အရင်နေ့တွေ အူအတက်ပေါက်တော့ စာမရေးဖြစ်ဘူးဖြစ်နေခဲ့တယ်။ အခုတော့ ကျနော့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Steemit ပေါ်သို့ ရောက်လာခြင်း အပိုင်း (၂) ကို တင်ဆက်ပါရစေ။ နောက်နေ့တွေကျရင်အူအတက် အကြောင်းလေးရေးပြီး တင်ဆက်ပါအုန်းမယ်။
လူတိုင်းငွေရှာချင်ကြတာမထူးဆန်းပါဘူး။ငွေက ဒုတိယဘုရားသခင်လိုဖြစ်နေခဲ့တာကိုး။ သူဌေးများအတွက်တော့ ငွေရှာဖို့အတွက် က ငွေရင်းလိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။ ကျနော့်တို့လို အောက်ခြေလူတန်းစားဘဝကတော့ အရင်းအနှီး အနည်းဆုံးနဲ့ တည်ရှိနေတဲ့အလုပ်ကလေးတွေကို ရှာဖွေရင်း ငွေရှာနေကြရတာပါ။ ကျနော်မှာ မိန်းမနဲ့ (၁၁) ပြည့်ပီဖြစ်တဲ့ သမီးလေးတစ်ယောက်ရှိပြီး လခစားတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဘက်ကအဖေ အမေရှိသလို ကျနော့်ဘက်မှာလဲ အဖေ အမေရှိပါတယ်။ လူပျိုတစ်ယောက်အတွက်တော့ အဖေ အမေက ကျွေးထားနိုင်ပေမယ့် အိမ်ထောင်သည်ဖြစ်လာတဲ့ အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရပြီလေ။ ဒီအကြောင်းအရာတွေကို အိမ်ထောင်သည်ဖြစ်လာတဲ့အခါ ပိုမိုနားလည်လာမှာပါ။ ဒီခေတ်ကြီးထဲမှာလည်း ပြေလည်ဖို့အတွက်တော့ မိန်းမကော ယောက်ကျားကောရှာဖွေမှ အဆင်ပြေမှာပါ။ ဝန်ထမ်းဘဝနဲ့ ကိုယ့်မိသားစုပေါ်မှာ ရှာဖွေကျွေးမွေးနေပေမယ့် ကိုယ့်သမီးလေးကြောင့် မိသားစုကျန်းမာရေးနဲ့ အထွေထွေစရိတ်တွေကြောင့် အရင်းအနှီးမဲ့တဲ့ အလုပ်လေးတွေကို ရှာဖွေခဲ့တာပါ။
ဒါပေမယ့် အများကြီးလဲ မျှော်လင့်မထားပါဘူး Online Money ဆိုတာ အရင်းအနှီးမလိုပေမယ့်လဲ ဇွဲ၊ လုံ့လ၊ ဝိရိယ အပြင် အခြား ပေးဆပ်မှု့  တွေရှိပါတယ်။ လွယ်လွယ်နဲ့ တော့ဘယ်အရာမှ မရပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုတော့ ပေးဆပ်ရမယ်လေ။ ပြီးတော့ ကျနော်တို့ မြန်မာတွေ Steemit ပေါ်မှာ အများအပြား ရှိပြီး ကြိုးစားနေကြတာလဲ ဒီလိုပေးဆပ်မှု့တွေနဲ့ပါ။ ဒီလိုပေးဆပ်ထားပြီး ရေးသားထားတဲ့ ဆောင်းပါးတွေ ကဗျာတွေ အစုံပေါ့ အဲ့ဒါတွေ အပေါ်မှာ ရရှိတဲ့ Vote တွေနဲ့Comment တွေ ဟာ နောက်ထပ်တစ်ပုဒ် ကို ဆက်ရေးသားဖို့ ဆက်လက်ဖန်တီးဖို့ အားဆေးတွေဖြစ်တယ်ဆိုတာကို စာရေးသားတဲ့ လူတိုင်းသိမှာပါ။ ဒီလိုရေးသားကြတယ် ဖန်တီးကြတဲ့အခါ ဒီလို အားဆေးတွေရှိနေသမျှ ဆက်လက်ဖန်တီးနေမယ် ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ကျနော်လဲ ကျနော်တက်နိုင်သလောက်လေးဖန်တီးပြီး ကြိုးစားထားတဲ့အရာတွေပေါ်မှာ ခံစားပေးပါအုန်း နားလည်ပေးပါအုန်း လို့ ကျနော်ပြောချင်ပါတယ်။
ပြီးတော့ ကျနော်ပိုကြို က်တာ ပိုရေးချင်တာကတော့ ကဗျာ ဖြစ်တယ်ဗျ။ ခံစားချက်တွေကို တိုတိုနဲ့ လိုရင်းကိုထိထိမိမိ ရေးသားပြီး စာဖတ်သူလဲ စာလုံးရေးများစွာဖတ်စရာမလိုဘဲ ခံစားမှု့ ကိုရစေချင်တယ်။ နောက်ပိုင်းတော့ အဲ့လိုကဗျာတွေတစ်လှည့် ဆောင်းပါးတစ်လှည့်ပေါ့ ရေးသားပါမယ်။ ကဗျာတွေက တိုတယ် ဆိုပေမယ့် တိုတိုနဲ့ ထိထိမိမိ ရေးသားဖို့ ရေးလိုက်ဖျက်လိုက် Editing ပေါင်းများစွာ ပြုလုပ်ပြီး ခံစားချက်နဲ့ ထပ်တူကျမှ Post တင်ဖြစ်တာပါ။ အချိန်တစ်ခုတော့ ပေးရတယ်လို့ပြောတာပါ။ ကဗျာတွေတွေ့ရင်လဲဖတ်ဖြစ်တယ်ဗျ။ ကိုယ့်ခံစားချက်နဲ့ ကြိုက်တာရှိသလို အရမ်းကောင်းရင်လဲ ကြိုက်တယ်ဗျ။
ဒီနေ့တော့ ကျနော့်ဘဝအကြောင်းတွေကိုဒီနေရာမှာ ခဏလောက်ရပ်နားပါရစေ။ လူတစ်ယောက်ရဲ့ ဘဝအကြောင်းတွေဆိုတာကတော့ ရေးလို့မကုန်ဘူးလေ။ နောက်ပိုင်းလဲ ကိုယ့်အကြောင်းတွေ ပြောချင်နေတာတွေရှိရင် အပိုင်းလေးနဲ့ တင်ဆက်ပါရစေ။ အားလုံး ရွှင်လန်းချမ်းမြေ့ပြီး အောင်မြင်တဲ့နေ့သစ်တွေကို Myanmar Steemit User တွေ အတူတကွရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဖတ်ရူ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
RSM-13
Credit Image: Google
Author:Shwe Aung Khant
Myanmar Steemit
@zayyarwin
fighting Bro
Thanks
အားပေးနေပါတယ် အစ်ကို
Thanks
Steemit မှာ အောင်မြင်ပါစေအစ်ကိုရေ ။ အားပေးနေမယ်။ 👍👍👍
အရေးသားကောင်းတယ်Bro
ကြိုးစားထားပါ BOR
အောင်မြင်ပါစေ bro