မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။ ဒီတစ်ပတ်တင်ပြချင်တာက အဖွဲ့အစည်းတစ်ခု တိုးတက်ရာတိုးတက်ကြောင်းလေး အကြံပြု ဆွေးနွေးတင်ပြပါရစေ။ ယခုတင်ပြခြင်းသည် ကျွန်တော့် ဉာဏ်တစ်ထွာတစ်မိုက်လောက်နဲ့ တင်ပြခြင်းဖြစ်သဖြင့် အမှားပါရင် လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခု တိုးတက်စေချင် သောရည်ရွယ်ချက် ကောင်းမွန်စေချင်သောရည်ရွယ်ချက်ဖြင့် တင်ပြခြင်းဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပါလို့ ပြောခြင်းဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခု မှာ member တိုင်း ဟာ strong ဖြစ်ဘို့ အရေးကြီးပါတယ်။ အမြဲ active ဖြစ်နေဘို့ လိုအပ်ပါတယ်။အဖွဲအစည်းပေါ် ယုံကြည်မှု လျော့ရဲလာတာနဲ့အမျှ member တွေကိုထိန်းရသိမ်းရခက်လာပါတယ်။သူတို့ရဲ့active နှုန်းကျလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ တိုးတက်နှုန်းကလည်း ကျဆင်းလာပါတယ်။active ဆိုတဲ့ စကားလုံးဟာ ကျယ်ပြန့်ပါတယ်။ လူ့သဘောသဘာဝက ကိုယ့်အတွက်အကျိုးရှိရာ ၊ကိုယ်ဝါသနာပါတာလုပ်ရရင် active ဖြစ်ကြတယ်။ ဒီနေရာမှာ ဝါသနာပိုင်းကို ထားလိုက်ပါ။ အကျိုးကိုကြည့်ပြီး active ဖြစ်တဲ့ အပိုင်းမှာ ပြဿနာအနည်းငယ်ရှိတယ်။ အခုလက်ရှိ အခြေအနေဘဲကြည့်လေ၊ ဈေးကျတာနဲ့ အကြောင်းပေါင်းစုံ ပြပြီး ခွင့်တင်ထားကြတယ်။ စည်းကမ်းနဲ့ active မဖြစ်တဲ့သူတွေ ထုတ်မယ်လို့ ဆုံးဖြတ်ရင် ထိုဖြေရှင်းခြင်းဟာ အပြည့်အဝမကောင်းနိုင်ပါဘူး။စည်ကမ်းဟာ အဖွဲ့အစည်းအတွက် အသက်ဆိုတာ မှန်ပေမယ့် သူ့မှာအတိုင်းအတာရှိတယ်။ အဖွဲ့အစည်းတိုးတက်ဘို့ရာ စည်းကမ်းကအခရာကျပေမယ့် သူ့ကြောင့်လည်း အဖွဲ့အစည်းပျက်နိုင်တယ်။ စည်းကမ်းကို memberတိုင်းပေါ့ပေါ့ပါးပါး လိုက်နာနိုင်လေ အဖွဲ့အစည်းတိုးတက်လေပါ။ activeဖြစ်ရင် ဝန်ကိုလျှော့ချနိုင်ပါတယ်။active ဖြစ်တဲ့နှုန်းနဲ့ စည်းကမ်းနဲ့ balance ဖြစ်လေ အဖွဲ့အစည်းဟာ တိုးတက်ဘို့ အလားအလာကောင်းပါတယ်။ စည်းကမ်းကို အမျိုးမျိုးပြောင်းရမယ်လို့ မဆိုလိုဘူးနော်။active လျော့ပါးရင် စည်းကမ်းကို လျော့ပေးရမှာလည်း လုံးဝမဟုတ်ဘူး။ ဆိုလိုချင်တာက လူ့ဝိနည်းနဲ့ ရဟန်းဝိနည်းကွာသလိုပေါ့ဗျာ။
အဖွဲ့အစည်းမှာ ၁။ စတင်တည်ထောင်တဲ့အဆင့် ၂။ အဖွဲ့အစည်း တိုးတက်ဘို့ ကြိုးစားတဲ့အဆင့် ၃ ။ အဖွဲ့အစည်း အောင်မြင်ပြီး တည်ငြိမ်စွာ ချုပ်ကိုနိုင်တဲ့ အဆင့် စသဖြင့် ရှိတဲ့နေရာမှာ စည်းကမ်းဟာလည်းတစ်စိတ်တစ်ဒေသ အရေးကြီးပါတယ်။စည်းကမ်းကို မပြောင်းရပါဘူး။ ပြစ်ဒဏ်ကို ဂရုစိုက်ရမှာပါ။တစ်ခုခုစည်းကမ်းဖောက်တာနဲ့ သေဒဏ်ဆိုရင် မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်း မှာသေဆုံးနှုန်းက များနေမှာပါ။့ အဖွဲ့အစည်းဟာ ဘယ်အဆင့်လည်းဆိုတာ အရမ်းအရေးကြီးပါတယ်။ active ဖြစ်မှုနှုန်းဟာအသင်းရဲ့ ဘယ်အဆင့်ရောက်နေလဲဆိုတာ အကြမ်းအားဖြင့် ခန့်မှန်းလို့ရပါတယ်။ သူ့တစ်ခုတည်းမဟုတ်ပေမယ့် member ဖြစ်ချင်သူတွေ များလေ အဖွဲ့အစည်းဟာ တိုးတက်လာတယ်လို့ သတ်မှတ်ရမှာပါ။ အခုဆွေးနွေးတင်ပြခြင်းသည်မကျေနပ်ခြင်း၊ အပြစ်တင်ခြင်း လုံးဝ ၊လုံးဝ မပါရှိပါ။ အဓိက ပြောချင်တာက ဆီလျော်တဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ဘဲ ချပေးစေချင်တာပါ။ ပြစ်ဒဏ်ကို ဆွေးနွေးစေချင်တာပါ။ တစ်ခုခုထိတာနဲ့ သေဒဏ်ဆို နှမြောတယ်ဗျ။Steemit မိတ်ဆွေတွေ လျော့ပါးသွားမှာ စိုးရိမ်လို့ပါ။ ဥပမာ copy ကိစ္စ။ steemitရဲ့ရဲ့ အသက်က no copy ဆိုတာ လက်ခံပါတယ်။ လုံးဝ ကူးချရင်တော့ တစ်ခါတည်း သေဒဏ်ပေးသင့်ပါတယ်။ တစ်စိတ်တစ်ဒေသ ပုံစံတူရေးရင် pro 2လနားတို့ ဘာတို့ ပြစ်ဒဏ်လေးလျော့ပေါ့စေချင်တာပါ။ အခုဆို ပြဿနာတစ်ခုခုဖြစ်ရင် pollဆွဲပြီးဖြေရှင်းတာ အရမ်းကောင်းတယ်ဗျာ။ admတွေတကယ်တော်ပါတယ်။ သူတို့လည်းလုပ်ရကိုင်ရတာ တော်တော်မလွယ်ပါဘူး။ အများနဲ့လုပ်ရတော့ အမုန်းလည်းခံရပါတယ်။ယခုကျွန်တော်တင်ပြတာ တင်ပြပုံ အားနည်းလို့ မှားယွင်းမိရင် တောင်းပန်ပါတယ်။ ခွင့်လွှတ်လို့ရတဲ့ စည်းကမ်းချိုးဖောက်မှုတွေကို ပြစ်ဒဏ်လေး လျော့ပေါ့စေချင်တာပါ။
crd.org.source
ကျွန်တော့်အတွက် ပြောဆိုနေခြင်း မဟုတ်ပါ။ အဖွဲ့အစည်းတိုးတက်ဘို့ ဘာအကြံပြုရင် ကောင်းမလဲ လို့ အမြဲစဉ်းစားနေသူတစ်ယောက်ပါ။အကြံပေးခြင်းဟာ အပြစ်တင်ခြင်းမဟုတ်ပါကြောင်းထပ်လောင်းပြောပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ကျန်းမာချမ်းသာကြပါစေ။
MSC - 228
@mahaw
အကြံပေးတာကောင်းပါတယ်
ကျေးဇူးပါဗျာ။ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားကြရအောင် ။ဘယ် ပြဿနာမဆို အချိန်တန်ပြီးသွားမှာပါ။
အဖွဲ့အတွက်ကြံပေးတာ အဖွဲ့အပေါ်သံယောဇဉ်ရှိတာကိုပြသတဲ့အတွက်ကြိုဆိုပါတယ်ဗျာ
ကျေးဇူးပါအစ်ကိုယု။
ဘယ်လောက်ပဲ သည်းထန်ပြင်းထန်နေပါစေ
ကိုမဟော် ရင်ထဲမှာ " မပြို သည့်မိုး " ကတော့ အမြဲရှိနေတယ်ဆိုတာ
post ကို ဖတ်ကြည့်ရင်း သိလိုက်ရပါတယ်
ကျေးဇူးပါညီ။
မသိဘူး သေဒဏ်ဘဲ လာမပြောနဲ့ စည်းကမ်းဟာစည်းကမ်းဘဲ
ပြောရရင် လဂွန်းအိမ်အကြောင်းလေးတောင်ေ ပြာချင်ပါတယ်။ဒါပေမယ့် မေ ပြာတော့ပါဘူးညီရာ။
ဟုတ်တယ် အခုတလော activeသိပ်မဖြစ်ကြဘူး
မအားကြလို့ဘဲ ဖြစ်မှာပါ။ကျေးဇူးပါ ညီမ။
စည်းကမ်းမရှိရင်ရေတောင်သောက်မရပါဘူး။ ရေခွက်ဆိုတဲ့စည်းရှိလို့ရေကိုပါးစပ်ထဲထည့်လို့ရတာ။
မှန်ပါတယ် ဆရာ။
အားလုံးစည်းကမ်းလိုက်နာactiveဖြစ်ကြရင်အကောင်းဆုံးပေါ့...အကြံပေးတာကောင်းပါတယ်....👍
အတူတူကြိုးစားကြတာပေါ့။ကျေးဇူးပါ ညီမ။
တူတူကြိုးစားကြတာပေါ့
Fighting!
ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာပေါ့
ကျွန်တော်ပြောချင်တာ အဲ့ဒါဆရာရေ။
ထပ်လောင်းပြီးအကြံလေးတွေပေးပါဗျာ
ဒီလိုPostမျိုးကို မရေးချင်တာအမှန်ပါ။ဖြစ်နိုင်ရင် ချစ်ဖွယ်သောစကားဘဲေ ပြာချင်ပါတယ် ကိုလွမ်း။
အကောင်းဆုံးကတော့ မလျော့မတင်း စောင်းကြိုးညှင်းသလို စည်းကမ်းမျိုးပေါ့နော။
ကျွန်တော်တင် ပြချင်တာ စည်းကမ်းပိုင်း မဟုတ်ပါဘူး။
ဟုတ် ညီမ အစ်ကို့ရဲ့ ဒီပို့စ်ကို နားလည်လိုက်တာက ပြစ်ဒဏ်ဆိုတာ သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်ရင် ပြစ်ဒဏ်ချခံရမယ် ... အဲ့ဒီ့မှာ အစ်ကိုဖြစ်စေချင်တာက အဖွဲ့အတွက် တိုးတက်စေချင်လို့ ပြစ်ဒဏ်ကို ဖြေလျော့သင့်တာ ဖြေလျော့ရမယ်... ဒီလိုနားလည်လိုက်တာ... အဲ့ဒါကြောင့် ပြစ်ဒဏ်ကို ဖြေလျော့မယ့်အစား စည်းကမ်းကိုပဲ အချိန်အခါနဲ့လိုက်အောင် လိုတိုးပိုလျှော့ ပြန်ညှိထားရင် ကောင်းမယ်လို့ တွေးမိလို့ပါ။ ဥာဏ်မီသလောက်လိုက်တွေးကြည့်တာမို့လို့ ညီမအတွေးကလည်း မှားနိုင်ပါတယ်။
ညီမရေးတာ မမှားပါဘူး။အစ်ကို Reply ရေးရင်ဘောင်ကျော်မှာစိုးရိမ်လို့ပါ။အကြံဉာဏ်ပေးတယ်ဆိုပေမယ့် ဘောင်တော့ မကျော်သင့်ဘူးလေ။ဒီလိုPostမျိုး နောက်မရေးတော့ပါဘူး။ဆရာတွေကို စော်ကားသလိုဖြစ်မှာ စိုးရိမ်တယ်။
အကြံဥာဏ်ကောင်းလေးပါပဲ
ကျေးဇူးပါအစ်မ။
ကိုမဟော် စိတ်ရင်းစေတနာနဲ့ အဖွဲ့အပေါ် အကြံဥာဏ်ပေးလာတာကို ၀မ်းသာစွာကြိုဆိုပါတယ်။ ကျနော်တို့မှာလည်း မတစ်ထောင်သားများကို အဖွဲ့နဲ့ လိုက်လျောညီထွေဖြစ်အောင် ထိမ်းသိမ်းပေးနေရတော့ စည်းကမ်းကိုတော့ လျော့ပေးလို့မရပါဘူးဗျ။ ဖြစ်ချင်တာတော့ လိုတိုးပိုလျော့ ဖြစ်ချင်တာပေါ့ဗျာ။ ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာ စကားပုံက အလကားဖြစ်လာတာမှမဟုတ်ပေပဲ။ သို့သော်လည်း လူအများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်နေပြန်တော့ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တယ် ဆိုတဲ့ အတွေးမျိုး မန်ဘာတွေရဲ့စိတ်မှာ စွဲထင်သွားရင်အဖွဲ့ပေါါ်ထားတဲ့ ချစ်ခင်စိတ်၊ မြတ်နိုးစိတ်များ လျော့နည်းသွားသလို အချင်းချင်းလည်း နားလည်ပေးမှုအတိုင်းအတာ လျော့နည်းလာတတ်ကြပါတယ်။ ဒီလိုသာဖြစ်လာရင် active ဖြစ်ခြင်းဆိုတာ လျော့ကျလာကြမှာပဲ။ စည်းလုံးခြင်းဆိုတာကလည်း လျော့ကျလာကြမှာပဲ. ဒါဟာ အဖွဲ့အစည်းတစ်ခုဖြစ်လာရင်မလွဲမသွေ ကြုံတွေ့ရတတ်တဲ့ အချက်တစ်ချက်ပါပဲဗျာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ အားလုံးကိုပြောချင်တာက အဖွဲ့အစည်းဖြစ်နေသည့်အတွက် အဖွဲ့စည်းကမ်းကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ သို့သော် ဒီလောက်ပဲ ကျနော်ပြောပါရစေ။ ကိုမဟော်ရဲ့ အကြံပေးမှုကို လေးစားပါတယ်။
ပထမဦးစွာ စိတ်ရှည်လက်ရှည် ဂဃနဏ ရှင်းပြပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါရစေ။ ကျွန်တော်တင်ပြလိုက် ခြင်းဟာအမှား အမှန် ၊စည်းကမ်း ဥပဒေအပိုင်းထက်ကြွေလွင့်သွားသော မိတ်ဆွေတွေကို စိတ်မကောင်း ဖြစ်လို့ လျှောက်လဲချက်စာမျိုး ရေးလိုက်တာပါ။တစ်ဦးတစ်ယောက်ကို မရည်ရွယ်ပါဘူး။အများအတွက်ရေးလိုက်တာပါ။အလျှောက်ကောင်းရင် အထောင်းသက်သာဆိုသလို ညီအစ်ကိုတွေတစ်ခုခုဖြစ်ရင် အထောင်းသက်သာစေချင်လို့ပါ။ ဆရာတို့ ကို ကိုယ်ချင်းစာပါတယ်။လုပ်ရကိုင်ရ တာအခက်တွေ့တယ်ဆိုတာသိပါတယ်။တရားသူကြီးက တရားသူကြီးအလုပ်ကို လုပ်မှာဘဲ။ကျွန်တော်တရားသူကြီး ဆိုလည်း လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေ အတိုင်း စီရင်ချက် ချရမှာဘဲ။အခုက memberတစ်ယောက်ဖြစ်လို့ မိတ်ဆွေတွေအတွက် ကရုဏှာသက်စွာ လျှောက်လဲချက်သဘောမျိုးရေးလိုက်တာပါ။ဆရာတို့လည်း မိတ်ဆွေတွေအတွက် စိတ်မကောင်းဖြစ်မှာဘဲ။ဒါပေမယ့် ကျွန်တော့်လို ရေးခွင့်မရဘူးလေ။တာဝန်က တာဝန်ဘဲဆိုတာ လက်ခံပါတယ်ဆရာ။ဆရာတို့ရဲ့စည်းကမ်းနဲ့ ဆုံး ဖြတ်ချက်ကို အမြဲလိုက်နာနေမှာပါ။ကျွန်တော် MSC ကို ဘယ်လောက်တန်ဘိုးတယ်ဆိုတာ ကျွန်တော့်post တွေမှာ တွေ့မှာပါ ။ထို့အတူ ဆရာတို့ Adms တွေကိုလည်း အမြဲလေးစားလျက်ပါ။မှားတာပါခဲ့ရင် တောင်းပန်ပါတယ်ဆရာ။
ဟုတ်ကဲ့ ကိုမဟော်ရေ ကိုမဟော်ရဲ့စာက အမှားမပါပါဘူးဗျာ။ နှစ်ဦးနှစ်ဘက် အမြင်တစ်မျိုးစီ ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ကျနော့်ဘက်ကကြည့်တော့ လက်ဖ၀ါး အကိုတို့ဘက်ကကြည့်တော့ လက်ဖမိုးပေါ့ အတူတူ မှန်နေကြတာပါပဲဗျာ။ ကျနော်တို့ အားလုံး တစ်ဦးကို တစ်ဦး နားလည်ပေးနိုင်ကြရင် ပိုပြီးပျော်စရာကောင်းတဲ့ အဖွဲ့လေးဖြစ်လာမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ပြင်ပရောက်သွားသူများကိုတော့ နှမြောမိတာအမှန်ပါပဲ။ မန်ဘာများအားလုံးကို လေးစားလျက်ပါ။