ကျွန်တော် ဘယ်အရပ်ဒေသကိုများ ရောက်နေတာလဲ ၊ ဘာမှလည်း မမြင်ရဘူး ၊ အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်လို့။မိတ်ဆွေအပေါင်းအသင်းလည်း ဘယ်သူမှ မတွေ့ဘူး ၊ တစ်ယောက်တည်း ။ကျွန်တော့လက်က တစ်စုံတစ်ရာကို ဆွဲကိုင်လိုက်တယ် ဘာမှန်းမသိတဲ့ အရာတစ်ခု။ထိုအရာကို အအေးဒဏ်ရဲ့ စွမ်းအားများကို ကာကွယ်ဖို့ ဆွဲလိုက်ခြင်းပါ။ထိုအရာဖြင့် ခန္ဓာကိုယ်ရဲ့ အထက်ပိုင်း လည်ပင်းနားထိ လွှမ်းခြုံထားလိုက်တယ်။ဒါပေမယ့်လည်း အအေးဒါဏ်ကို ခံစားရတုန်းဘဲ။
“ဟင် ဘယ်လိုများဖြစ်နေတာလဲ ၊ ဒီလောက်တောင် အေးနေတာ” ၊ နောက်ဆုံးတော့ တော်တော်အေးလာသလိုခံစားမိလာတယ်။စိတ်ကလည်း ငါဘယ်ကိုများ ရောက်သွားပါလိမ့်ဆိုတဲ့ စိတ်နဲ့အတူ မျက်လုံးဖွင့်ပြီး အားယူပြီး တစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာတော့။လက်စသပ်တော့ ကျွန်တော်ဆွဲတင်လိုက်တာ စောင် ဖြစ်နေတာကိုး။
“ အော် ”
တော်ပါသေးရဲ့ ဘာမှ မဟုတ်လို့ဆောင်းရာသီရဲ့ အအေးဒါဏ်နဲ့အတူ အိပ်ယာပေါ်မှာ လူးလိမ့်ရင်း "အေးလိုက်တာ" စောင်ကို ခေါင်းမြီးခြုံတော့လည်း အအေးဒါဏ်ရဲ့လွှမ်းမိုးမှုကို ဖယ်ရှားနိုင်မှုလုံးဝမရှိတော့ပါ။တော်တော်အေးတဲ့ ဆောင်းရာသီဘဲ။စိတ်ထဲမှာတော့ ပျော်သွားတယ် ဘယ်အရပ်ဒေသကိုမှ ရောက်နေခြင်းမဟုတ်တဲ့အတွက်။
အစကတော့ အိပ်ချင်မူးတူးဖြင့် “ဘယ်အရပ်ဒေသကိုများ ရောက်သွားပါလိမ့်”ဆိုပြီး လန့်နေတာ။အိပ်ယာကလည်း မထချင် အေးအေးနဲ့ ထပ်ကွေးနေချင်မိတယ်။ဒါပေမယ့် မနက်လည်းလင်းခါနီးပြီဆိုတော့ အိပ်ရေးကလည်း ၀နေပြီနဲ့တူပါတယ်။အိပ်လို့မရတော့ပါ ဒါနဲ့ စဉ်းစားခန်းတွေ စတင်ဝင်ရောက်လှုပ်ရှားပါတော့တယ်။စိတ်တွေကတော့ ဟိုကိုရောက်လိုက် ၊ ဒီကိုပြန်လာလိုက်ပေါ့။ဘာတွေကို စဉ်းစားမှန်းတောင် မသိဘူး တစ်ခါ တစ်လေ ပျော်နေသလို ၊ ဟောအခုတော့ တစ်ခုခုကို စိုးရိမ်သလိုလို။အဲအချိန်မှာဘဲ "အောက် အီး အီး အွတ်” ဆိုပြီး အရပ်ရှစ်မျက်နှာက သဘာဝနှိုးစက်သံတွေ ကြားနေရပါတော့တယ်။တစ်ချို့ အသံက အနီးကမို့ ကြည်လင်တယ် ၊ တစ်ချို့အသံက အဝေးကမို့ သဲ့သဲ့လေးရယ်။နှိုးစက်သံတွေနဲ့အတူ အိပ်ယာထဲက ပျင်းစိတ်တွေကို မောင်းထုတ်ရင်း ကျွန်တော်နိုးထလာခဲ့ပါသည်။အိပ်ခန်းတံခါးဖွင့်ပြီး အပြင်ကိုထွက်လာလိုက်တယ်။မျက်နှာသစ်ပြီး သွားတိုက်ဖို့ရန် ပြင်ဆင်နေတုန်း အပြင်ကို ကြည့်လိုက်တော့ မှောင်မဲနေဆဲ။အပြင်မှာလည်း နှင်းတွေကျလို့။သစ်ပင်ပေါ်က နှင်းစက်တွေကလည်း တဖြုတ်ဖြုတ်ကြွေလို့။အဲဒါတွေကြည့်ပြီး သွားတိုက်ရင်း ထပ်မံစဉ်းစားခန်းတွေ ၀င်ပြန်တယ်။ငါ့ဘ၀အတွက် ငါဘာလုပ်ရင်ကောင်းမလဲ ၊ ဘယ်လိုလုပ်ရင်တော့ ဘယ်လိုအဆင်ပြေနိုင်မယ်။ဘယ်သူတွေနဲ့တော့ စကားများနိုင်တယ်။ဘယ်သူတွေက ငါ့ကို ဘာပြောမှာလဲ။ငါအောင်မြင်လာရင်ကော ငါ့မိသားစုကို ဘယ်လိုထောက်ပံ့မယ်။ငါ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လိုကူညီမယ်။ဘယ်သူတွေကတော့ ငါ့ကို မကြည်ဘူး။ငါ့အတင်းကို ငါ့နောက်ကွယ်ရာမှာပြောကြတယ်။သူတို့ကိုတော့ ငါမကူညီဘူး ၊ သူတို့ကို ကူညီလို့ကော ငါဘာထူးမှာလဲ။အော် မဟုတ်သေးပါဘူး။လူတွေမကောင်းလဲ ငါကောင်းရမယ်။ငါ့စေတနာငါ့ကို အကျိုးပေးလိမ့်မယ်။အင်း အကျိုးပေးတာတော့ ဟုတ်ပါပြီ။ငါက အရာရာကို ခွင့်လွှတ်ရအောင် ငါက ကိလေသာတဏှာကင်းစင်နေတဲ့ သူတော်ကောင်းမှ မဟုတ်တာ။ငါခွင့်လွှတ်နေလဲ သူတို့ငါ့ကို မကောင်းပြောမှာဘဲ။အော်ဘာဘဲပြောပြော ငါလူသားတွေကို ကူညီတာကောင်းပါတယ်။ငါသူတို့ဆီက ဘာမှမမျှော်လင့်ဘဲ ကူညီတာက အကောင်းဆုံးဖြစ်မှာပါ။ငါလိုချင်တာတစ်ခုတော့ရှိတယ် ၊ ငါကူညီလိုက်သလို သူတို့လည်း တစ်ခြားသူတွေကို ပြန်ကူညီရင် သိပ်ကောင်းမှာဘဲ။အဲလိုဆိုရင် ကမ္ဘာကြီးတစ်ခုလုံး တော်တော် အေးချမ်းသွားလိမ့်မယ်။ အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံ စဉ်းစားပြီး သွားတိုက်ခြင်းကိုအဆုံးသတ်လိုက်တယ်။မျက်နှာသစ်ပြီး အိမ်ခန်းထဲသို့ ၀င်ရောက်ကာ အ၀တ်အစားများလှဲလိုက်တယ်။အ၀တ်အစားလှဲပြီး ဘုရားရှိခိုး ၊ သတ္တ၀ါအားလုံးကျန်းမာဖို့ မေတ္တာပို့ခြင်းများ ဆောင်ရွက်လိုက်တယ်။ဘုရားရှိခိုးပြီး အ၀တ်အစားလုံလုံခြုံခြုံဝတ်ကာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရန် အိမ်အပြင်ထွက်ပြီး လမ်းလျှောက်ထွက်လာခဲ့တယ်။
မနက် ၆ နာရီလောက်ဖြစ်နေပြီဆိုတော့ အိမ်ရှေ့လမ်းမပေါ်ထွက်လိုက်တော့ လမ်းမီးတိုင်များ၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်ကိုတော့ မြင်နိုင်တဲ့ အနေအထားရောက်နေပြီပေါ့။လမ်းလျှောက်ပြီးထွက်လာလိုက်တာ နှင်းငွေ့လေးများက မျက်နှာကို ၀င်ရောက်ထိမှန်ကြပြန်တယ်။ “ အော် အေးလိုက်တာ” ၊ အိမ်ပြန်ရင်များကောင်းမလား ၊ ဘာလို့ပြန်မှာလဲ လေ့ကျင့်ခန်းအတွက်ထွက်လာတာဘဲ။ဒီလိုဘဲပြန်လည် အားတင်းရင်း ဆက်လျှောက်လာခဲ့တယ်။နှင်းတွေဝေနေတဲ့ မြင်ကွင်းအောက်မှ ခွေးကလေးများက ထဟောင်ပြန်တယ်။ “ အော် ဒီခွေးတွေ လာဟောင်နေတယ် ၊ အေးဆေးအိပ်ကြပါကွာ” ဆိုပြီး မောင်းထုတ်လိုက်တော့ သူတို့လည်း လမ်းရဲ့ တခြားဘက်ခြမ်းသို့ ကူးသွားကာ အပင်အောက်တွင် ပြန်လည် အိပ်နေကြတော့တယ်။အင်း သူတို့လည်း တော်တော်ချမ်းမှာဘဲ မြေကြီးကဒီလောက်အေးတာကို၊ သူတို့ရဲ့ ဘ၀ပေးကုသိုလ်ကံဆိုတော့လည်း သနားဖို့တော့ ကောင်းသား။ကျွန်တော်လည်း ဆက်လျှောက်လာရင်း တွေးမိတွေးရာ တွေးလာခဲ့ပါတော့တယ်။ကျွန်တော်က တဖြည်းဖြည်းလျှောက်လာခဲ့ရာ ပင်လယ်ကမ်းစပ်အနီးသို့ ရောက်လာခဲ့ပါတော့တယ်။ပင်လယ်ကမ်းခြေနားရောက်တော့ လေတွေကလည်း တိုက်လို့ ၊ လေတိုက်သံတွေနဲ့အတူ ပင်လယ်ကမ်းစပ်က လှိုင်းပုတ်သံတွေကလည်း တ၀ုန်း တ၀ုန်း။ပင်လယ်ကမ်းခြေက သဲသောင်ပြင်ပေါ်ခြေချလိုက်တော့ အိခနဲ အိခနဲ။သဲသောင်ပြင်ကနေ ကမ်းစပ်ဆီသို့ဆင်းလာခဲ့ပြီး ကမ်းခြေတစ်လျှောက် လမ်းလျှောက်လာခဲ့တယ်။
ကမ်းခြေမှာလည်း လူအများကြီး ၊ သူ့အုပ်စုနဲ့တူ တစ်ချို့ကလည်း အန်တီကြီးများအုပ်စု ၊ တစ်ချို့ကလည်း အန်ကယ်ကြီးတွေ ၊ တစ်ယောက်ချင်းလာတဲ့ သူတွေလည်းရှိတာပေါ့။အရွယ်ပေါင်းစုံပါဘဲ ပင်လယ်နားမှာ လမ်းလျှောက်သူတွေက လျှောက် ၊ ပြေးတဲ့သူတွေကပြေး။ကျွန်တော်ကတော့ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တာပေါ့။
ဟော ပြေးလာနေတဲ့ အရိပ်တစ်ခု ၊ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ။ “ဟိုး တော်တော်ဝတဲ့ အစ်ကိုကြီးဘဲ” အော် သူ့ခန္ဓာကိုယ်ကြီးနဲ့ ပြေးနေလိုက်တာ တော်တော်ပင်ပန်းမှာဘဲ ၊ သူ့အလေးချိန်ကလည်း နည်းတာမဟုတ် ၊ ကျွန်တော်ထပ်တွေးမိပြန်ပါတယ်။ဒီအစ်မကြီးလို ငါလည်းဝလာခဲ့ရင် ၊ အမယ်လေး ကြောက်လိုက်တာ သူ့လိုဝသွားရင် ငါဘာလုပ်နိုင်တော့မလဲ ၊ ဘုရား ဘုရား သူ့လိုတာ့ မဝပါရလို၏ ဘုရား။
သူ့ကိုကြည့်တာနဲ့တင် တော်တော်ပင်ပန်းနေပြီ။ငါသူ့လိုဝလို့ မဖြစ်သေးဘူး။ငါဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်သွားမယ် စိတ်ဆင်းရဲလိုက်တာ။ဟင် ဘာတွေစဉ်းစားနေတာပါလိမ့် သူတောင်မှ ဟိုမှာပြေးနေတာဘဲ ၊ သူလည်း သူတတ်နိုင်တာတွေကို ကြိုးစားပြီးလုပ်ကိုင်မှာပေါ့ လေးစားလောက်ပါတယ်ဗျာ။ကျွန်တော်လည်း ဆက်လျှောက်လာခဲ့ရာ နောက်တစ်နေရာမှာတော့ လူငယ်လေးတစ်ယောက် ကျွန်တော့ဘေးက ဖြတ်ပြေးသွားတာတွေ့လိုက်ရတယ်။ဟယ် ဒီကောင်လေး တော်တော်ပြေးနိုင်တာဘဲ။လေ့ကျင့်ခန်းလည်းတော်တော်လိုက်စားပုံရတယ်။သူ့ရဲ့ခန္ဓာကိုယ်အချိုးအစား အရပ်အမောင်း ယောက်ျားချင်းတောင် အားကျမိတဲ့ ကိုယ်တော်ချောဘဲ။
ငါလည်းသူ့လိုမျိုး ရုပ်ရည်သွင်ပြင် အရပ်အမောင်းရှိရင် သိပ်ကောင်းမှာဘဲ။အော် ဒါလည်း သူ့ရဲ့ရှေးဘ၀ ကုသိုလ်တွေပေါ့။ငါ့မှာလည်း ငါ့ကုသိုလ်နဲ့ငါ ရှိသင့်သလောက်နဲ့ ကျေနပ်ပေါ့ ဘာလို့ ပေါက်ကရတွေတွေးနေပါလိမ့်။ရှိတာလေးနဲ့ ရောင့်ရဲရမှာပေါ့။ထားလိုက်ပါတော့လေ ငါလမ်းထပ်လျှောက်ဦးမယ်ဆိုပြီး ဆက်လျှောက်ပြန်တယ်။ဟော ဦးလေးကြီးတစ်ယောက် မလှုပ်ချင်လှုပ်ချင်ဖြင့် ဖြေးဖြေးလေး ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်နေသည်မှာ ကြည့်ရတာတစ်မျိုးဘဲ။ဦးလေးကြီးကလည်း လုပ်လည်းမလုပ်တတ်ဘဲ ၊ ဘာတွေလုပ်နေမှန်းလည်းမသိ ၊ နည်းနည်းလေး သွက်သွက်လက်လက်လုပ်မှ အဆင်ပြေမှာပေါ့။အခုတော့ သူလုပ်နေတာက ပျင်းစရာကြီး။လက်တွေဆန့်နေတာကလည်း ဖြည်းဖြည်းချင်း ၊ ခြေတွေဆန့် ကွေးကုပ်လုပ်နေတာကလည်း အားမရလိုက်တာ။
အော် သူ့အသက်အရွယ်နဲ့ ဒီလောက်တော့ရှိမှာပေါ့။ဒီလောက် ဇွဲရှိရှိနဲ့ ကျန်းမာရေးလိုက်စားတာကိုက အားကျအတုယူစရာ။တော်လိုက်တာဦးလေးရာ လုံးဝမောပန်းတဲ့ အမူအယာမပြဘဲ အေးဆေးလုပ်နေတာ။ကျွန်တော်သာ ဦးလေးအရွယ်ဆိုလုပ်နိုင်ပါမလား ၊ အော် လူတွေကအမျိုးမျိုးအဖုံဖုံပါလားနော်။လူ့လောက တော်တော်ဆန်းကျယ်ပါလားနော်။ကျွန်တော်လည်း ရောက်မိရာရောက်ရာတွေးရင်း လမ်းဆက်လျှောက်နေပါတော့တယ်။အချိန်နည်းနည်းကြာလျှောက်ပြီးနောက် ကျွန်တော်လည်း ကျွန်တော်လုပ်တတ်သလောက် အကြောဖျော့ခြင်းများပြုလုပ်ပြီး အိမ်ကို ပြန်လာခဲ့ပါတော့တယ်။ပြန်လာရာ လမ်းတစ်လျှောက်လုံးတွင်လည်း အတွေးများစွာကို တွေးရင်း စိတ်ရဲ့သွားရာနောက်ကို လိုက်ပါနေရသလို ဒီလိုအတွေးများစွာထဲက ရုန်းထွက်လိုက်ပြီး Steemit မှ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒတစ်ခုပြုလိုက်ပါတယ်။
ဖတ်ရှုသူများအားလုံးကို အစဉ်ကျေးဇူးတင်လျှက်
Photos Images; #Credit Google
MSC No -128Writter @theinzawlin
voting 100% 0.097$ V n C Done . @thiha/poe
ကျေးဇူးပါဗျ ဆရာ poe family
ဖတ်လို့ကောင်းပါတယ်....thank for post
ကျေးးဇူးပါ အစ်မ
ဆန်းကြယ်သောလောကမှာ အမျိုးမျိုးကြုံလာရမှာပါ
ဟုတ်ကဲ့ပါ အစ်မ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်နေပါတယ်ဗျ
အရေးအသားလေးကြိုက်တယ်@thein
ကျေးဇူးပါဗျ အခုလိုအားပေးတဲ့အတွက်
အဓိက ကကျမ်းမာရေးဘဲဗျ
ကျန်းမားခြင်းသည် လာဘ်တစ်ပါးပေါ့ အစ်ကိုရယ်
Good idea
အတွေးအခေါ်ကောင်းသော အစ်ကို့ဆီက ဒီလိုစကားကြားရတော့ ဝမ်းသာတာပေါ့ဗျ
များများရေး များများတွေး good bro
တွေးမယ် ရေးမယ် အားပေးဦးနော် အစ်ကို
လွတ်လပ်စွာ တွေးပါ..
တွေးနိုင်မှ ရေးနိုင်မယ် အစ်ကိုရယ်
positive Thinking လေးတွေပေါ့
တွေးမိတာကို ရင်ဖွင့်ခြင်းပါဗျ
Good bro
thanks bro
အတွေ့အကြုံလေးတွေမျှဝေသွားသည်
ဟုတ်ကဲ့ပါ အစ်ကို
အရေးအသား good တယ် bro
ကျေးဇူးပါ ကိုထူး
ရေးသားချက်လေးတွေကို အတုယူမှတ်သားထားမိပါ၏
စိတ်ကူးအတွေးလေးတွေနှင့် တစ်ကိုယ်ရည်စကားပြောရေးသားချက်
ယခုလိုပဲနောက်ထက်ဆောင်းပါးတွေကိုလည်း ဖတ်ရှုချင်သေးပါကြောင်းပြောကြားရင်း(သူရ)
ဆက်လက်ရေးနေဦးမှာပါ ကိုသူရ
ခွန်အားဖြည့်ပေးနေမှာပါဗျာ(သူရ)
ကျမ်းမာချင်းသည်လဒ်တပါး
ဟုတ်ကဲ့ပါ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ ကိုတင့်
Ok ဖတ်ကောင်း
thanks bro
Good
thanks bro
Good
thanks bro
ဖတ်ရတာအရသာရှိပါတယ် အရမ်းကောင်းတယ်bro
ကျေးဇူးပါ ညီလေးရယ်
Nice post
thanks bro
အကိုရယ်လမ်းလျှောက်တာစိတ်ကြည်စိတ်လန်းအောင်လျှောက်တာဘာလို့အတွေးတွေဝင်နာလဲစိတ်လန်းကျန်းမာရေးကောင်းအောင်လျှောက်ပါတယ်ဆိုကာမှစိတ်ပန်းကျန်းမာရေးမကောင်းဖြစ်တော့မယ်😂😂😂
ဒီလိုဘဲ လျှောက်တွေးနေတယ်လေ အစ်ကိုရယ်
Good writing စာအရေးအသား အမှန်ဆုံးပဲ မ အာ့လို ရေးတတ်ချင်တယ်😁😁
အစ်မက အခုလို အားပေးတော့ အားတက်ရပါတယ်ဗျ
ရေးတာကောင်းတယ် ကျော်လည်းကောင်းဖို့တော့ကျင့်နေတယ် :)
ကျေးဇူးပါ ကိုနန်းထိုက်
ဖတ်ကောင်းတယ် အကို
ကျေးဇူးပါ ညီမ
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by theinzawlin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Upvote & Following!
ဆောင်းအိပ်မက်ပေါ့
ဟုတ်ကဲ့ပါ အစ်မ