့်‌မရဘူး‌လေ။တာဝန်‌က တာဝန်‌ဘဲဆိုတာ လက်‌ခံပါတယ်‌ဆရာ။ဆရာတို့ရဲ့စည်းကမ်းနဲ့ ဆုံး ဖြတ်‌ချက်‌ကို အမြဲလိုက်‌နာ‌နေမှာပါ။ကျွန်‌‌တော်‌ MSC ကို ဘယ်‌‌လောက်‌တန်‌ဘိုးတယ်‌ဆိုတာ ကျွန်‌‌တော့်‌post ‌တွေမှာ ‌တွေ့မှာပါ ။ထို့အတူ ဆရာတို့ Adms ‌တွေကိုလည်း အမြဲ‌လေးစားလျက်‌ပါ။မှားတာပါခဲ့ရင်‌ ‌တောင်းပန်‌ပါတယ်‌ဆရာ။

Sort:  

ဟုတ်ကဲ့ ကိုမဟော်ရေ ကိုမဟော်ရဲ့စာက အမှားမပါပါဘူးဗျာ။ နှစ်ဦးနှစ်ဘက် အမြင်တစ်မျိုးစီ ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ကျနော့်ဘက်ကကြည့်တော့ လက်ဖ၀ါး အကိုတို့ဘက်ကကြည့်တော့ လက်ဖမိုးပေါ့ အတူတူ မှန်နေကြတာပါပဲဗျာ။ ကျနော်တို့ အားလုံး တစ်ဦးကို တစ်ဦး နားလည်ပေးနိုင်ကြရင် ပိုပြီးပျော်စရာကောင်းတဲ့ အဖွဲ့လေးဖြစ်လာမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ပြင်ပရောက်သွားသူများကိုတော့ နှမြောမိတာအမှန်ပါပဲ။ မန်ဘာများအားလုံးကို လေးစားလျက်ပါ။