မြန်မာsteemiter အားလုံး မင်္ဂလာပါ
Steemit Myanmar community ဆို ခေါင်းစဉ်တပ်ပီး ကသက်ရေးခဲ့ တာ လိုရင်းမရောက်ပဲကြာနေတာ အားနာလာပီ။ လိုရင်းရောက်အောင်ပဲပြောတော့မယ်။ တခုပြောချင်တာက ကိုဟင့်အကြောင်းအများစုရေးသောကြောင့် ကျနော် ဈေးတတ်မှပြန်လာပီး အကျိုးလိုလို့ ညောင်ရေလောင်းတာ ဟုတ်မဟုတ် စာကိုသေချာဖတ်ပေးပါနော်။
ဒီလိုဗျာ ကိုဟင့် စတွေ့ပီး ကိုဟင်က ကဲ ကြယ်ငါးတေ ကောက်ကြရအောင် ဆိုပီး မြန်မာ တွေ steemit ကို ပိုအောင်လုပ်ရမယ် copy ကူးတဲ့စိတ်ဓာတ်ပြောက်အောင် စာပေ ကိုတန်ဖိုးထားတတ်အောင်ဆိုပီး စပြောတယ်။
သူ့ ကိုရီးယား မိတ်ဆွေတွေကို မြန်မာစာရေးလာရင် ကူညီဖို့ လိုက်ပြောပေးတယ်။ ဟိုကလည်း ကူညီကြပါတယ်။
အဲ့ဒီမှာ ဆရာတော်တော်များ ဆရာတော်တော်များများ ဒီ platform ပေါ် ဝင်လာခဲ့ကြတယ်။ cheetah တေ ပလုံစီနေတာပေါ့။ မြန်မာလေ သိတယ်မဟုတ်လား စာတင်ရင်ရတယ်ဆိုတော့ကာ ချဟေ့ ချဆိုပီး။
ကိုဟင် မိတ်ဆွေတေ စိတ်ပျက်သွားတယ်။ မြန်မာတေ စာမဖတ်ကြဘူးဆိုတာဖြစ်သွားတယ်။ ဟုတ်တယ် အခုထိ steemit FAQ နဲ့ welcome ကို ပညာတတ် ဖတ်တတ်တယ်။ မဖတ်ကြဘူး။ တခြားမပြောနဲ့ အခု pro တင်တာတောင် စာ မဖတ်ဘူး cb ကနေလာမေးပီးတလွဲတေလုပ်ကြတယ်။
အဲ့အချိန် ပထမဦးဆုံး အနေနဲ့ ကိုဟင် copy သမားတွေ့ရင် အသေမုန်းသော စိတ် ဘာကြောင့်ဆိုတာတချက် ခံစားကြည့်ပေးပေါ့။ သူ့နေရာကနေ။ သူ့မိတ်ဆွေတေကို အကူညီတောင်းပီး ဒီဘက်က လုပ်ချင်ရာ တွေလုပ်ကြ cheetah ပလုံစီ။ cheetah ထိရင် သူများ community က လူတေက အသေမုန်းတာ။ စာမဖတ်သော သူ အချောင်သမား လို့ကို သူတို့ထဲ ပုံရိပ်စွဲအောင် မြင်တာ။ ကိုဟင်ကို ပြောသွားတာက မိတ်ဆွေကိုခင်တယ် သို့သော် cheetah community ဖြစ်နေသေးတယ်တဲ့။
ပထမ တစ်ကြိမ်နော် မြန်မာတွေ ပေးချင်သလောက် ကိုဟင် ဟိုဘက်အားနာ ဒီဘက် အားမရ ရင်လာဖွင့်တယ်။ viber ကနေတစ်မျိုး Telegram ကနေတဖုံ သူ ပြောခံရတာ စေတနာတေထိခိုက်ခဲ့တာ ကျနော် မြိုသိပ်ပီးနောက်ပိုင်းကျမှပြောပြတယ်။ ဒါပထမ တစ်ကြိမ်နော်။ မြန်မာတေ ပါဝါမရှိချိန်မှာ ပါဝါစုဖို့ အကူညီလိုအပ်တယ်။ အကူညီမရှိတော့တော့ ကိုဟင် ခေါင်းချောက်ပီ။ မြန်မာတေ စာရေးပေမယ့် သိပ်မရတိုင်း ကိုဟင် တွေးရပီရှေ့ဆက် ဘာတေပေးနိုင်မလည်း လိုက်ရှာရတယ်။ အကူညီတေ မရခင်မှာ သူပေးချင်စိတ် အဲ့အချိန်ကများ သူပြောဖူးတဲ့စကားလေးတစ်ခု အကယ်၍ သာ မြန်မာပြည်မှာ မြန်မာကြိုးစားသော လူငယ်လေးတေကို vote ပေးဖို့ invester ကောင်းကောင်းရှိရင် ကသက် ကိုဟင် လေယဉ်နဲ့ လာပီး ခြေသလုံးဖတ်တောင်းပန်ရ တောင်းပန်ရ အဲ့လောက်ထိ။ MSC အတွက် အဲ့လောက်ထိခေါင်းစားခဲ့ဖူးတယ်။
ကသက်ပြောတာ အဲ့အချိန်က အခြေအနေနော်။ သူပေးနိုင်တာထက် ပိုပေးချင်နေတာ။ MSC ဘာလည်းဆိုတာ အဲ့ဒါ အစပဲ။
အဲ့ဒီနောက် ဟိုနေ့က ဝေဖန်ဖူးသော vote group တေ အများကြီးဖြစ်လာတယ်။ admin ဆိုလို့ ကျနော်နဲ့ ကိုဟင်ပဲရှိသေးတာ။ မဖြစ်မနေ vote chat gp တေ အများကြီးဖြစ်လာပီ။ ကသက် အရက်သမားအဲ့ကတည်းက သို့သော် စဉ်းစားတတ်တယ် ဝင်ကြည့်ပီး ပြောတယ် မဖြစ်မနေ သည် ကိုယ့် power နဲ့အလုပ်မဖြစ်။ ကဲကျနော် အဲ့လို gp တစ်ခုဝင်မယ် ပုံလေးတစ်ပုံတင်မယ် ပီး image from google တပ်မယ်။ မဖြစ်မနေ vote ကသက်လည်း vote မယ် လာခဲ့ တရက်အယောက်တစ်ရာ။ အဲ့မှာ quailty post သမားတေ ခံစားချက် ကိုယ်တိုင်ကြိုးစားရေးခဲ့တဲ့ ကျနော် အစကတည်းက ဘယ် gp ထဲထည့်ထည့် ပြောင်တယ် မကြိုက်ရင်မပေးဘူး။ ကိုယ့်လည်း ကြိုက်မှ ပေး vote gp တေလုပ်ပီးတင်လိုက်ကြတာက မြန်မာတေ မစည်းလုံးဘူး မစည်းလုံးဘူး အော်ကြတယ်။ ကို@nyanlinn fb မှာ gp ဖွဲ့ပီး လုပ်ပေးတယ်။ နောက်ပိုင်းသူလည်း ဆက်မလုပ်တော့။ အဲ့လို chat gp 30 ကျော်လောက်လုပ်ကြတယ် မဖြစ်မနေ vote မြန်မာတေ မစည်းလုံးဘူး အော်နေတဲ့သူတေ အဲ့ထဲကနေ အဟုတ်ကြီးမစည်းလုံးတာပါ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတယ်။ ကသက်က အဲ့ကတည်းက ဟဟ ပဲ။ စုကြေးလိုပဲလေ တစ်ယောက်နှစ်ယောက် ပျက်တာနဲ့ ကျန်တဲ့သူ ပျက်ပီ။
ကိုဟင့်အကြောင်း ပြန်ဆက်ကြရအောင် ကိုဟင်စာတေ သေချာရေး 2017 6လပိုင်းအကျော် 7လပိုင်း btc တေ ဈေးထိုးကျချိန် တော်တော်များများ ဘဲဥမကွဲကြဘူး။ ကိုဟင်လည်း စာတေ ရေးတာက တဖက် ခေါင်းမီးတောက်ခဲ့ရတယ်။ သူပြောတာ တခါတစ်လေအိပ်တောင်မပျော်ခဲ့ဘူးတဲ့။ သူ့post တေ ပြန်ရှာဖတ်ကြည့် တွေ့နိုင်ပါတယ်။
လာပီ နိုင်ငံတကာလှည့် သူဖုန်းစားကြီး ကိုဟင် မြန်မာ လူငယ်များကို ကူညီပေးပါ စာပေါင်းများစွာတင်ပီးနောက် 8 လပိုင်းလောက် ရောက်တော့ အကူညီတစ်ခုရပီ။ @curie နဲ့အဖွဲ့ စတင်ကူညီမယ်ဆိုတာ ရလာပီ admin team မရှိသေးသော အချိန် myanmar tag နဲ့ တတ်လာသူတိုင်း တနေကုန် နှစ်ယောက် ထိုင်ဖတ် link copy ပို့ပေး ဟိုဘက်ကူညီမယ့်သူတေကို။ သူတို့ မြန်မာစာ မတက်ပေမယ့် ဒါကျနော်တို့ရွေးပေးထားသော quality post မြန်မာဘာသာနဲ့ရေးထားတာ လုပ်ကြတယ်။
@donkeypaung အုပ်စု နိုင်ငံတကာ လှည့်ကူနေသောအဖွဲ့တေ။ ကူညီရင်း vote တေရလာတယ်။ တတ်လာပီ $တေ။
အဲ့မှာ ကျနော်ကို့ ကိုဟင်အမြဲတိုင်ပင်တာက ကိုဟင်သည် အများအတွက်လုပ်သော်ငြား steemit myanmar community ကို ကိုဟင်ချုပ်ကိုင်နေသလိုဖြစ်နေမှာ အရမ်းကြောက်တယ်။ အဲ့တော့ ဘာလုပ်လုပ် အစည်းဝေးခေါ်မယ်တိုင်ပင်မယ် လုပ်တယ်။ အဲ့တုန်းက အစည်းဝေးဆို လူဟောင်းတိုင်းသိတယ်။ အများဆန္ဒ ယူပရစေ ကို ထပ်ခါတလဲလဲ ပြောတယ်။ အဲ့ဒီမှာ ပထဦးဆုံး admin team ထွက်ပေါ်လာခဲ့တယ်။ MSC သမိုင်း နဲ့ဆိုင်လာပီ။
နှစ်ယောက်ထဲ တတ်သမျှ post လိုက်စစ်ရတာ မချောင်တော့ဘူးလေ။ တနေကုန်ပဲ။ အဲ့မှာ ဘယ်လိုက်လုပ်မလည်း အဓိက မြန်မာတေ စာမဖတ်တော့ စည်းကမ်းချက်နဲ့ တနေရာထဲစုပီး vote ပေးကြရအောင် ဆိုတော့ကာ facebook group က အဆင်မပြေ ဘာလို့ဆို post အပေါ်အောက်က မမှန်လေ။
ထားပါတော့ ဒါတေ က နပ်ချေးတွဲလဲတေ။
အဲ့မှာ ဟုတ်ပီ page တစ်ခုမှာ ဝိုင်းမန့်ခိုင်းမယ် စည်းကမ်းချက်နဲ့အညီဆို ကသက် ထပ်ကိုင်ပြန်ပီ page တစ်ခု။ ပုံမှန်လေးအစား တင်ချင်တဲ့အချိန် လျက်တပျက်တင်ပေးတယ် ကသက်စချင်နောက်ချင်စိတ်ကလည်း ပါတာပေါ့။ post ကို မန့်ခိုင်းကြတယ်။ သမီး @pyaesonekhinkhin အဲ့အကြောင်းရေးတာ ရယ်ရတယ် ပထမဦးဆုံး pro တင်ဖို့ မနက်အစောကြီးက စောင့်ခဲ့ရတဲ့အကြောင်း။ သူကလည်း ကိုယ့်သမီးမို့ကိုယ်ပြောတာမဟုတ် သစ်ရွက်ကြွေတာတောင် post ဖြစ်တယ်။ သများတေ ဆယ်ကျော်သက် သစ်ရွက်ကြွေတာတောင် ရင်ခုန်တဲ့အရွယ်တဲ့။ ခတ်စနစ်များ ပြောင်လာတော့ သစ်ရွက်ကြွေနာတောင် post ဖြစ်တယ်။ သူ့အစ်မ ကုလားမက သမီးအကြောင်းထည့်ထည့်ရေးရင် မနာလိုတာက ပိုသေး။ sorry ပါ။ 😝😝😝😝😝😝😝
Page မှာ စမန့်ခြင်းနဲ့အတူ ပေါလိုက်တဲ့ သူခိုးများ ပိုးစိုးပက်စက်။ သူများကို ဒါတွေ ကြိုးစားရေးသားထားသော quality post ဆိုပီး တင်တာလေ။ သူတို့ကလည်း မြန်မာလိုမဖတ်တတ်တော့ဒီထဲ ရှိ vote ပေးတာပဲ။ မြန်မာ quality post များ cheetah တကားကားနဲ့ မနည်းတောင်းပန်ယူရပြန်တယ် ဒုတိယတစ်ခါ။
ဆက်ရေးရင်ကုန်မှာစိုးလို့ နောက်ရက်မှ admin တယောက်ချင်းစီ ငယ်ကျိုးငယ်နာက အစဖော်ပီးရေးပါမည်။
That Ko Zaw
MSC 005
အလွတ်တန်း ပြောချသွားတာဆိုတော့
tag မှာ #freewrite ပါ ထည့်လိုက်ပါလား broသက်
နင်ထည့်ဆိုလို့ ထည့်ပီဟာ
ဟဟား စိတ်မြန် လက်မြန်ပဲ
အရင်လိုပဲ
ရေးသာရေးကိုသက်
အကုန် Resteemလုပ်ပစ်မယ်
ရေးထားတာအရမ်းမိုက်...
ဟား ယုံပီလေ
သား အကြောင်း အကောင်း မရေးလို့ကတော့ နော် ...
ဟွန့်
Gif လေးမပျောက်အောင် ဘယလောက်သိမ်းခဲ့ရလည်း
လာခဲ့ဒါမျိုးတော့
ဘဝခရီးလမ်း ကြမ်းကြမ်း
အခု msc ရှုပ်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အဲ့တုန်းက ကိုဟင် မျက်ဖြူလန်ခဲ့တာများ ပြန်တွေကြည့်ရင် အခုဆို copy အသေမုန်းတဲ့ သူ့စိတ် နားလည်လာမယ်
အစ်ကိုရေကျတေိာshare ထားတယ်နော်
ကျေးဇူး bro
ဟယ်.. တို့ ကိုသက်ကြီတော့
ငယ်နာဖော်မှာဆိုလို့ ဖားထားတာ :-)
ကိုထွေးစဝင်တုန်းက post တေနဲ့ ပုံတေ ချပလိုက်မယ်
စေတနာတွေ...
ကျေးဇူးပါ
Adminတွေရဲ့ blog တွေ လိုက်ဖတ်မှ နားလည်အကျိုးရှိပေမယ်ပေါ့
သင်ယူဆဲပါဗျ
လွန်ခဲ့တဲ့ လေးလထဲက steemit ပေါ်ရောက်ပြီး ကသက်တို့နဲ့စောစောမတွေ့ရတာနာတယ် ဘဲဥကမကွဲ ဘုမသိဘမသိနဲ့ ချိတက်လေးကတစ်ခါမိသေး post ဘယ်လိုတင်ရမှန်းမသိလို့ စမ်းတင်ရင်းမိတာ ချိတက်လာမန့်တာကိုပျော်နေသေးတာ ဘာမှန်းမသိလို့ 😂
ဟုတ်တယ် ကိုသက် ကိုဟင်ဆိုတာ အလုပ်အားချိန်တောင် မနားပဲ
you stupid လိုအပြောခံခဲ့ရတဲ့အထိ မြန်မာတွေအပေါ်စေတနာ
ထားခဲ့ပါတယ် ကိုဟင်မှ မဟုတ်ပါဘူး MSC ကAdmin တွေကော အပြောအဆိုခံ အဆဲခံကြပြီးတော့ကို စေတနာထားကြတာတွေ့မြင်ခဲ့ရပါတယ် ဒါပေမဲ့ တို့ မြန်မာတွေကိုက အလွယ်လိုက်နေတာ ဗီဇလို ဖြစ်နေကြတော့ တကယ်ရင်နာမိတယ်ဗျာ
ချချအားပေးတယ်
1 MSCဖြစ်ပေါ်လာတဲ့ အကြောင်း
2ဆရာဟင် ကို ထက်ပီလေးစားမိပြန်တယ်
3Mynတေ copyရိုက် လို့ Cheetahထိပီတောင်းပန်ခဲ့တာတွေ
4ငယ်ကျိုးငယ်နာလေးတွေ
ရသတွေစုံနေတာပဲ ကွီး ကသက် ရေ...
ကျွန်တော်တို့ကို လက်တွဲခေါ်ပါအူး ဆရာသက်
ရေးစေဗျား တစ်ခုလောက်တော့ချန်ထားပေးအုံး အကုန်မဖော်နဲ့နော်